tiktok ကအခုအားလုံးပိုသုံးဖြစ်တဲ့နောက်မှာ tiktok ရဲ့ trend နောက်လိုက်တဲ့နေရာမှာအရမ်းပါးနပ်ဖို့လိုတယ်နော်။တတ်လာသမျှ viral ဖြစ်သမျှကသူတို့သုံးပြနေသလိုကောင်းပြီးသက်သာတာမျိုးမဟုတ်တာကများတယ်။
တခြားဟာတွေအသာထား ဥပမာဆို acne-prone skin တွေ trouble skin အတွက် target ထားတဲ့ product ကို clear skin တွေ clinic ကိုရှယ်သွားထားတဲ့ flawless skin တွေပေါ်မှာသုံးပြပြီးဝိုးဝါးဝူးတွေဖြစ်နေတာသာကြည့်။
tiktok မှာကတကယ်ကိုအင် review တွေနဲ့ဈေးရောင်းရဖို့ပဲ marketing အနေနဲ့ဇွတ် push နေတာတွေအရမ်းပေါတယ်။ဒါကဝေးဝေးပြေးကြည့်စရာမလိုဘူး mlm တွေ tiktok မှာအခြေချလို့ရတာကြည့်ရင်ကိုရပြီ။
ဆိုတော့အခုလိုကာလမှာတစ်ခုခုအဝယ်မှားပြီးအဆင်မပြေရင်စိတ်ပိုထိခိုက်ရတယ်။ဒါကြောင့်ဘာပဲဝယ်ဖို့စဉ်းစားစဉ်းစား စာတွေသေချာရှာဖတ်ပြီးကိုယ်နဲ့အဆင်ပြေနိုင်မပြေနိုင်သေချာစဉ်းစားဆုံးဖြတ်ပြီးမှပဲဝယ်စေချင်ပါတယ်။
#dansdiary #dansknowledgentips
Comments
Post a Comment