ဒီနှစ်ဆောင်းအတွက် soap & glory က lotion တွေကိုအထူးညွှန်းပါတယ်။
moisturizing ကောင်းတဲ့အပြင် perfume lotion တွေနီးနီးကိုအနံ့ခံပြီးလိမ်းကောင်းလို့တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်စေတာမလို့ပါ။
scrub / body exfoliator တွေသုံးတဲ့ညပဲလိမ်းမလား၊ အခန်းအေးလို့ပဲလိမ်းမလား၊ အသားအရေကိုစိုပြေအိစက်ချင်လို့ပဲလိမ်းမလား၊ body toner တွေ treatment step တွေနဲ့ပဲတွဲလိမ်းမလားအားလုံးအိုကေပါတယ်။ဘာလို့ဆိုသူ့ထဲကအများစုကရိုးရိုးရှင်းရှင်းအစိုဓာတ်ပေးတာတွေကြီးပဲမလို့ပါ။ skin tone brightening အတွက်ဆိုပုံထဲက blooming bright တစ်မျိုးပဲ market ထဲရှိတယ်။
texture တွေကထူသလိုရှိပေမယ့်စိတ်ညစ်စရာထူထူပျစ်ပျစ်ချွဲချွဲစေးကပ်ကပ်တွေမဟုတ်ပဲလိမ်းလို့တအားကောင်းပါတယ်။ texture က brand က claim လုပ်ထားတဲ့ title အတိုင်းပဲရှိသင့်တဲ့အနေအထားလေးအတိုင်းရှိတယ်။နောက်ပြီးအနံ့တွေကလဲ body mist ဖြန်းထားသလိုကိုစွဲပါတယ်။တစ်ခါလိမ်းရင်တစ်ခန်းလုံးလဲမွှေးတယ်။
ပုံထဲကခြောက်ဗူးထဲ maganifi coco ရယ်, smoothie star ရယ်, call of fruity ရယ်, great barrier releaf ရယ်လေးခုဖောက်သုံးပြီးတဲ့အထဲ maganifi coco ကိုအကြိုက်ဆုံးပါ။အုန်းသီးကလာတဲ့အီအီသင်းသင်းအနံ့လိုမျိုးကိုမှအီစိမ့်ပြီးအနံ့အစွဲဆုံးဖြစ်တဲ့အပြင် texture ကလဲပိုကျဲပြီးစိုစိုပြောင်ပြောင်လေးဖြစ်တယ်။
smoothie star နဲ့ great barrier releaf ကတော့ texture နည်းနည်းပိုထူတယ် smoothie star ကတော့အီစိမ့်ပစ်လဲ vanilla အနံ့ပါ၊သူကအနံ့တော့တအားကြီးမမွှေးပေမယ့်သူ့က body scent လိုအနံ့သင်းသင်းလေးမွှေးအီနေတာပြီး texture ကလိမ်းရတာတအားအရသာရှိလို့ dan" no.2 အကြိုက်ဆုံးပဲ။
great barrier ကတော့ green tea နဲ့စဖွင့်ပေမယ့်နောက်ကလိုက်တဲ့ fig အနံ့ကနှာခေါင်းထဲဆားငံသီးဖျော်ရည်အနံ့နဲ့တူလို့အခုထိတော့သိပ်မကြိုက်လို့ no.4၊ fruity ကတော့ပီကေအနံ့လိုမျိုးလေးတော်တော်လေးလူငယ်ဆန်ပြီးအနံ့လဲစွဲတယ် သူ့ကိုလဲ dan" တော်တော်ကြိုက်တယ် no.3 ဆိုပါတော့။
ချုံပြောရရင်တစ်ဗူး 35k လောက်နဲ့ 500ml ကိုဒီလိုအနံ့ဒီလိုအစိုဓာတ်ပေးတာ branding မြင့်တာကိုသုံးရတာတအားတအားတန်ပြီးကောင်းလွန်းလို့မသုံးရင်လူမိုက်ပဲ။သူ့ထဲက body butter တွေလဲ dan" ထပ်စမ်းဦးမှာကြိုက်လို့စမ်းပြီးရင်ထပ်လာရေးမယ်။ဒါလေးတွေကတကယ်တော့ sale ရှိလို့ 35k ဝန်းကျင်နဲ့ရတာမဟုတ်ရင်ဈေးကြီးပါတယ်။
စာကြွင်း : texture ကထူပြီး moisturizing ကအဓိကဖြစ်ပါတယ်။ serum texture lotion တွေသာမာန် lotion texture တွေလိုကျဲကျဲအေးအေးမဟုတ်ပါဘူး။ရာသီဥတုအေးတာ (သို့) အခန်းအေးတာ (သို့) အသားခြောက်မှဝယ်ပါမဟုတ်ရင်စိတ်ညစ်ရမယ်။ product ရဲ့သဘောတရားကိုမသိပဲဝယ်မိပြီးထူတယ်မသိသာဘူးဆိုပြီးအဝယ်မှားတယ်ခံစားရတာမျိုးတွေမဖြစ်အောင် dan" ထပ်ပြောပြတာပါ။
#dansdiary #dansbodycare #dansbodylotion #dansbodylotionpm #dans_soap_and_glory_body_lotion_review

Comments
Post a Comment