yoon skin မှာအကောင်းဆုံး dan" အကြိုက်ဆုံးပစ္စည်းတစ်မျိုးထဲရွေးရမယ်ဆိုဒီ barrier cream ပဲ။


အရမ်းကောင်းလွန်းလို့ final version ထွက်လာဖို့လွန်ခဲ့တဲ့ 8လလောက်ထဲကမျှော်နေရတာဘာလို့ဆိုအဲတုန်းထဲကလူးမဝ moisturizer ဖြစ်လို့မရောက်သေးဘူးလားမရောက်သေးဘူးလားခဏခဏမေးရတဲ့ moisturizer မျိုးပါ။အခုမှပဲ shipment ရောက်လာလို့အဝလိမ်းရတော့တာ။


ဒီ barrier care moisturizer က acne-prone တွေကစလို့ sensitive ကနေ reactive skin တွေအတွက်အကောင်းဆုံး barrier care / strengthening moisturizer တွေထဲကတစ်ခုလို့ပြောရမှာပါ။


သာမာန် barrier care moisturizer တွေလို goodie oil နဲ့ ceramides တွေကိုပဲအဓိကထားတာမျိုးမဟုတ်ပဲ skin soothing အတွက် calamine, centella, chamomile, gaiazulene နဲ့ peptides တွေကီုပါရောပြီး formulated လုပ်ထားလို့ skin soothing နဲ့ barrier care မှာတကယ်ထိရောက်လို့ခုခေတ်လိုပစ္စည်းတွေများပြားပြီး active ingredient တွေကိုအပြိုင်အဆိုင်ထုတ်နေကြတဲ့ခေတ်ကြီးမှာသုံးဖို့အကောင်းဆုံး all-rounder moisturizer ထဲကတစ်ခုပါ။


နီရဲယောင်ယမ်းဝက်ခြံထွက်လွယ်တဲ့ acne-prone skin လား, ထိခိုက်လုံးဝမခံတဲ့ sensitive & reactive skin လား, လျှောက်စမ်းသုံးရင်း barrier ထိသွားလို့လား, active ingredient အစုံနဲ့တွဲသုံးဖို့လား, sun burn ကြောင့် redness တွေဖြစ်နေလို့လား, irritation ရနေလို့လား, skin ကို nourishing ကောင်းကောင်းဖြစ်စေပြီး deep glow ရစေဖို့လားဘက်စုံအတွက်အဆင်ပြေတဲ့ moisturizer ပါပဲ။


texture က light cream texture မျိုးရှိပြီး calamine ပါတာကြောင့်ပန်းနုရောင်ဖျောလေးနဲ့လိမ်းရတာတအားကိုကောင်းပါတယ်။ finish က skin က nourishing ကောင်းကောင်းဖြစ်ပြီးအာဟာရပြည့်သွားတယ်လို့ခံစားရတဲ့အပြင် barrier အပေါ်မှာ layer လေးတစ် alyer seal လုပ်ပေးလိုက်တာမလို့လုံးဝကို skin ကိုပိုပြီးကျန်းမာစေတဲ့ကောင်ပါ။


barrier cream ဆိုပေမယ့်အဆီတွေများပြားနေတာမျိုးမဟုတ်ပဲ moisturizing level ကသင့်တင့်တာကြောင့်မနက်ရောညရောအဆင်ပြေတယ်။မနက်ခင်းအရမ်းအဆီပြန်တတ်ရင်တော့ညမှလူးပါဘာလို့ဆိုမနက်ဆို sunscreen ကလဲစိုကြတာများတာဆိုတော့ရွှဲနေမှာဆိုးလို့ပါ​။ barrier cream ဆိုပေမယ့် texture အရမ်းမထူလို့ dry to very dry တွေအတွက်တော့ moisture seal လုပ်ပေးတဲ့ပမာဏနည်းပါမယ်။


အချုပ်ပြောရရင် yoon skin မှာ dan" အကြိုက်ဆုံးအကောင်းဆုံး product တစ်ခုကိုရွေးထုတ်ပေးပါဆိုဒီ moisturizer ပဲမလို့ highly recommend ပါ။ market ထဲရလွယ်ပြီးဆိုင်တိုင်းလိုလိုရတဲ့ brand ဖြစ်လို့ဒီ moisturizer လေးကဝယ်ရလွယ်ပြီးသုံးလို့လဲတအားကောင်းလို့ကြိုက်ကြမှာပါ။


🛒 : Yoon Skin


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲} 

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 40ml | 28.5k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | light cream | calms & nourish

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, no, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal to sensitive & reactive > combination to oily > oily to super oily > combination to slightly dry + barrier care > calming & soothing > nourishing 


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : jojoba oil, calamine, shea butter, ceramide np, vitamin e, HA, centella, chamomile, guaiazulene, 6 peptides


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansmoisturizer #dans_yoon_skin_barrier_relief_cream_review

Comments

Popular posts from this blog

dan's reject products