1• breakout control
(အဖုတွေပေါက်လာရင်လတ်တလောထိန်းဖြစ်သော routine)
acne control ကတော့အခုထိမပြတ်တဲ့ routine ပါပဲ။ဒါကတော့လတ်တလောသုံးဖြစ်တာများတဲ့ဟာလို့ပြောရမယ်။အဓိကကတော့ calming/soothing နဲ့ anti inflammation ကိုမပြတ်တွဲပြီး treatment-focused treatment step တွေနဲ့သင့်တင့်တဲ့ moisturizing ကိုအဓိကထားပြီး dan" တွဲကုလေ့ရှိပါတယ်။တစ်ခုရှိတာပတော့ breakout အခြေအနေပေါ်မူတည်ပြီးတော့တော့ product ကိုရွေးချယ်ပါတယ်။
ဒီထဲမှာဆို dan" မပြဖြစ်တဲ့အသစ်ဖြစ်တဲ့ bring green ရဲ့ serum ကတအားကောင်းပါတယ်။ကျန်တာတွေကတော့ထွေထွေထူးထူးပြောစရာမလိုတော့ဘူးထင်တာပဲ။
2• brightening
(အသားကြည်လင်းဖို့သုံးနေသောလတ်တလော routine)
ဒါကတော့ angry acne တွေမရှိဘူးဆိုအသားအရေကိုမိုင်ကုန်ကြည်လင်းဖို့သုံးတဲ့လတ်တလော brightening routine ပါ။ post-acne marks အတွက်ဆိုလဲမမှားဘူး။
bring green ကြီးရဲ့တောက်ပလင်းထိန်မှုကတအားပဲ။ အဲတာကြောင့်ဒီပုတု serum လေးတွေကို 3 days serum လို့ခေါ်ကြတာ။ကျန်တာတွေကတော့နောက်မှပြောပြမယ်နော် xD
3• pore care
(ချွေးပေါက်လေးတွေကျဉ်းဖို့လတ်တလောသုံးနေသော routine)
ချွေးပေါက်ကတော့နေမကောင်းတာနဲ့ခရီးသွားလိုက်တာမှာပွယောင်းပြီးကျယ်လာတာဒီအတိုင်းသုံးတာပြန်စိပြီးတင်းသွားတာသိသိသာသာပါပဲ။ pore care ကကျထင်သလောက်မလွယ်လို့ booster တော့ကူလိုက်တယ်။
dan" ကနဂိုထဲက skin trauma ကြောင့် pore size, depth, width, volume, number အကုန်များလို့ control လုပ်တာတော့ပြတ်လို့မရလို့ဒီဟာလေးတွေကအတော်ကောင်းပါတယ်။ highlight ဆွဲထုတ်ရမယ်ဆို cfc toner pad နဲ့ ilso နဲ့ frankly best trio ပဲ။
4• slow aging
(အိုမင်းရင့်ရော်ခြင်းကိုနှေးဖို့လတ်တလောသုံးနေသော routine)
slow aging ကိုလဲပစ်ထားလို့မရတဲ့အရွယ်ရောက်ပြီမလို့ slow aging အတွက်ကလဲလုပ်ရပါပြီ။ slow aging အတွက်ကတော့ retinol infused လေးသုံးတာမလို့ cleanser အပျော့နဲ့ glatomyces, peptides, barrier care moisturizer နဲ့ booster ကိုအားကိုးပါတယ်။
highlight အနေနဲ့ကတော့ scinic, aplb နဲ့ frankly trio ဖြစ်မယ်။တွဲလိုက်ရင်ကြည်စိုပြီးတင်းနေတာပဲ။
5• exfoliation
(ဆဲလ်သေနှင့်အညစ်အကြေးအ ကြွင်းအကျန်တွေဖယ်ရှားဖို့လတ်တလောသုံးနေသော routine)
exfoliator တွေကိုကတော့ dan" ခုတလောအပြင်းစားတွေရပ်ထားပြီး boj က AHA 2% + BHA 0.5% ကိုပဲပိုသုံးဖြစ်ပါတယ်။အကြောင်းကတော့ဟိုဟိုဒီဒီ active တွေပမာဏများနေတာရော barrier ကမခံနိုင်မှာဆိုးတာရောကြောင့်ပါ။
exfoliation နေ့ကတော့ barriee ကိုအပေါ်ကနေ ha တို့ panthenol တို့ ceramides တို့နဲ့သေချာပြန်လိုက်ဖြစ်တယ်။ highlight ကတော့ boj toner နဲ့ oxecure ရဲ့ ceramides moisturizer ပဲ။
6• barrier care
(barrier ထိသွားရင်လတ်တလောသုံးသော routine)
ဒီ barruer care routine ကလဲမပြတ်ပါဘူး။ဘာလို့ဆိုလျှောက်စမ်းလိုက်ဒုက္ခရောက်လိုက်ဖြစ်တာကိုး။ဒါကြောင့် barrier care ဆိုရင် minimalist ကိုမှ oil & water balanced ဖြစ်ပြီး skin ကို repair & nourish လုပ်ပေးတဲ့ formula ကိုပဲသုံးပြီးအမြဲကုပါတယ်။
ဒီထဲမှာအရမ်းအရမ်းကိုကောင်းတာက bring green ရဲ့ cera healer ပါ။ barrier ထိလို့အမြန်ဆုံးသက်သာတဲ့အထဲသူ့လောက်မြန်ပြီးကောင်းတာမမြင်ဖူးသေးဘူး။
7• multi-target
(အာနိသင်အစုံလိုချင်ရင်သုံးသောလတ်တလော routine)
ဒါကတော့ဝေခွဲမရမြေပဲမဖြစ်ပြီးဟိုအာနိသင်ရောဒီအာနိသင်ရောလိုချင်ရင်ရွေးတဲ့ formula ပါ။ soothing, brightening နဲ့ barrier strengthening ကိုတွဲတယ်ပေါ့။ဒါကပြောမယ့်သာပြောတာဒီ formula ကအရမ်းမိုက်နော် ကြည်လင်းစိုပြေနေတာပဲxD
.zip%20-%201.jpeg)
.zip%20-%202.jpeg)
.zip%20-%203.jpeg)
.zip%20-%204.jpeg)
.zip%20-%205.jpeg)
.zip%20-%206.jpeg)
.zip%20-%207.jpeg)
Comments
Post a Comment