ဝက်ခြံပေါက်တဲ့နေရာတွေပေါ်မူတည်ပြီးကိုယ့်ရဲ့ lifestyle နဲ့ဘာကြောင့်ပေါက်နေတယ်ဆိုတာအကြမ်းဖျင်းခန့်မှန်းလို့ရနိုင်ပါတယ်။
1• နဖူး နှင့် နှာခေါင်း
------------------
စိတ်ဖိစီးမှုများခြင်း၊ဆံသားနဲ့ဦးရေပြားမကျန်းမာခြင်း၊ hair care product များ၏ residue များကျန်ခြင်း၊မသန့်ရှင်းသောလက်ဖြင့်ကိုယ်တွယ်ခြင်း၊မျက်မှန်မသန့်ခြင်း၊စားသောက်နည်းစနစ်မမှန်ကန်ခြင်း၊နှလုံးမကျန်းမာခြင်း၊ cholesterol ပမာဏလွန်ကဲနေခြင်း၊အိပ်ရေးဝအောင်မအိပ်ခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
2• မျက်ခုံးနှစ်ခုကြား
-------------------
hair care product များ၏ residue များကျန်ခြင်း၊ eye makeup အကြွင်းအကျန်တွေကျန်ခြင်း၊ eye cream နှင့်အဆင်မပြေခြင်း၊ ingrown hair ဖြစ်ခြင်း၊ရေသောက်နည်းခြင်း၊သည်းခြေအိတ်မကောင်းခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
3• ပါးနှစ်ဖက်
------------
ခေါင်းအုံးစွပ်ဖက်လုံးစွပ်နဲ့စောင်တို့အားခေါင်းလျှော်သည့်ရက်သုံးရက်တစ်ကြိမ်တွင်ပုံမှန်မလဲခြင်း၊လက်ကိုင်ဖုန်းအားပိုးသတ်မသန့်စင်ခြင်း၊မသန့်ရှင်းသောလက်ဖြင့်မျက်နှာအားကိုင်တွယ်ကုတ်ဖဲ့ခြင်း၊မိတ်ကပ်လိမ်းသောပစ္စည်းများမသန့်ရှင်းခြင်း၊မျက်နှာသုတ်ပဝါကိုကြာမြင့်စွာအသုံးပြုခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
4• နားရွက်
----------
စိတ်ဖိစီးမှုများခြင်း၊ hormone imbalance ဖြစ်ခြင်း၊ဘက်တီးရီယားများစုနေခြင်း၊ hair care product residue တွေကျန်ခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
5• မေးရိုးနှင့်မေးစေ့
------------------
ဟော်မုန်းမညီမမျှဖြစ်ခြင်း၊အစားအသောက်နည်းစနစ်မမှန်ကန်ခြင်း၊ရာသီချိန်နီးခြင်း၊ကိုယ်ဝန်ဆောင်နေခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
6• နားထင်
----------
ဆံသားနှင့်ဦးရေပြားမကျန်းမာခြင်း၊ haircare product များ၏ residue ကျန်ခြင်း၊ haircare များနှင့်မတည့်ခြင်း၊ eye makeup အကြွင်းအကျန်များမပြောင်စင်ခြင်း၊မျက်ခုံးကို cleansing ထည့်မလုပ်ခြင်း၊ခေါင်းပုံမှန်မလျှော်ခြင်း စတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
7• နှုတ်ခမ်းတစ်ဝိုက်
-------------------
lip care product တွေနဲ့မတည့်ခြင်း၊အပူအစပ်များလွန်ကဲစွာစားသောက်ခြင်း၊သွားတိုက်ဆေးနှင့်မတည့်ခြင်း၊ skincare product များနှင့်မတည့်ခြင်း၊အချိုလွန်ကဲစွာစားခြင်း၊ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းစတဲ့စတဲ့အကြောင်းအရာတွေကြောင့်အဖြစ်များလို့ဒါတွေကိုဆင်ခြင်ပြင်ဆင်ကုသကြည့်ပါ။
စာကြွင်း - အထက်ပါအချက်အလက်များသည်အကြမ်းဖျဉ်းသာဖြစ်ပြီးအသုံးပြုနေသော skincare များနှင့်မကိုက်ညီခြင်းမတည့်ခြင်း၊အချိုအငန်အစပ်ဆီကြော် junk food များနှင့်နို့ထွက်ပစ္စည်းများလွန်ကဲစွာစားခြင်း၊ daily lifestyle ချို့ယွင်းနေခြင်းနဲ့အမျိုးသမီးအင်္ဂါနှင့်ပက်သက်တာတစ်ခုခုဖြစ်နေခြင်းကဲ့သို့သောတခြားအကြောင်းများကြောင့်လည်းမျက်နှာအနှံ့ breakout ဖြစ်တာနှင့်အခြေအနေပိုဆိုးတာမျိုးဖြစ်နိုင်ပါတယ်။
#dansdiary #dansacnemap #dansknowledgentips
Comments
Post a Comment