skincare brand အသစ်တွေထဲဒီနှစ်ရင်ထဲရောက်တဲ့ brand တွေထဲထိပ်နေရာမှာရှိကတော့ eqqualberry ပဲ။
ဘယ်သူနဲ့မှမတူတဲ့ product lineup တွေ, eye catching ဖြစ်ပြီးမြင်လိုက်တာနဲ့သုံးချင်စဖွယ်ကောင်းတဲ့အရောင်အတွဲအစပ်တွေ, အာနိသင်ကို promising ပေးတာတွေ, brand အသစ်ပေမယ့် branding ဖြစ် တာတွေ, marketing strategy တွေ, ပစ္စည်းတွေများပြားမနေပဲထွက်သမျှကမိုက်နေတာတွေကြောင့် dan" တော်တော်လေးကိုသဘောကျမိတာပါ။
အခုဒီ serum လေးတွေဆိုရင်လဲပုလင်းနဲ့အထဲကအရောင်လေးတွေနဲ့တင်ကိုတအားသုံးချင်စဖွယ်ကောင်းလို့အားလုံးဝယ်မှရမယ်ဆိုပြီးကိုဝယ်မိတဲ့အထိပဲ။ပါတဲ့အရောင်တွေကလဲ ingredient တွေကရတဲ့အရောင်ကိုပဲသုံးထားပြီး artificial colourant မဟုတ်လို့စိတ်ပူစရာမလိုပဲသုံးလို့ရတာပဲ။တစ်ခုရှိတာတော့အရောင်ပြောင်းနိုင်ချေတော့ရှိတာပေါ့လေ။
ဒီထဲကအစိမ်း အပြာ နဲ့ ပန်းရောင် ပုလင်းလေးတွေကအသစ်ထပ်ထွက်တာပါ။နဂိုထဲကထွက်ထားတာကတော့အဝါနဲ့ခရမ်းလေး။ဒီ serum လေးတွေကပုံစံလေးတွေတင်တအားလှရုံတင်မကဘူးနာမည်အတိုလေးတွေကအစ lush blush တို့ blue blow တို့ green aid ဆိုပြီး catchy ဖြစ်ပြီးလှလို့အတူတူဝယ်ဖြစ်အောင်လာမြှူဆွယ်တာပါ🤪

Comments
Post a Comment