oxecure : ultra gentle moisturizer {detailed review}


ဘာ ingredient နဲ့တွဲတွဲပြေပြီးဘယ်လို skin အခြေအနေမျိုးဖြစ်ဖြစ် skin ကိုကျန်းမာဆုံးအနေအထားရောက်အောင်အထောက်အကူပြုပေးနိုင်တဲ့ squalene + ceramide based moisturizer ပါ။


squalene + ceramide based moistruizer တွေက market ထဲအင်မတန်ရှားသလိုပိုရှားတာကတော့သူ့လိုမျိုးအသားနဲ့ကပ်နေပြီး healthy skin finish ရှိတာမျိုးတွေပါ။ dan" moisturizer တွေအများကြီးလိမ်းဖူးတဲ့အထဲဒီကောင့်လို finish ကိုပထမဆုံးမြင်ဖူးတာပါပဲ။


ပုံမှန်ဆို squalene တို့ ceramide တို့ cholesterol တို့ pre & probiotics ပါတဲ့ moisturizer တွေကစိုရွှဲအိစက်နေတာများလို့ skin type နဲ့ပတ်ဝန်းကျင် temp အတော်ရွေးပေမယ့်ဒီကောင်ကတော့သူ့ရဲ့အဆီမများအသားနဲ့ကပ်တဲ့ finish ကြောင့် dry & super dry skin တွေကလွဲရင်အားလုံးကြိုက်မယ့် barrier care moisturizer မျိုးပါ။


သူ့ရဲ့ texture က lotion လောက်သွားပေမယ့်နည်းနည်းတော့ creamy ဖြစ်ပြီး thick ဖြစ်သလိုတော့ရှိတယ်။လိမ်းပြီးသွားရင်စိုရွှဲတာအဆီဖုပိုထွက်တာလိမ်းပြီးညိုမဲကျသွားတာလုံးဝမဖြစ်ပဲ pore blurring effect လေးပါရပြီးအဆီပိုထိန်းပေးတဲ့အပြင် skin ကကြည်ပြီးလင်းနေတာကတော့သူ့အားသာချက်တွေပါ။


အားနည်းချက်ကတော့ texture ကအနည်းငယ်ထူသလိုရှိတာကိုမှလိမ်းလိမ်းချင်းဆိုရင်ဖြူပြီး cream ပွတ်ရသလိုခဏဖြူသွားတတ်တာပဲ။အဲတာလေးတစ်ချက်ကလွဲရင်ကျန်တာကဘာမှကိုပြောစရာမရှိပါဘူး။အနံ့ကလဲ extract ကပါတဲ့ dried herb အနံ့ဖျောဖျောလေးကကပ်ရှူမှပဲရပါတယ်။


ချုံပြောရရင်နဂိုအဆီပြန်တက်တာကိုမှ barrier ထိထားတယ် sensitive & reactive ဖြစ်တာအတွက် barrier အတွက်အကောင်းဆုံးဖြစ်တဲ့ ceramide based moistruizer သုံးချင်တယ်စိုစိုရွှဲရွှဲကြီးမဖြစ်ချင်ဘူးအဆီဖုထမှာကြောက်တယ်ဆိုတဲ့သူတွေအတွက်အသင့်တော်ဆုံး moisturizer ဖြစ်မှာပါ။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲} 

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 75ml | 56k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : light herbal | light cream | semi-matte

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal to sensitive, combination to oily, oily to super oily, combination to slightly dry


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : squalene, panthenol, aloe, lactobacillus, 5X ceramides, vitamin e, ascorbyl palmitate, calendula, chamomile, corn flower


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansmoisturizer #dans_oxecure_ultra_gentle_moisturizer_review

Comments

Popular posts from this blog

dan's reject products