1• kahi : wrinkle bounce collagen mist ampoule
မွှေးပြီးဖြန်းလို့ကောင်းတဲ့ရေဗူးလေးဆိုပြည့်စုံပြီ။ဘာမှထွေထွေထူးထူးအာနိသင်မရတာမလို့သူ့ဈေး 7သောင်းဝန်းကျင်ကိုဝယ်ဖြန်းမယ့်အစား slow aging အတွက် treatment step ကောင်းကောင်းဝယ်သုံးတာကမှပိုအဆင်ပြေပါတယ်။
ဘာမှလဲစိုအိပြီးထူးခြားစွာမ glow ပါဘူး။သူ့ကပေးတဲ့စိုအိတာကသာမာန် hydration treatment step တွေလောက်ကိုမစိုပြေပါဘူး။
2• lebelage : high protection sun cream (daily no sebum, long lasting, extreme)
sunscreen တစ်ခုမှာရှိသင့်တဲ့ grading တစ်စက်မှမရှိ၊ quality ကအနှုတ်ပြ၊ တော်တော်များနဲ့မတည့်ပဲအဖုအပိန့်တွေထွက်၊ SPF ကမပြည့်တော့လိမ်းတာကြာတော့နေလောင်ပြီးအမဲစက်တင်းတိပ်တွေကထွက်လာ/ပိုဆိုးလာတဲ့ sunscreen ပါ။
ဈေးအရမ်းပေါတိုင်းပျော်ပြီးဝယ်ရမယ့်အထဲမှာ sunscreen မပါပါဘူး။ SPF ပြည့်ပြီးစိတ်ချယုံကြည်ရတဲ့ brand က sunscreen တစ်ခုဟာအခုခေတ်မှာအနည်းဆုံး 3 သောင်းပတ်ချာလည်ကနေစပါတယ်။
3• donutt : total fibely fiber
fiber ဟာအမျှင်ဓာတ်ဖြစ်လို့အမျှင်ဓာတ်ဖြည့်စွက်စာတစ်ခုအနေနဲ့ဝမ်းမှန်ပြီးဝမ်းသွားရပိုပြီးချောမွေ့စေဖို့ပဲဖြစ်ရပါမယ်။
ဒီ donutt လိုဗိုက်တွေရစ်နာပြီးမကုန်မချင်းအကုန်ဆင်းနေရပြီဆိုရင်အဲတာကငွေပေးပြီးရောဂါဝယ်နေတာပါ။မကုန်မချင်းအကုန်ဆင်းတာကိုကောင်းလိုက်တာအဆိပ်တွေအဆီပိုတွေဖယ်ပေးပြီး detox လုပ်ပေးတာထိမိနေတာပဲဆိုပြီးကျေနပ်ပီတိဂွမ်းစိထိနေရင်နောက်ကျပုံမှန်ဝမ်းသွားတဲ့လုပ်ငန်းစဉ်တွေအလုပ်မလုပ်တော့တာ (သို့) အူကြွက်သားတွေအားနည်းသွားပြီးဒါလေးမှမသောက်ရင်အင်းအင်းမပါနိုင်တော့တာမျိုးဖြစ်ပါမယ်။
အခန့်မသင့်ရင်တခြားကျောက်ကပ်ဘာညာရောဂါပါရနိုင်သေးတယ်။ဒါကြောင့်အခုထဲကမကုန်မချင်းအကုန်ဆင်းရတဲ့ fiber တွေကိုရှောင်ပါ (သို့) ပမာဏနဲ့ကာလလျော့သောက်ပါ၊ မဟုတ်ရင်ခုန်ခုန်ပြီးပျော်နေရမယ်။
4• jm solution : toner xl (honey luminous royal propolis, glow luminous flower firming, calming cica, derma care centella repair)
ဒီ toner တွေကိုဝယ်သုံးမယ့်အစားနီးစပ်ရာစတိုးဆိုင်ကိုသွားပြီးရေသန့်ဗူး 500 တန်တစ်ဗူးကိုဝယ်ပြီး toner လိုသုံးတာကမှငွေကုန်ကြေးကျသက်သာပြီးမတည့်တာတွေလဲမဖြစ်တဲ့ရွေးချယ်မှုပါပဲ။
