Posts

Showing posts from May, 2025
  tiktok ကအခုအားလုံးပိုသုံးဖြစ်တဲ့နောက်မှာ tiktok ရဲ့ trend နောက်လိုက်တဲ့နေရာမှာအရမ်းပါးနပ်ဖို့လိုတယ်နော်။တတ်လာသမျှ viral ဖြစ်သမျှကသူတို့သုံးပြနေသလိုကောင်းပြီးသက်သာတာမျိုးမဟုတ်တာကများတယ်။ တခြားဟာတွေအသာထား ဥပမာဆို acne-prone skin တွေ trouble skin အတွက် target ထားတဲ့ product ကို clear skin တွေ clinic ကိုရှယ်သွားထားတဲ့ flawless skin တွေပေါ်မှာသုံးပြပြီးဝိုးဝါးဝူးတွေဖြစ်နေတာသာကြည့်။  tiktok မှာကတကယ်ကိုအင် review တွေနဲ့ဈေးရောင်းရဖို့ပဲ marketing အနေနဲ့ဇွတ် push နေတာတွေအရမ်းပေါတယ်။ဒါကဝေးဝေးပြေးကြည့်စရာမလိုဘူး mlm တွေ tiktok မှာအခြေချလို့ရတာကြည့်ရင်ကိုရပြီ။ ဆိုတော့အခုလိုကာလမှာတစ်ခုခုအဝယ်မှားပြီးအဆင်မပြေရင်စိတ်ပိုထိခိုက်ရတယ်။ဒါကြောင့်ဘာပဲဝယ်ဖို့စဉ်းစားစဉ်းစား စာတွေသေချာရှာဖတ်ပြီးကိုယ်နဲ့အဆင်ပြေနိုင်မပြေနိုင်သေချာစဉ်းစားဆုံးဖြတ်ပြီးမှပဲဝယ်စေချင်ပါတယ်။ #dansdiary #dansknowledgentips
  ကောင်းတဲ့ပစ္စည်းတွေကိုပဲစနစ်တကျသုံးနေပေမယ့် skin care လုပ်တာလည်းအဆင်မပြေ၊ hair care လုပ်တာလည်းအဆင်မပြေ၊ body care လုပ်တာလည်းအဆင်မပြေဘူးဆိုသတိမထားမိကြတဲ့ပြသာနာက ရေ ဖြစ်နိုင်ပါတယ်။ တော်တော်များများသတိမထားမိကြပေမယ့်ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ရေက skin care, hair care, body care နဲ့ oral care လုပ်တဲ့နေရာမှာအရမ်းအရေးကြီးပါတယ်။ ခရီးသွားလို့ staycation သွားလို့သုံးနေကြရေပြောင်းလိုက်လို့ breakout ဖြစ်ကြတာမျိုးတော့လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ဒါမျိုးကရေပြောင်းတာမမဟုတ်ပဲကိုယ့်အိမ်ကရေကမကောင်းရင်ခန္ဓာကိုယ်ကိုထိန်းသိမ်းတဲ့ step တွေအမျာားစုကအဆင်မပြေပါဘူး။ ဥပမာဆိုရေကမသန့်တာထုံးဓာတ်များတာတို့ဆိုလူအတွက်မကောင်းသလိုဇွန်းတွေခွက်တွေသံချေးတတ်လွယ်တာမျိုး၊ရေကကြည်ကြည်လင်လင်မဟုတ်ပဲနောက်နေတာမျိုး၊ရေကငန်နေတာမျိုး၊ဆပ်ပြာပါတဲ့ product တွေသုံးရင်တော်တော်နဲ့ရေဆေးချလို့မပြောင်တာမျိုးစတဲ့သိသာတဲ့ sign တွေမြင်ရလေ့ရှိပါတယ်။ ဆိုတော့ကိုယ်ကရေပြသာနာကြောင့် breakout ဖြစ်တာ၊ရေကြောင့် hair care လုပ်ရတာအဆင်မပြေပဲဆံပင်တွေကျွတ်တာ၊သွားတွေဂျေးတတ်သလိုညစ်တာ၊ရေချိုးမျက်နှာသစ်တဲ့အခါဆပ်ပြာတွေကတော်တော်နဲ့မပြောင်ပဲချွဲကျိပြီးဆေးချရခတ်တာအပ...
