အဆီဖု ဆားဝက်ခြံနဲ့ နာတဲ့ဝက်ခြံတွေအရမ်းထွက်လွယ်ရင် essential oil ပါတာများတာတွေရှောင်ပါ၊ silicone ပါတာအရမ်းများတာတွေရှောင်ပါ၊ wax များတဲ့ texture ထူထူပျစ်ပျစ်ကြီးတွေကိုရှောင်ပါ၊ formulation မကောင်းတဲ့အပေါစားတံဆိပ်ကပစ္စည်းတွေကိုရှောင်ပါ။


skincare product တွေကိုပြီးပြီးရောတွေ့ကရာအလွယ်ဝယ်မလိမ်းပါနဲ့။တစ်ခုခုဝယ်မယ်ဆို detailed review လေးတွေကိုရိုက်ရှာပြီးအရင်သေချာဖတ်ပါ။အင်တာနက်ခေတ်မလို့ရိုက်ရှာလိုက်တာနဲ့အကုန်ကျလာပါတယ်။ဖတ်ရုံပါပဲ။


တစ်ခုရှိတာကစိတ်ချယုံကြည်ရတဲ့နေရာကစာတွေကိုပဲဖတ်ပါ။လိုင်းပေါ်မှာကလည်းရောင်းချင်လို့သုံးလည်းမသုံးဘူးပဲဘာလာလာကောင်းတဲ့ဈေးသည်ဆိုးတွေနဲ့ဘာလာလာကောင်းတဲ့သူတွေအများကြီးရှိလို့ပါ။


အပျင်းတစ်ပြီးရှာဖွေဖတ်တာမျိုးမလုပ်ရင်တော့မိအေးနှစ်ခါနာမကဖြစ်တတ်ပါတယ်။ပိုက်ဆံလည်းကုန်၊ဝယ်တဲ့ပစ္စည်းလည်းဆုံး၊မျက်နှာလည်းပျက်ဆီး၊အခန့်မသင့်ရင်ဆေးခန်းပြရ၊နဂိုအသားအရေပြန်ရဖို့လည်းမလွယ်တွေဖြစ်တတ်ပါတယ်။


စာဖတ်ခြင်းကပိုက်ဆံအပိုမကုန်ပဲထိရောက်တာကြောင့်ဂျင်းအန္တရာယ်တွေကနေကင်းဝေးပြီးကျန်းမာစိုပြေလှပတဲ့အသားအရေလေးတွေမြန်မြန်ရကြမှာပါ။ဒါကြောင့်ဘာပဲဝယ်ဝယ်စာရှာဖတ်တဲ့အလေ့အကျင့်ကိုလုပ်ပါ။


#dansdiary #dansknowledgentips

Comments

Popular posts from this blog

dan's reject products