ဒီ toner တွေမွှေးနေတဲ့ရေဗူးကြီးတွေသက်သက်ပဲ။ဝယ်ရတဲ့ဈေးသက်သာပြီးပမာဏများတယ်ဆိုတဲ့ strategy နဲ့အချဉ်ဖမ်းတာပါ။သူများ 200ml တစ်ဗူး 50000 နဲ့သိသာနေချိန်သူ့မှာ 600ml တစ်ဗူး 3သောင်းဝန်းကျင်လောက်ပေးရပြီးသုံးလေးဗူးလဲမသိသာဆိုတော့ budget လုံးဝမ save မနေပါဘူး။ budget သက်သာပြီးပမာဏများတယ်ဆိုပြီးတွက်သုံးနေတဲ့သူတွေအတွက်အချက်တွေမှားနေကြပါဘီ။
5• vaseline : gluta-hya serum brust sunscreen luminous defense
vaseline ကထုတ်တယ်လို့မကိုမထင်ရဘူး။လိမ်းလိုက်တာနဲ့ပလတ်စတစ်တစ်ထပ်နဲ့အပတ်ခံရသလိုပဲတင်းကြပ်ပြီးနေရခက်တဲ့အပြင်အဖတ်အဖတ်တွေကလဲထသေးတယ်။ဒီကောင်ကစထွက်တုန်းကဈေးအကြီးဆုံးနဲ့နောက်ဆုံးမှထွက်တာဆိုပြီးတအားမျှော်လင့်ခဲ့တာချာတူးကိုလန်နေရောပဲ။
6• ollid. : burberry her lotion
လိမ်းရတာကျဲတယ်အနံ့မွှေးတယ်သာမာန် lotion အနေနဲ့ဆိုလိမ်းပျော်တယ်ပြောရမယ်ပေါ့။ဒါပေမယ့် perfume lotion အနေနဲ့ဆိုအနံ့က 4-6 နာရီလောက်အနည်းဆုံးခံရမှာမျိုးမှာအနံ့ကဆယ်မိနစ်လောက်နေရင်ကိုအစအနပျောက်သွားပြီးမခံတော့ကျပေးရတဲ့ဈေးနဲ့ပမာဏနဲ့ product key feature နဲ့ကြေညာတွေနဲ့ကတစ်စက်မှမခေါ်ဘူး။ပြောရရင်လိမ်းတုန်းပဲမွှေးတဲ့သာမာန် lotion 300ml ကို 30000 လောက်ပေးဝယ်ဖို့ကတော့မတန်ပါဘူး။
7• the mix by su : salicylic acid & lime refreshing scrub
exfoliant တွေကို physical နဲ့ chemical ရောသုံးရင် over exfoliation ဖြစ်ပြီးအသားအရေကိုအကြီးအကျယ်ပျက်ဆီးခြောက်သွေ့ယားယံအဖုအပိန့်တွေပေါက်စေတတ်ပါတယ်။ဒီ scrub ကအဲလို over exfoliation scrub မျိုးပါ။ physical exfoliant အနေနဲ့သကြားပွင့်ကြီးကြီးနဲ့ chemical exfoliant အနေနဲ့ salicylic acid ကိုအမြင့်ဆုံး 2% တောင်ထည့်ထားလို့ disaster ပဲ။တစ်ခါသုံးလိုက်တာစပ်ဖျဉ်းပြီးရဲသွားတဲ့အထိပဲ။ sensitive skin နဲ့ delicate skin တွေဆိုဝေါင်ဝေါင်ရှေး။
နွားသရေလိုထူထဲပြီးခံနိုင်ရည်ရှိတဲ့အသားအရေပိုင်ရှင်တွေနဲ့ဂျွတ်တက်နေသလိုမျိုး concern တွေမှာတော့ခဏအဆင်ပြေကောင်းပြေနိုင်ပေမယ့်ပြောခဲ့သလိုပဲ over exfoliation အကျိုးဆက်တွေကိုခံစားရနိုင်တဲ့အပြင် exfoliator တွေသုံးရင်လိုက်နာရမယ့် AM အတွက် SPF lotion နဲ့ PM အတွက် lotion တစ်ခုသုံးရမယ်ဆိုတာကိုသေချာနားမလည်သေးတဲ့မြန်မာကသူတွေအတွက်တော့ပြသာနာပါ။လိုတိုရှင်းအရပ်စကားနဲ့နားလည်အောင်ပြောရရင်တော့အသားပါးသွားပြီးအသားအရေပျက်ဆီးနိုင်ပါတယ်။







Comments
Post a Comment