  gluta တွေ collagen တွေကပါတဲ့ mg ပမာဏများတိုင်းထိရောက်တာမျိုးကောင်းတာမျိုးမဟုတ်ဘူးနော်။ ထိရောက်ပြီးသိသာဖို့ဆိုတာပါတဲ့ gluta နဲ့ collagen တွေရဲ့ molecule size (Da) တွေ, formulation တွေ, ထုတ်တဲ့နေရာတွေ, branding တွေကအရေးကြီးတာပါ။ gluta / collagen က 100mg ပဲပါတယ်ဖြစ်နေပါစေဦးတော့ molecule size သေးတယ်, formulation ကောင်းတယ်, ထုတ်တဲ့နေရာကအရမ်းကိုခေတ်မှီပြီးယုံကြည်ရတယ်, brand ကလည်း branding ကောင်းတယ်ဆိုသောက်လိုက်တဲ့ပမာဏက 100mg လောက်နည်းနည်းလေးပဲဖြစ်နေပါစေခန္ဓာကိုယ်က 100mg နီးနီးစလုံးကိုစုပ်ယူနိုင်လိုက်တဲ့အခါသောက်ရကျိုးနပ်ပါတယ်။ 100000mg လောက်ပမာဏအများကြီးပါပေမယ့်ပမာဏများတဲ့အမြင်ပဲရှိပြီးခန္ဓာကိုယ်ကစုပ်ယူနိုင်တဲ့အနေအထားမျိုးမဟုတ်ရင်သေးနဲ့ချီးပဲဖြစ်သွားမှာဖြစ်ပြီးပိုက်ဆံလည်းကုန်ထိလည်းမထိရောက်တဲ့အပြင်ကျောက်ကပ်ကိုပါအဆမတန်ထိခိုက်မှာပါ။ ဒါကြောင့် supplement တွေဝယ်သောက်တဲ့အခါကြေညာတဲ့သူတွေဘယ်သူပဲဖြစ်ပါစေ၊ကြေညာတဲ့ပုံစံကဘယ်လိုပဲဖြစ်ပါစေ အပြင်ပန်းပုံစံတွေကိုပဲကြည့်ဝယ်တာမျိုးမလုပ်ပဲဲကိုယ်တိုင်သေချာလေ့လာပြီးမှသောက်ပါ။ပိုက်ဆံပေးပြီးဝေဒနာဝယ်သလိုမဖြစ်ပါစေနဲ့။ #dansdiary #danssupplements #dansknowledgent...
  သနပ်ခါးကမြန်မာဆိုတဲ့ပြယုဂ်ကိုမြင်သာစေပေမယ့်တကယ်တမ်းကျနေ့စဉ်လိမ်းဖို့သိပ်မသင့်တော်ပါဘူး။ သနပ်ခါးကအဆီနဲ့ရေဓာတ်ကိုစုပ်ယူတဲ့အပြင်ချွေးပေါက်ကိုဖုံးထားတာဖြစ်လို့အရေးအကြောင်းဖြစ်လွယ်တာ၊ဝက်ခြံထွက်လွယ်တာ၊အသားအရေမွဲခြောက်တာမျိုးတွေဖြစ်တတ်ပါတယ်။တော်တော်များများလည်းလက်တွေ့မှာဖြစ်ကိုဖြစ်ကြတာပါ။ ဒါကြောင့်ကိုယ်ကသနပ်ခါးကြိုက်တယ်ဆိုရင်တောင်ရံဖန်ရံခါလိမ်းတာနဲ့ sunscreen အပြီးပါးကွက်လေးပဲကွက်တာမျိုးကပိုအဆင်ပြေပါတယ်။ နောက်ပြီးသနပ်ခါးကအေးရတဲ့အကြောင်းအရင်းကရေနဲ့သွေးလိမ်းရတာလို့အပူပိုင်းဒေသများတဲ့မြန်မာနိုင်ငံအတွက်လိမ်းလိုက်ရင်အေးမြသွားတာဖြစ်ပြီးအသားပေါ်မှာ paste အလွှာလေးတစ်ခုအနေနဲ့ရှိနေတာကြောင့်သာနေလောင်ကာတယ်ထင်ရပြန်တာပါ။ တကယ်တော့နေကိုအပြည့်အဝမကာပေးနိုင်လို့တင်းတိပ်မှဲ့ခြောက်အမဲစက်နဲ့အရေးအကြောင်းတွေဖြစ်လွယ်ပါတယ်။ဒါကြောင့်ဒီလိုမျိုး skin problems တွေမဖြစ်အောင်နဲ့ဒီထက်ပိုဆိုးတဲ့ skin disease တွေမဖြစ်လွယ်အောင်နေကာဖို့အတွက် sunscreen ကိုပုံမှန်သေချာပမာဏပြည့်ပြည့်ဝဝလိမ်းခြင်းကအသင့်တော်ဆုံးပါ။ #dansdiary #dansthanakha #dansknowledgentips
  spf 50+ pa++++ တွေပါတိုင်း sunscreen လို့ပုံသေသတ်မှတ်လို့မရဘူးနော်။ bb cream တို့ cc cream တို့ foundation တွေ powder pact တွေမှာဆို spf 50+ pa++++ တွေပါတာသိကြမှာပါ။ဒီနေရာမှာ spf 50+ pa++++ တွေပါတယ်ဆိုပြီး sunscreen ကို skip လိုက်လို့မရပါဘူး။  colour cosmetic တွေကိုကဘယ်သူမှလက်နှစ်ချောင်းအပြည့်မလိမ်းကြပါဘူး။ဒါကြောင့်သူတို့မှာပါတဲ့ spf တွေကပြည့်တယ်ဆိုဦးတော့မျက်နှာကိုသူ့တို့ချည်းပဲလိမ်းတယ်ဆိုနေမကာလို့ sun burn ပါမယ်။နောက်ပြီးအများစုက spf လည်းမပြည့်ကြပါဘူး။ #dansdiary #dansuvprotection #danssunscreen #dansknowledgentips
  အသားဖြူဖို့အသားကြည်ဖို့အသားညီဖို့ဆို body care လုပ်တဲ့နေရာမှာပစ္စည်းသုံးမျိုးပဲအဓိကလိုပါတယ်။ no.1 ကတော့မဖြစ်မနေလိမ်းကိုလိမ်းသင့်တဲ့ spf lotion ပါ။ spf lotion မလိမ်းရင်ဘာ supplement သောက်သောက်၊ဘာ lotion လိမ်းလိမ်း၊ ဘယ်လောက်ပဲ scrub တိုက်တိုက်ဘာမှမထူးပါဘူး။ဒါကြောင့်ဒါက လုံးဝ essential step ပါ။ no.2 ကတော့ spf နဲ့ uv မပါတဲ့ကိုယ်ကြိုက်တဲ့ texture နဲ့အနံ့ရှိတဲ့နေ့တိုင်းစွဲစွဲမြဲမြဲမပျင်းမရိလိမ်းဖြစ်မယ့် lotion ကောင်းကောင်းလေးတစ်ခုပါ။ဒါလိုမှသာပုံမှန်လိမ်းဖြစ်ပြီးအသားလေးကစိုစိုပြေပြေနဲ့ကြည်လင်နေမှာပါ။ no.3 ကတော့ optional step ဖြစ်တဲ့ scrub (သို့) body exfoliator တွေပါ။ဆဲလ်သေနဲ့အညစ်အကြေးတွေဖယ်ပေးပြီးအမာရွတ်အမဲစက်လေးတွေသက်သာစေတဲ့အပြင်အသားအရေကိုပိုပြီးနူးညံ့ချောမွေ့လာစေလို့လိမ်းတဲ့ lotion ရဲ့အာနိကိုလည်းပိုရစေတယ်။သို့သော်အသုံးမတတ်ရင်တော့ skin tone ပိုကျတတ်ပါတယ်။ အပေါ်ကသုံးမျိုးနဲ့တွဲဖက်လို့အကောင်းဆုံးကတော့ supplement တွေပါ။ gluta, vitamin c, collagen, etc... တို့တွေနဲ့တွဲရင် result ကပိုပြီးမြန်မြန်သိသာပါတယ်။ #dansdiary #dansbodycare #dansknowledgentips
  အဆီဖု ဆားဝက်ခြံနဲ့ နာတဲ့ဝက်ခြံတွေအရမ်းထွက်လွယ်ရင် essential oil ပါတာများတာတွေရှောင်ပါ၊ silicone ပါတာအရမ်းများတာတွေရှောင်ပါ၊ wax များတဲ့ texture ထူထူပျစ်ပျစ်ကြီးတွေကိုရှောင်ပါ၊ formulation မကောင်းတဲ့အပေါစားတံဆိပ်ကပစ္စည်းတွေကိုရှောင်ပါ။ skincare product တွေကိုပြီးပြီးရောတွေ့ကရာအလွယ်ဝယ်မလိမ်းပါနဲ့။တစ်ခုခုဝယ်မယ်ဆို detailed review လေးတွေကိုရိုက်ရှာပြီးအရင်သေချာဖတ်ပါ။အင်တာနက်ခေတ်မလို့ရိုက်ရှာလိုက်တာနဲ့အကုန်ကျလာပါတယ်။ဖတ်ရုံပါပဲ။ တစ်ခုရှိတာကစိတ်ချယုံကြည်ရတဲ့နေရာကစာတွေကိုပဲဖတ်ပါ။လိုင်းပေါ်မှာကလည်းရောင်းချင်လို့သုံးလည်းမသုံးဘူးပဲဘာလာလာကောင်းတဲ့ဈေးသည်ဆိုးတွေနဲ့ဘာလာလာကောင်းတဲ့သူတွေအများကြီးရှိလို့ပါ။ အပျင်းတစ်ပြီးရှာဖွေဖတ်တာမျိုးမလုပ်ရင်တော့မိအေးနှစ်ခါနာမကဖြစ်တတ်ပါတယ်။ပိုက်ဆံလည်းကုန်၊ဝယ်တဲ့ပစ္စည်းလည်းဆုံး၊မျက်နှာလည်းပျက်ဆီး၊အခန့်မသင့်ရင်ဆေးခန်းပြရ၊နဂိုအသားအရေပြန်ရဖို့လည်းမလွယ်တွေဖြစ်တတ်ပါတယ်။ စာဖတ်ခြင်းကပိုက်ဆံအပိုမကုန်ပဲထိရောက်တာကြောင့်ဂျင်းအန္တရာယ်တွေကနေကင်းဝေးပြီးကျန်းမာစိုပြေလှပတဲ့အသားအရေလေးတွေမြန်မြန်ရကြမှာပါ။ဒါကြောင့်ဘာပဲဝယ်ဝယ်စာရှာဖတ်တဲ့အလေ့အကျင့်ကိုလုပ်ပါ။ #dansdiary #dansknowledgen...
