skincare ကို ingredient တွေနဲ့ရွေးဝယ်တဲ့အခါဒီသုံးမျိုးကိုသိကိုသိထားဖို့လိုပါတယ်။


skincare တွေမှာ ingredient ကိုသုံးမျိုးသုံးစားအနေနဲ့ဖော်ပြကြပါတယ်။ပထမက main ingredient, ဒုတိယက concept ingredient, တတိယက marketing ingredient ဆိုပြီးရှိပါတယ်။


main ingredient

----------------

main ingredient ဆိုတာကတော့ပစ္စည်းတစ်ခုမှာအဲဒီပါဝင်ပစ္စည်းတစ်ခုကိုပဲအဓိကအခြေခံပြီးဘေးကအနည်းငယ်နဲ့ရံထားတာမျိုးကိုခေါ်ပါတယ်။ဒီဘက်ခေတ်အခေါ်အရဆိုပိုပြီး clean beauty ဖက်သွားတယ်ပေါ့။


ဥပမာဆို anua ရဲ့ heartleaf toner လိုမျိုး main ingredient ကိုပမာဏများများသုံးတာမျိုးပါ။တစ်ချို့ကျလည်းအစကပြောခဲ့သလိုအရမ်းအများကြီးမသုံးပေမယ့်အဲတာကိုပဲအဓိကထားပြီးထုတ်ကြတယ်ပေါ့။ဒါမျိုး format နဲ့သွားတဲ့ပစ္စည်းတွေကသုံးလို့အရမ်းကောင်းသလိုထိရောက်မှုလည်းပိုရှိပါတယ်။


concept ingredient 

----------------–--

concept ingredient ကတော့သူမတူအောင် unique ဖြစ်အောင်ထည့်သုံးကြတာမျိုးများပါတယ်။ဘယ်သူမှသိပ်မသုံးသေးတဲ့ extract တွေကို 1%-5% ​above လောက်ထည့်ပြီးအဓိကသွားချင်တဲ့အာနိသင် ingredient တွေနဲ့ထုတ်တာမျိုးများတယ်။ဥပမာဆို isntree ရဲ့ chestnut series လိုပေါ့။တကယ်တော့ exfoliator lineup ပေမယ့် chestnut ဆိုတာလေးနဲ့ဆန်းသွားအောင်လုပ်ထားတယ်။


သူတို့ရဲ့ formualation အများစုကပြောရရင် concept ingredient ပဲပြောင်းပြောင်းသွားကြတာများလို့သိပ်မဆန်းပေမယ့်အသစ်အသစ်သော extract တွေဘာညာတွေနဲ့အလှည့်အပြောင်းလေးသုံးရတာမလို့သုံးရတာတော့ဆန်းကြပါတယ်။ result ကလည်းကောင်းကြတယ်။


marketing ingredient

---------------------

ဒါကတော့အားလုံးထဲမှာမြန်မာနိုင်ငံမှာရှိတဲ့အပေါစား skincare brand တွေရဲ့လုပ်ကွက်ပါ။ 100% မှာပမာဏ 0.001% (10ppm) လောက်ထည့်ပြီး cica, rice, green tea, tea tree, snail, cucumber, etc... တွေရဲ့နာမည်ကိုပြူးနေအောင်တပ်ပြီး end user တွေကိုရွေးချယ်စရာများသလိုအမြင်ဖမ်းစားကြတယ်။တကယ်တမ်းကျဒီ marketing ingredient အနေနဲ့အပြထည့်ကြတဲ့ skincare product တွေကအတော်ကိုဆိုးရွားကြလို့သုံးဖို့မသင့်ဆုံးပါပဲ။


formulation လည်းမကောင်းကြသလို quality ထက် quantity ကိုဦးစားပေးလွန်းတာကြောင့်တော်တော်များများသုံးတာနဲ့ breakout ဖြစ်ကြတာမျိုးပါ။နောက်ပြီးပြူးနေအောင်ရေးထားတဲ့ ingredient တွေနဲ့မတည့်တာမဟုတ်ပဲသူတို့ရဲ့ formulation တွေနဲ့မတည့်ကြတာပါ။


ဥပမာဆို lebelage, tenzero, sador, bioaqua, etc... တို့လို brand တွေကပစ္စည်းတွေလိုမျိုးပါ။ခြွင်းချက်အနေနဲ့တချို့ brand တွေမှာတော့ marketing ingredient ကိုသုံးပေမယ့် formulation ကကောင်းတာကြောင့်သုံးရတာအဆင်ပြေပါတယ်။ဥပမာ dr.g ရဲ့ red blemish clear soothing cream လိုမျိုးပါ။


#dansdiary #dansingredients #dansknowledgentips

Comments

Popular posts from this blog

dan's reject products