ဂျိုင်း ဂုတ် လည်ပင်း ဒူး တံတောင်နဲ့တချို့နေရာလေးတွေကွက်မဲနေတာတွေသက်သာဖို့အတွက် exfoliation + brightening body mask ကောင်းကောင်းလေးရှာနေရင်ဒါလေးကအတော်ကိုအဆင်ပြေပါတယ်။


ဒီ skin x ရဲ့ body mask ကိုကသူတို့ final packaging အနေနဲ့မပြီးခင် 6 လပိုင်းထဲက dan" စသုံးနေတာဖြစ်ပြီးအခုသုံးဗူးကုန်တဲ့အခါမှ dan" ဒီ review ကိုလာရေးတာပါ။


သူကတစ်ခါသုံးပြီးတိုင်းတစ်ခါ skin tone တစ်ဆင့်သိသိသာသာလင်းလာတာကိုမြင်ရတယ်လို့ကိုပြောရမှာပါ။ဘယ်လိုပြောရမလဲဖြူပြီးလင်းသွားတာမျိုးကိုရေဆေးချပြီးတာနဲ့မြင်ရတာမျိုးပါ။ 6ကြိမ်လောက်သုံးပြီးတဲ့အခါစပြီးတစ်ဆင့်သိသိသာသာပြောင်းလာတယ်။


ဒ်ိ body mask မှာက exfoliating အတွက် AHA ဖြစ်တဲ့ malic acid 4% + brightening အတွက် niacinamide 3% နဲ့အမဲစက်အမာရွတ်တွေမြန်မြန်သက်သာဖို့ glutathione 1% နဲ့ alpha arbutin 0.5% တို့ကို concentrated ဖြစ်ဖြစ်နဲ့ formulate လုပ်ပြီးထုတ်ထားတယ်။


ပြောရရင် body mask တစ်ခုအနေနဲ့တော်တော်ကိုကောင်းမွန်ပြီးပေးရတဲ့ဈေးနဲ့တန်တယ်ကိုပြောရမှာပါ။ပါတဲ့ ingredient နဲ့ result ကတိုက်ရိုက်အချိုးကျတယ်ဆိုတာထက်ကိုပိုတယ်။ body mask တစ်ခုကိုအချိန်ပေးသုံးရကျိုးနပ်တယ်လို့ကိုခံစားရတဲ့ကောင်ပါ။


dan" ကတော့ဒီ body mask ကိုဒူးတံတောင်နဲ့ခြေမျက်စိတို့ပဲသုံးဖြစ်ပါတယ်။ဂျိုင်းကတော့နဂိုထဲကညိုတဲ့အထဲမပါလို့ပါ။ဒူးတွေတံတောင်တွေသုံးတာတော့ skin tone တက်တာပိုပြီးအရောင်ကလင်းလာတာတွေတော်တော်သိသာပါတယ်။


ဒီမှာထူးခြားတာက body mask လေးရဲ့အနံ့ကအတော်မွှေးပြီးအသားမှာအနံ့စွဲပါတယ်။သိုပေမယ့် dan" အတွက်တော့ပါတဲ့ fragrance ရဲ့ % ကနည်းနည်းလေးများတယ်လို့ခံစားရတယ်။နောက်ပြီးသူ့ရဲ့ texture ကအပြာရောင် cream ကျဲကျဲလေးကအသားမှာမဆိုသလောက်လေးပြာကျန်ချင်လို့ရေသေချာဆေးချရတယ်။အားနည်းချက်အနေနဲ့ပြောရမယ်ဆိုဒီနှစ်ချက်ပဲဖြစ်မယ်ထင်ပါတယ်။


ဒီ mask က concentrated ဖြစ်ပြီးသိသာတဲ့အလျှောက်ကိုယ်ဝန်ဆောင်သည်နဲ့နို့တိုက်မိခင်တွေ, အသားအရေပျက်ဆီးထားတဲ့သူတွေ, laser သို့ chemical burn ထားတဲ့သူတွေ, open wound ရှိတဲ့သူတွေလုံးဝမသုံးသင့်ပါဘူး။


ချုံပြောရရင်ဟိုမဲဒီမဲသိသိသာသာလေးကွက်မဲနေတဲ့နေရာတွေအတွက်တော်တော်ကိုသိသိသာသာဖြေရှင်းပေးနိုင်တဲ့ရှားရှားပါးပါး body mask လို့ကိုပြောရမှာပါ။ market ထဲမှာဒီလို concentrated ဖြစ်တဲ့ body mask ကပထမဆုံးမလို့ worth to try ပါ။ဈေးနှုန်းကလည်း 60g ကိုမှ 31.5k ကိုမှအသုံးခံလို့တန်ပါတယ်။


သူ့ကိုကဘယ်အချိန်မှာဘယ်လိုသုံးရမလဲဆိုရင်တော့ညဘက်ရေချိုးပြီး scrub မတိုက်တဲ့နေ့ body exfoliator တွေမသုံးတဲ့နေ့မှာကိုယ်ဖြူချင်ကြည်ချင်တဲ့နေရာကို 15-30မိနစ် လောက်လူးပြီးအချိန်စေ့ရင်သူ့ထဲပါတဲ့ sponge လေးကိုရေစိမ်ပြီးပွတ်ပြီးရေဆေးချရုံပါပဲ။တစ်ပတ်ကိုနှစ်ကြိမ်ကနေသုံးကြိမ်အထိသုံးလို့ရပြီးသုံးပြီးသွားရင် body lotion သေချာလိမ်းဖို့နဲ့နောက်နေ့တွေမှာနေထိတဲ့နေရာတွေကိုသုံးထားတယ်ဆိုရင် spf 30-50 ပါတဲ့ lotion ကိုသေချာလိမ်းရပါမယ်။


သတိပေးအကြံပြုချက် : private area နဲ့မျက်နှာကိုအသုံးပြု၍မရပါ။ဂျိုင်းနဲ့အတွင်းသားနုနုနေရာများကိုအသုံးပြုမည့်သူများအနေနဲ့အသုံးမပြုခင် patch test အရင်လုပ်ဖို့အကြံပြုပါတယ်။ laser သို့ chemical တစ်ခုခုကြောင့်မဲတာမျိုးဆိုပါကဖြစ်ပြီးအချိန် 2 ပတ်ကျော်နှင့်အထက်လက္ခဏာဆိုးတွေရပ်သွားမှသာစတင်အသုံးပြုသင့်ပါသည်။


🛒 : SkinX Myanmar မှာဝယ်လို့ရပါသည်။


#dansdiary #dansbodycare #dansbodymask 

#dans_skinx_myanmar_dark_fix_premium_body_mask_review



သူ့ရဲ့ texture အရောင်လေးကပုံထဲကလိုပြာပြာလေးပါ။


ဒါကတော့ဗူးမှာပါတဲ့သူ့ရဲ့ inci နဲ့အသုံးပြုပုံ, ဆောင်ရန်ရှောင်ရန်လေးတွေကို dan" ပြပေးတာပါ။


ဘေးကအပြာလေးကတော့ရေစိမ်လိုက်ရင် sponge လေးဖြစ်သွားတာလေးပါ။

Comments

Popular posts from this blog

dan's reject products