သနပ်ခါးကမြန်မာဆိုတဲ့ပြယုဂ်ကိုမြင်သာစေပေမယ့်တကယ်တမ်းကျနေ့စဉ်လိမ်းဖို့သိပ်မသင့်တော်ပါဘူး။
သနပ်ခါးကအဆီနဲ့ရေဓာတ်ကိုစုပ်ယူတဲ့အပြင်ချွေးပေါက်ကိုဖုံးထားတာဖြစ်လို့အရေးအကြောင်းဖြစ်လွယ်တာ၊ဝက်ခြံထွက်လွယ်တာ၊အသားအရေမွဲခြောက်တာမျိုးတွေဖြစ်တတ်ပါတယ်။တော်တော်များများလည်းလက်တွေ့မှာဖြစ်ကိုဖြစ်ကြတာပါ။
ဒါကြောင့်ကိုယ်ကသနပ်ခါးကြိုက်တယ်ဆိုရင်တောင်ရံဖန်ရံခါလိမ်းတာနဲ့ sunscreen အပြီးပါးကွက်လေးပဲကွက်တာမျိုးကပိုအဆင်ပြေပါတယ်။
နောက်ပြီးသနပ်ခါးကအေးရတဲ့အကြောင်းအရင်းကရေနဲ့သွေးလိမ်းရတာလို့အပူပိုင်းဒေသများတဲ့မြန်မာနိုင်ငံအတွက်လိမ်းလိုက်ရင်အေးမြသွားတာဖြစ်ပြီးအသားပေါ်မှာ paste အလွှာလေးတစ်ခုအနေနဲ့ရှိနေတာကြောင့်သာနေလောင်ကာတယ်ထင်ရပြန်တာပါ။
တကယ်တော့နေကိုအပြည့်အဝမကာပေးနိုင်လို့တင်းတိပ်မှဲ့ခြောက်အမဲစက်နဲ့အရေးအကြောင်းတွေဖြစ်လွယ်ပါတယ်။ဒါကြောင့်ဒီလိုမျိုး skin problems တွေမဖြစ်အောင်နဲ့ဒီထက်ပိုဆိုးတဲ့ skin disease တွေမဖြစ်လွယ်အောင်နေကာဖို့အတွက် sunscreen ကိုပုံမှန်သေချာပမာဏပြည့်ပြည့်ဝဝလိမ်းခြင်းကအသင့်တော်ဆုံးပါ။
#dansdiary #dansthanakha #dansknowledgentips
Comments
Post a Comment