ကောင်းတဲ့ပစ္စည်းတွေကိုပဲစနစ်တကျသုံးနေပေမယ့် skin care လုပ်တာလည်းအဆင်မပြေ၊ hair care လုပ်တာလည်းအဆင်မပြေ၊ body care လုပ်တာလည်းအဆင်မပြေဘူးဆိုသတိမထားမိကြတဲ့ပြသာနာက ရေ ဖြစ်နိုင်ပါတယ်။
တော်တော်များများသတိမထားမိကြပေမယ့်ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ရေက skin care, hair care, body care နဲ့ oral care လုပ်တဲ့နေရာမှာအရမ်းအရေးကြီးပါတယ်။
ခရီးသွားလို့ staycation သွားလို့သုံးနေကြရေပြောင်းလိုက်လို့ breakout ဖြစ်ကြတာမျိုးတော့လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ဒါမျိုးကရေပြောင်းတာမမဟုတ်ပဲကိုယ့်အိမ်ကရေကမကောင်းရင်ခန္ဓာကိုယ်ကိုထိန်းသိမ်းတဲ့ step တွေအမျာားစုကအဆင်မပြေပါဘူး။
ဥပမာဆိုရေကမသန့်တာထုံးဓာတ်များတာတို့ဆိုလူအတွက်မကောင်းသလိုဇွန်းတွေခွက်တွေသံချေးတတ်လွယ်တာမျိုး၊ရေကကြည်ကြည်လင်လင်မဟုတ်ပဲနောက်နေတာမျိုး၊ရေကငန်နေတာမျိုး၊ဆပ်ပြာပါတဲ့ product တွေသုံးရင်တော်တော်နဲ့ရေဆေးချလို့မပြောင်တာမျိုးစတဲ့သိသာတဲ့ sign တွေမြင်ရလေ့ရှိပါတယ်။
ဆိုတော့ကိုယ်ကရေပြသာနာကြောင့် breakout ဖြစ်တာ၊ရေကြောင့် hair care လုပ်ရတာအဆင်မပြေပဲဆံပင်တွေကျွတ်တာ၊သွားတွေဂျေးတတ်သလိုညစ်တာ၊ရေချိုးမျက်နှာသစ်တဲ့အခါဆပ်ပြာတွေကတော်တော်နဲ့မပြောင်ပဲချွဲကျိပြီးဆေးချရခတ်တာအပြင်နောက်ဆုံးအသားတွေယားယံတာမျိုးပါဖြစ်ရင်အကောင်းဆုံးအဖြေကရေသန့်ကိုအစားထိုးသုံးတာပါ။
ရေသန့်သုံးဆိုတဲ့နေရာမှာ 1L ဘူးလေးတွေဆိုဈေးများပြီးအသုံးမခံသလိုဖြစ်ပေမယ့်ရေသန့် 20L ပုံးကိုသုံးရင်တော့ budget လည်းသက်သာသလိုပမာဏများလို့မသုံးလည်းခံပါတယ်။
ဒါကြောင့် product တွေကြောင့်မဟုတ်ပဲရေမကောင်းတာကြောင့် self care လုပ်တာအဆင်မပြေဖြစ်နေရင်ရေသန့်နဲ့မျက်နှာသစ်တာ၊ခေါင်းလျှော်တာအပြင်လိုအပ်ရင်ရေချိုးတာအထိအသုံးပြုတာကအဆင်အပြေဆုံးအဖြေပါ။
#dansdiary #danswaterproblem
#dansknowledgentips
Comments
Post a Comment