Image
  sunscreen ကိုမှန်မှန်ကန်ကန်လူးနည်း✅ #dansdiary #danssunscreen #dansuvprotection #dansknowledgentips
  skincare ကို ingredient တွေနဲ့ရွေးဝယ်တဲ့အခါဒီသုံးမျိုးကိုသိကိုသိထားဖို့လိုပါတယ်။ skincare တွေမှာ ingredient ကိုသုံးမျိုးသုံးစားအနေနဲ့ဖော်ပြကြပါတယ်။ပထမက main ingredient, ဒုတိယက concept ingredient, တတိယက marketing ingredient ဆိုပြီးရှိပါတယ်။ main ingredient ---------------- main ingredient ဆိုတာကတော့ပစ္စည်းတစ်ခုမှာအဲဒီပါဝင်ပစ္စည်းတစ်ခုကိုပဲအဓိကအခြေခံပြီးဘေးကအနည်းငယ်နဲ့ရံထားတာမျိုးကိုခေါ်ပါတယ်။ဒီဘက်ခေတ်အခေါ်အရဆိုပိုပြီး clean beauty ဖက်သွားတယ်ပေါ့။ ဥပမာဆို anua ရဲ့ heartleaf toner လိုမျိုး main ingredient ကိုပမာဏများများသုံးတာမျိုးပါ။တစ်ချို့ကျလည်းအစကပြောခဲ့သလိုအရမ်းအများကြီးမသုံးပေမယ့်အဲတာကိုပဲအဓိကထားပြီးထုတ်ကြတယ်ပေါ့။ဒါမျိုး format နဲ့သွားတဲ့ပစ္စည်းတွေကသုံးလို့အရမ်းကောင်းသလိုထိရောက်မှုလည်းပိုရှိပါတယ်။ concept ingredient  ----------------–-- concept ingredient ကတော့သူမတူအောင် unique ဖြစ်အောင်ထည့်သုံးကြတာမျိုးများပါတယ်။ဘယ်သူမှသိပ်မသုံးသေးတဲ့ extract တွေကို 1%-5% ​above လောက်ထည့်ပြီးအဓိကသွားချင်တဲ့အာနိသင် ingredient တွေနဲ့ထုတ်တာမျိုးများတယ်။ဥပမာဆို isntree ရဲ့ chestnut series လိ...
  skincare ingredient တွေမှာ popular မဖြစ်သေးပေမယ့်ထိရောက်မှုအရမ်းရှိတဲ့ acid ingredient သုံးမျိုးရှိပါတယ်။နည်းနည်းချင်းတော့ဒီ ingredient တွေကိုအခြေခံပြီး brand တွေကစပြီးတော့တော့ထုတ်နေကြပေမယ့်ထင်သလောက်တော့ခရီးမရောက်သေးပါဘူး။ ဘာတွေလဲဆိုရင်တော့ azelaic acid, kojic acid နဲ့ tranexamic acid ဆိုတဲ့သုံးမျိုးပါပဲ။ဒီသုံးမျိုးစလုံးက mechanism of action ကတူသလိုရှိပေမယ့်နည်းနည်းတော့ကွဲကြပါတယ်။ ဒီသုံးမျိုးပါတဲ့ product တွေကဒီမှာရှားနေသေးပေမယ့်လာမယ့်နှစ်တွေမှာပိုပြီး viral ဖြစ်လာနိုင်လို့ဒီသုံးမျိုးနဲ့ပက်သက်ပြီးနည်းနည်းလေးပြောပြချင်ပါတယ်။ viral ဖြစ်လာရင်လည်း dd ကရီဒါတွေကြိုသိထားပြီးသားမလို့ brand ကောင်းရင် formulation ကောင်းရင်သုံးရုံပဲပေါ့။ 1• azelaic acid သုံးမျိုးထဲမှာ acne-prone တို့အတွက် all-rounder ဖြစ်တဲ့ acid ပါ။သူပါတဲ့ skincare တွေကအတော်လည်းမရှိသလောက်ရှားပါတယ်။သူက propionibacterium acne ဆိုတဲ့တော်တော်များများပေါက်တတ်ကြတဲ့နာတဲ့ဝက်ခြံရဲ့နီရဲယောင်ယမ်းတာသက်သာစေတဲ့အပြင် pore clogged ဖြစ်တာသက်သာပြီး skin ကို smooth & bright ဖြစ်စေတယ်။ hyperpigmentation တွေကိုလည်းသက်သာစေတာမလို့ဝက်ခြံဖြစ်ပ...
