skincare ingredient တွေမှာ popular မဖြစ်သေးပေမယ့်ထိရောက်မှုအရမ်းရှိတဲ့ acid ingredient သုံးမျိုးရှိပါတယ်။နည်းနည်းချင်းတော့ဒီ ingredient တွေကိုအခြေခံပြီး brand တွေကစပြီးတော့တော့ထုတ်နေကြပေမယ့်ထင်သလောက်တော့ခရီးမရောက်သေးပါဘူး။
ဘာတွေလဲဆိုရင်တော့ azelaic acid, kojic acid နဲ့ tranexamic acid ဆိုတဲ့သုံးမျိုးပါပဲ။ဒီသုံးမျိုးစလုံးက mechanism of action ကတူသလိုရှိပေမယ့်နည်းနည်းတော့ကွဲကြပါတယ်။
ဒီသုံးမျိုးပါတဲ့ product တွေကဒီမှာရှားနေသေးပေမယ့်လာမယ့်နှစ်တွေမှာပိုပြီး viral ဖြစ်လာနိုင်လို့ဒီသုံးမျိုးနဲ့ပက်သက်ပြီးနည်းနည်းလေးပြောပြချင်ပါတယ်။ viral ဖြစ်လာရင်လည်း dd ကရီဒါတွေကြိုသိထားပြီးသားမလို့ brand ကောင်းရင် formulation ကောင်းရင်သုံးရုံပဲပေါ့။
1• azelaic acid
သုံးမျိုးထဲမှာ acne-prone တို့အတွက် all-rounder ဖြစ်တဲ့ acid ပါ။သူပါတဲ့ skincare တွေကအတော်လည်းမရှိသလောက်ရှားပါတယ်။သူက propionibacterium acne ဆိုတဲ့တော်တော်များများပေါက်တတ်ကြတဲ့နာတဲ့ဝက်ခြံရဲ့နီရဲယောင်ယမ်းတာသက်သာစေတဲ့အပြင် pore clogged ဖြစ်တာသက်သာပြီး skin ကို smooth & bright ဖြစ်စေတယ်။
hyperpigmentation တွေကိုလည်းသက်သာစေတာမလို့ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ PIH တွေ PIE (blemish) တွေကိုပါသက်သာစေလို့ acne-prone skin တွေအတွက် holy grail ingredient ပါ။အခု market ထဲမှာဆို azelaic ပါတဲ့အထဲ potent formula သုံးတဲ့ nineless ဆိုတဲ့ k beauty brand ရဲ့ toner > serum > cream တွေကဝယ်ရလွယ်နေပါပြီ။ 2025 မှာဖောက်ရင်ပေါက်နိုင်တဲ့ series ပါ။
2• kojic acid
kojic acid ကတော့ hyperpigmentation အတွက်ပိုကောင်းတဲ့ ingredient ပါ။ဟိုးအရင်ထဲကနည်းနည်းရှိပေမယ့်ထင်သလောက် popular မဖြစ်ပါဘူး။ဒါက indian skincare product တွေမှာတော့အရမ်းသုံးပါတယ်။
kojic acid ကအသားအရေရဲ့အမဲရောင်ချယ်ဖြစ်တဲ့ melanin ထုတ်နှုန်းကိုသိသိသာသာလျှော့ချပေးနိုင်တာဖြစ်လို့ dark spots, blemish, melasma, PIE, PIH, age spot, sun burn နဲ့ freckles တို့အထွက်အထူးကောင်းမွန်ပါတယ်။နောက်ပြီး skin tone ကိုလည်း boost လုပ်ပေးနိုင်လို့ lightening + brightening ဖက်ကိုသွားအသားကိုကြည်ပြီးလင်းစေတယ်။ skin overall texture ကို radiant complexion ရစေနိုင်တဲ့ ingredient ပါ။
3• tranexamic acid
tranexamic acid (TXA) ကတော့အခု 2024 မှာထဲက brand တော်တော်များများကစပြီးထည့်လာတဲ့ ingredient ပါ။ skin 1004 ရဲ့ capsule ampoule တို့ anua ရဲ့ dark spot serum တို့ celimax ရဲ့ tranexamic serum တို့ cream တို့ကနေအလွယ်ဝယ်လို့ရနေပါပြီ။အခုတော့အရမ်း viral မဖြစ်သေးဘူး။နောက်နှစ်ထဲပိုပြီး viral ဖြစ်လာမှာပါ။
သူကတော့နီရဲယောင်ယမ်းတာတွေကိုသက်သာစေတဲ့အပြင် kojic acid နဲ့ arbutin တို့လိုပဲ hyperpigmentation တွေဖြစ်တဲ့ melasma, dark spots, blemish, PIE, PIH တို့အတွက်အထူးကောင်းမွန်ပါတယ်။နောက်ပြီးချွေးပေါက်လေးတွေကိုလည်းကျဉ်းသယောင်ဖြစ်ပြီး skin overall texture ကိုလည်းပိုပြီး smooth ဖြစ်စေတဲ့ ingredient ပါ။
အချုပ်
ပြောရရင်ဒီသုံးမျိုးစလုံးက hyperpigmentation တွေကုသဖို့အထူးကောင်းမွန်တာပါပဲ။တင်းတိပ်တို့ မှဲ့ခြောက်တို့ အမဲစက်တို့ အမဲကွက် အနီစက်တို့ အနီကွက်တို့ကုမယ်ဆိုဒီသုံးမျိုးထဲကနေပဲရွေးသင့်ပါတယ်။ popular ingredient ဖြစ်တဲ့ niacinamide တို့ vit c တို့ ထက်ပိုပြီး mechanism of action ကပိုကောင်းပါတယ်။
acne-prone ဆို azelaic acid ကိုရွေးသင့်ပြီး, skin ကညစ်ပြီးအနာအဆာရောင်ချယ်တွေများပြီးမှောင်နေရင် kojic acid ကိုရွေးသင့်ပြီး, အနာအဆာရောင်ချယ်တွေကသာအဓိကပြသာနာဆိုရင်တော့ tranexamic acid ကိုရွေးတာကပိုအဆင်ပြေမှာပါ။
တစ်ခုရှိတာကသူတို့ကသီးသန့်ထက် niacinamide တို့ aha, bha တို့ hydroquinone တို့ arbutin တို့နဲ့တွဲထုတ်ကြတာများလို့ formulation ပေါ်မူတည်ပြီးအာန်သင်ပိုရတာနဲ့ပျော့ရတာတွေတော့ရှိပါတယ်။
ဒီလောက်ဆို viral ဖြစ်နေဆဲနဲ့ပိုဖြစ်လာမယ့် ingredient သုံးခုအကြောင်းကိုကြိုသိထားပြီမလို့ဘယ်သူမှသိပ်မသုံးခင်လိုက်ရှာသုံးပြီးဂလိုးအပ်ဖြစ်ထားလို့ရပါပြီ xD
#dansdiary #dansknowledgentips
Comments
Post a Comment