spf ပြည့်တဲ့ sunscreen ထဲ budget save ဖြစ်တာကိုမှလိမ်းပြီးရင်စိုပြောင်ရွှဲနေတာမျိုးမဟုတ်ပဲအဆီထိန်းပြီးအသားနဲ့ကပ်နေတဲ့ finish မျိုးနဲ့လိမ်းထားရတာတအားပေါ့ပါးတဲ့ weightless sunscreen မျိုးကိုရှာနေရင် sweeteen က sunscreen ကိုတော်တော်ကြိုက်ကြမယ်။
အဓိကတော့သူက chemical sunscreen ပေမယ့် hybrid ကို chemical ဖက်သွားတဲ့ lotion-like texture နဲ့ skin-fit natural finish နဲ့မလို့လိမ်းပြီးရင်သိပ်သိပ်လေးနဲ့အဆီလဲထိန်းပေးပြီး comfort တအားဖြစ်တယ်။လိမ်းလိမ်းချင်းခဏလေးပဲပြောင်ပြီး ပြီးရင်အသားနဲ့လုံးဝကပ်သွားပြီးနေ့လည်ရောက်ရင်တောင် သူ့ကြောင့်ပိုပြီး shiny မဖြစ်တဲ့အပြင် shiny ဖြစ်တာကိုပါထိန်းပေးသေးလို့တော်တော်အဆင်ပြေတဲ့ sunscreen ပါ။
သူ့ level ပတ်ဝန်းကျင်မှာသူ့လိုမျိုးလိမ်းထားတယ်မခံစားရသလောက်ကိုပေါ့ပါးပြီးအဆီထိန်း finish လှတာကတော်တော်ရှားလို့ hidden gem လို့ကိုပြောလို့ရတဲ့ sunscreen ထဲပါတယ်။အနံ့ကတော့ bergamot oil ပါလို့အဲဒီအနံ့ကတလိမ်းလိမ်းချင်းခဏတော့နည်းနည်းပြင်းပြင်းရတယ်။ texture ကအဆီထိန်းပေးတဲ့ texture သိပ်သိပ်ဖြစ်လို့လူးတဲ့နေရာမှာနည်းနည်းတော့လူးရပါမယ်၊ serum တို့ essence type တို့လိုတော့မကျဲပါဘူး။
နောက်တစ်ခုကတော့ဈေးသက်သာတာကိုထည့်ပြောရမယ်။ full size 50ml ကို 30k ဝန်းကျင်ပဲရှိတဲ့ sunscreen မလို့ budget sunscreen အနေနဲ့တအားကိုလိမ်းပျော်တယ်။နောက်ပြီး acne-prone တွေအတွက်အထောက်အကူဖြစ်တဲ့ sunscreen ထဲလဲပါပါတယ်။
ချုံပြောရရင် SPF grading, ဈေးနှုန်း, ပမာဏ, finish ဘာမှပြောစရာမရှိတဲ့ 3သောင်းဝန်းကျင်ကလိမ်းလို့ကောင်းအဆီထိန်း, finish လှ, oxidized မဖြစ်လွယ်တဲ့ နွေမိုးနွေ ရာသီဥတုသုံးခုစလုံးနဲ့အဆင်ပြေတဲ့ရွက်ပုန်းသီး sunscreen လေးမလို့သဘောကျကျမှာသေချာတယ်။
🛒 : Sweeteen Official _Myanmar
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 50ml | around 30k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : bergamot | lotion | natural
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : after applying 30mins
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, no, no, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination to oily > oily to super oily > combination to slightly dry + uv protection
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : niacinamide, adenosine, bergamot oil, centella complex, aloe, 8HA
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #danssunscreen #dansuvprotection
#dans_sweeteen_calming_cica_gel_sunscreen_review

Comments
Post a Comment