fiorese : pure hydra water cream {detailed review}


fiorese ရဲ့ pure hydra lineup မှာအကောင်းဆုံးကောင်ပါ။တစ်ခုပဲရွေးဆိုဒီကောင်ကိုပဲရွေးမယ့်အထိကိုကောင်းတဲ့ကောင်ပါ။


မြန်မာနိုင်ငံရာသီဥတုနဲ့အရမ်းကိုကိုက်တဲ့ gel moisturizer ကိုမှ hydration နဲ့ moisturizing level လေးကသင့်တင့်ပြည့်စုံလွန်းပြီးအတော်ကိုလိမ်းကောင်းတဲ့ moisturizer ပါ။


texture ကကျဲကျဲအေးအေးလေးကိုမှလိမ်းလိုက်ရင်အစိုဓာတ်လေးကပြည့်သွားပြီးအသားလေးပါတင်းတင်းရင်းရင်ဖြစ်လာစေတဲ့ကောင်ပါ။တချို့ဆိုချွေးပေါက်လေးတွေပါပြန်ပြီးကျဉ်းလာပြီးအသားကြည်လာတယ်လို့ကို feedback တွေပြန်ကြားရတဲ့ကောင်ပါ။ဒီလို result တွေရတာက niacinamide 2% ပါတာကြောင့်လို့ပြောရင်လဲမမှားပါဘူး။


ပြောရရင် gel texture နဲ့ဆိုပေမယ့်သာမန် gel moisturizer တွေကနေကွဲထွက်ပြီး hydration + pore care အတွက်ပါကောင်းတဲ့ကောင်ပါ။မြန်မာနိုင်ငံရာသီဥတုနဲ့မနက်ရောညပါလိမ်းလို့အဆင်ပြေမယ့်ရိုးရိုးရှင်းရှင်း active ingredient တွေလဲမပါတဲ့ HA 10မျိုး infused ထားတဲ့ gel moisturizer ပါပဲ။


အားနည်းချက်ကတော့ 50ml ပဲပါတာပဲ။တအားလူးကောင်းလို့ခဏခဏလက်လှမ်းမိတာရော dan" ကနဂိုထဲကအသုံးနည်းနည်းကြမ်းတာရောကြောင့်လိမ်းလို့ကိုမဝခင်ကုန်သွားတာပဲ။


ချုံကြည့်လိုက်ရင်ရိုးရိုးရှင်းရှင်းနဲ့ကျဲကျဲအေးအေး texture ရှိ​ပြီး skin အတွက်လုံလောက်တဲ့ hydration ပေးနိုင်တဲ့ moisturizer မျိုးရှာနေရင်ဒါမှဒါပဲ။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 50ml | 32k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | gel | hydrates & soothe

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeka

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, no, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination to oily > oily to super oily > combination to slightly dry


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : niacinamide, panthenol, centella, 10ha, aloe, eggplant 


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansmoisturizer #dans_fiorese_pure_hydra_water_cream_review


 

Comments

Popular posts from this blog

dan's reject products