  ဝက်ခြံပေါက်တဲ့နေရာတွေပေါ်မူတည်ပြီးကိုယ့်ရဲ့ lifestyle နဲ့ဘာကြောင့်ပေါက်နေတယ်ဆိုတာအကြမ်းဖျင်းခန့်မှန်းလို့ရနိုင်ပါတယ်။ 1• နဖူး နှင့် နှာခေါင်း ------------------ စိတ်ဖိစီးမှုများခြင်း၊ဆံသားနဲ့ဦးရေပြားမကျန်းမာခြင်း၊ hair care product များ​၏ residue များကျန်ခြင်း၊မသန့်ရှင်းသောလက်ဖြင့်ကိုယ်တွယ်ခြင်း၊မျက်မှန်မသန့်ခြင်း၊စားသောက်နည်းစနစ်မမှန်ကန်ခြင်း၊နှလုံးမကျန်းမာခြင်း၊ cholesterol ပမာဏလွန်ကဲနေခြင်း၊အိပ်ရေးဝအောင်မအိပ်ခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။ 2• မျက်ခုံးနှစ်ခုကြား ------------------- hair care product များ​၏ residue များကျန်ခြင်း၊ eye makeup အကြွင်းအကျန်တွေကျန်ခြင်း၊ eye cream နှင့်အဆင်မပြေခြင်း၊ ingrown hair ဖြစ်ခြင်း၊ရေသောက်နည်းခြင်း၊သည်းခြေအိတ်မကောင်းခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။ 3• ပါးနှစ်ဖက် ------------ ခေါင်းအုံးစွပ်ဖက်လုံးစွပ်နဲ့စောင်တို့အားခေါင်းလျှော်သည့်ရက်သုံးရက်တစ်ကြိမ်တွင်ပုံမှန်မလဲခြင်း၊လက်ကိုင်ဖုန်းအားပိုးသတ်မသန့်စင်ခြင်း၊မသန့်ရှင်းသောလက်ဖြင့်မျက်နှာအားကိုင်တွယ်ကု...
  ခွဲရောင်းတဲ့ဟာတွေဝယ်သုံးကြပြီး breakout တွေဖြစ်၊အာနိသင်တွေမသိရမှ skincare product တွေကိုဘာဖြစ်တယ်ညာဖြစ်တယ်အပြစ်မဖို့ကြနဲ့နော်။ ခွဲရောင်းတာတွေကိုဝယ်သုံးတဲ့အခါ- 1• contamination : စက်ရုံကနေလိုပိုးသတ်သန့်စင်ထားတဲ့ process တွေမရှိလို့မသန့်ရှင်းတာကြောင့် bacteria တွေ fungi တွေပေါက်ဖွားတာ။ 2• material compatibility : နဂိုမူလဘူးနဲ့အရည်ကိုအပူအအေးလေထုနဲ့ချိန်ဆထားမျိုးမရှိတော့တာကြောင့်အာနိသင်တွေပြောင်းလဲတာ။  3• preservatives disruption : အချိန်အတိုင်းအတာတစ်ခုအထိတာရှည်ခံအောင်ထည့်ထားတဲ့တာရှည်ခံတွေကပြိုကွဲကုန်ပြီးတာရှည်ခံအောင်မလုပ်ပေးနိုင်တော့တာ။ 4•    product stability : ဘူးနဲ့အရည်ကြားမှာပြောင်းလဲမှုတွေကြောင့်ပစ္စည်းရဲ့ fomulation ပျက်စီးကုန်ပြီးပစ္စည်းရဲ့ရှိသင့်တဲ့အာနိသင်မရှိတော့တာနဲ့ breakout ဖြစ်နိုင်တာ။ 5• air exposure : oxidized ဖြစ်ပြီးအာနိသင်တွေပြောင်းလဲကုန်တာ။ 6• light exposure : အလင်းရောင်တွေကြောင့်အာနိသင်တွေပြောင်းလဲကုန်တာ။ 7• loss of product information : ပစ္စည်းရဲ့ဆောင်ရန်ရှောင်ရန်သုံးနည်းတွေပါဝင်ပစ္စည်း list မပါတော့လို့အဆင်မပြေနိုင်ချေပိုမြင့်တာ။ စတဲ့စတဲ့အချက်တွေအ...