Get link Facebook X Pinterest Email Other Apps - September 25, 2025 တန်ခိုးကြီးမားလှတဲ့ skin1004 ရဲ့ sunscreen တွေပါ🫠7 မျိုးလုံးပြည့်ဖို့တော်တော်ကိုပတ်ရှာဝယ်လိုက်ရတယ်။အပြာလေးပြီးဘာတစ်ခုထပ်ဖောက်ရမလဲအကြံပြုပေးကြဘာဦး။ Get link Facebook X Pinterest Email Other Apps Comments
- May 30, 2025 အဆီဖု ဆားဝက်ခြံနဲ့ နာတဲ့ဝက်ခြံတွေအရမ်းထွက်လွယ်ရင် essential oil ပါတာများတာတွေရှောင်ပါ၊ silicone ပါတာအရမ်းများတာတွေရှောင်ပါ၊ wax များတဲ့ texture ထူထူပျစ်ပျစ်ကြီးတွေကိုရှောင်ပါ၊ formulation မကောင်းတဲ့အပေါစားတံဆိပ်ကပစ္စည်းတွေကိုရှောင်ပါ။ skincare product တွေကိုပြီးပြီးရောတွေ့ကရာအလွယ်ဝယ်မလိမ်းပါနဲ့။တစ်ခုခုဝယ်မယ်ဆို detailed review လေးတွေကိုရိုက်ရှာပြီးအရင်သေချာဖတ်ပါ။အင်တာနက်ခေတ်မလို့ရိုက်ရှာလိုက်တာနဲ့အကုန်ကျလာပါတယ်။ဖတ်ရုံပါပဲ။ တစ်ခုရှိတာကစိတ်ချယုံကြည်ရတဲ့နေရာကစာတွေကိုပဲဖတ်ပါ။လိုင်းပေါ်မှာကလည်းရောင်းချင်လို့သုံးလည်းမသုံးဘူးပဲဘာလာလာကောင်းတဲ့ဈေးသည်ဆိုးတွေနဲ့ဘာလာလာကောင်းတဲ့သူတွေအများကြီးရှိလို့ပါ။ အပျင်းတစ်ပြီးရှာဖွေဖတ်တာမျိုးမလုပ်ရင်တော့မိအေးနှစ်ခါနာမကဖြစ်တတ်ပါတယ်။ပိုက်ဆံလည်းကုန်၊ဝယ်တဲ့ပစ္စည်းလည်းဆုံး၊မျက်နှာလည်းပျက်ဆီး၊အခန့်မသင့်ရင်ဆေးခန်းပြရ၊နဂိုအသားအရေပြန်ရဖို့လည်းမလွယ်တွေဖြစ်တတ်ပါတယ်။ စာဖတ်ခြင်းကပိုက်ဆံအပိုမကုန်ပဲထိရောက်တာကြောင့်ဂျင်းအန္တရာယ်တွေကနေကင်းဝေးပြီးကျန်းမာစိုပြေလှပတဲ့အသားအရေလေးတွေမြန်မြန်ရကြမှာပါ။ဒါကြောင့်ဘာပဲဝယ်ဝယ်စာရှာဖတ်တဲ့အလေ့အကျင့်ကိုလုပ်ပါ။ #dansdiary #dansknowledgen... Read more
- June 14, 2025 the ordinary : niacinamide 10% + zinc 1% serum {detailed review} ဘယ်လောက်ကြာကြာမရိုးသွားပဲ old but gold ဖြစ်တဲ့ the ordinary legendary serum ပါ။ အဆီပြန်တာလား, ဝက်ခြံတွေထွက်ပြီးယောင်ယမ်းနေတာလား, ဝက်ခြံထွက်ပြီး post-acne marks တွေကျန်နေခဲ့တာလား, အသားအရေလင်းချင်တာလား, ချွေးပေါက်လေးတွေကျဉ်းသယောင်ဖြစ်ချင်တာလား စတဲ့စတဲ့ function တွေကိုသိသိသာသာပေးစွမ်းနိုင်တဲ့ multifaceted serum ပါ။ formulation ကရိုးရှင်းပြီးမလိုတာတွေဘာမှမပါတာဖြစ်လို့ဟိုမတည့်ဒီမတည့်ဖြစ်မှာဘာမှစိတ်ပူဖို့မလိုပါဘူး။တစ်ခုရှိတာက side ingredient တွေမရံထားပဲတည့်တိုး formulation နဲ့ဖြစ်တာမလို့ niacinamide ကိုအခုမှစသုံးမယ့်သူတွေအတွက်တော့ဒီ serum ကအနည်းငယ်ပြင်းသယောင်ဖြစ်နိုင်ပါတယ်။ texture ကအနည်းငယ်ချွဲစိစိရှိပြီးအနံ့ကခပ်စူးစူး acidic ဖြစ်တဲ့အနံ့မျိုးရှိပါတယ်။သို့ပေမယ့်စေးကပ်တာထူတာမရှိပဲလိမ်းပြီးရင်အသားထဲစိမ့်ဝင်သွားပြီးလုံးဝ matte finish နဲ့အဆီထိန်းပေးတာကသူ့ရဲ့အားသာချက်ပါပဲ။ တစ်ခုရှိသေးတာကတော့သူကအတုအရမ်းပေါပါတယ်။ made တွေလဲများတဲ့အပြင် us/uk made ကမှသာ result ပိုကောင်းပါတယ်။ korea စာပါတဲ့ korea import ကပျော့ပါတယ်။ ဆိုတော့ချုံပြေ... Read more
dan's reject products - May 29, 2025 မကောင်း, မတည့်, အဆင်မပြေ, မကြိုက်, qualify မဖြစ်, သုံးလို့ကောင်းပေမယ့်မသိသာ, ပေးရတဲ့ဈေးနဲ့မတန် စတဲ့မျိုးစုံသောအကြောင်းအရင်းတွေနဲ့ trash box ထဲ dan" ထည့်ထားတဲ့ပစ္စည်းတွေရဲ့ list ဖြစ်ပါတယ်။ ဒီ list က dan" page စလုပ်ထဲကလုပ်ပြီးမှတ်လာတာဖြစ်လို့နှစ်ချီကြာနေပါပြီ။မနေ့ကပုံလေးတင်တော့ဖြဲကြည့်နေရလို့သိချင်ကြမယ်ထင်လို့ list တင်ပေးတာပါ။ကောင်းတာတွေပဲပိုတင်ဖြစ်တော့အမြဲကောင်းတာတွေနဲ့ပဲတွေ့ကြုံနေရတာမဟုတ်ဘူးဆိုတာကိုတစ်ခါထဲအထုပ်ဖြေပြပြီးသားပါဖြစ်သွားတာပေါ့လေ။ ဒီ list ကို 3 လတစ်ကြိမ်လောက်အမြဲ update လုပ်ပေးနိုင်ဖို့လည်း dan" စီစဉ်ပေးမယ်နော်။မှတ်ထားသိမ်းထားလို့အကျိုးတော်တော်ရှိမယ့် post အမျိုးအစားဖြစ်မယ်ထင်ပါတယ်။ပိုက်ဆံမကုန် မျက်နှာမထိ စိတ်မဆင်းရဲရတာနဲ့တင်တန်ပါတယ်။ ဒီထဲကပါတဲ့ပစ္စည်းတချို့ကိုက brand ကိုမုန်းလို့ဘာကိုမုန်းလို့ရယ်မဟုတ်ပဲ hit or miss နဲ့ personal feeling တွေအရ individual သဘောတွေသာဖြစ်ပါတယ်။ဒါကိုဘာလို့ပြောတာလဲဆို brand နာမည်ပါတာနဲ့ brand တစ်ခုလုံးကဟာတွေမကောင်းဘူးထင်နေမှာဆိုးလို့ပါ။သို့ပေမယ့်တချို့ကတော့ တကယ် brand category တစ်ခုလုံးနီးနီးကပစ္စည်းတွေအကုန်မကောင်းတာပါ။ last update ... Read more
Comments
Post a Comment