အဆီဖုဝက်ခြံထွက်လွယ်တဲ့သူတွေနဲ့ sensitive skin တွေအတွက်အကောင်းဆုံး hybrid sunscreen ပဲ။
oxecure ရဲ့ brand target ကိုက acne-prone နဲ့ sensitive skin ကိုပဲအသားပေးထုတ်တဲ့အလျှောက်ဒီ sunscreen ကလဲအတော်ကို acne-prone နဲ့ sensitive skin တွေအတွက် ideal ဖြစ်တယ်။
အလယ်ကျတဲ့ formula နဲ့ hybrid sunscreen ဖြစ်တာမလို့ဖြူတာပြာတာလဲမဖြစ်တဲ့ hybrid sunscreen မျိုးပါ။ texture ကတော့ physical ပဲကိုနည်းနည်းနွယ်ပြီး blend ရတဲ့အချိန်မှာနည်းနည်းထူသလိုဖြူသလိုတော့ရှိပေမယ့်စိမ့်ဝင်သွားရင်ဘာ whitecast မှမကျန်ခဲ့ပါဘူး။
finish အပိုင်းကလဲ natural finish ဖြစ်လို့အရမ်းကြီးစိုပြီး dewy တွေ glowy တွေဖြစ်တာမျိုးမရှိပဲအသားနဲ့တစ်ထပ်ထဲကျပြီးသက်တောင့်သက်သာအရမ်းဖြစ်တယ်။တော်တော်များများသဘောကျမယ့်သဘာဝဆန်တဲ့ finish မျိုးပါ။ hybrid sunscreen ဖြစ်တာမလို့နေ့ခင်းနေ့လယ်မှာညိုကျသွားတာမျိုးလဲမဖြစ်ဘူး။
လိမ်းတဲ့နေရာမှာက physical ဖက်နွယ်တဲ့ texture မျိုးရှိလို့မျက်နှာသစ်ပြီးသူ့ကိုတန်းလိမ်းတာထက်ပိုပြီး blend ရလွယ်အောင်တစ်ခုခုလိမ်းပြီးမှသူ့ကိုလိမ်းတာမျိုးကပိုအဆင်ပြေပါတယ်။နောက်ပြီး 2 finger method နဲ့လိမ်းတဲ့အခါမှာ 1 finger စီလိမ်းတာကပိုအဆင်ပြေပါတယ်။ညကျ double cleansing လဲလုပ်ဖို့မမေ့ပါနဲ့။
ချုံပြောရရင်အဆီဖုဝက်ခြံထွက်လွယ်ပြီး sensitive ဖြစ်လွယ်တဲ့အသားအရေတွေအတွက် ideal sunscreen တစ်ခုထပ်တိုးလာတာပါပဲ။နောက်ပြီး sachet လေးလဲထွက်လို့စမ်းဖို့လဲလွယ်တယ်။အခု ဆိုဒီ sunscreen က clearance sale အနေနဲ့ 50% off လဲရှိနေတာဖြစ်လို့ 28k လောက်နဲ့ရနေပါတယ်။
🛒 : Snailwhite & Oxecure Myanmar
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 30ml
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | light cream | natural
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : after applying 30mins
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination to oily > oily > super oily > combination to slightly dry + uv protection > acne-prone > sensitive
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : aloe, licorice, niacinamide, panthenol
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #dansuvprotection #danssunscreen
#dans_oxecure_daily_sunscreen_review

Comments
Post a Comment