သုံးတတ်ရင်ဆေးဖြစ်ပြီး အသုံးမတတ်ရင်ဘေးဖြစ်တတ်တဲ့မျက်နှာသစ်ဆေးပါ။


အားသာချက်တွေကစပြောရရင်သူက cleansing power အရမ်းကိုကောင်းတဲ့အပြင် salicylic acid လည်း 0.5% ပါတာကြောင့် cleansing power မနိုင်လို့ဖြစ်တဲ့ဆားဝက်ခြံအဆီဖုဝက်ခြံတွေအတွက်အတော်ကိုအထောက်အကူဖြစ်တယ်။မြင့်မားတဲ့ cleansing power ရှိတာကြောင့် chemical sunscreen တင်မကပေါ့ပေါ့ပါးပါး colour cosmetic တွေပဲလူးတယ်ဆိုသူ့တစ်မျိုးထဲနဲ့တင် deep cleansing အတွက်အဆင်ပြေတယ်။ cleanser တစ်ခုအနေနဲ့သူ့တာဝန်ကိုကျေတာထက်ပိုပြီးကိုအလုပ်လုပ်တယ်။


အားနည်းချက်တွေကတော့မြင့်မားတဲ့ cleansing power နဲ့အတူ skin ရဲ့ pH level က 4.5-5.5 ရှိတဲ့အချိန်မှာသူ့ရဲ့ pH level က 9 တောင်ရှိတာမလို့သစ်ပြီးသွားရင် moisture stripping ဖြစ်လွန်းပြီးအသားအတော်ခြောက်ပြီးကြမ်းပါတယ်။ဆိုတော့ညဖက်ပဲသစ်လို့ပြေသလိုသစ်ပြီးရင်လည်း moisturizing အတော်ကောင်းတဲ့ moistrurizer ကိုသေချာလိုက်လူးဖို့လိုပါမယ်။မလူးနိုင်ရင်မသုံးပါနဲ့။ soothing gel / gel လိုကျဲကျဲတွေလူးလို့လုံးဝမရပါဘူး။မဟုတ်ရင် dehydrated ဖြစ်အဆီပြန်ပြီးအသားခြောက်တာ, skin barrier ထိတာ, အဆီဖုဝက်ခြံပိုထွက်တာတွေဖြစ်မှာပါ။ဖြစ်လဲဖြစ်ကြပါတယ်။


နောက်ပြီးဒါကိုသုံးရင်ကန်ထွက်တယ်ဆိုတာမျိုးကတော့ skin အခြေအနေပေါ်မူတည်ပါတယ်ပုံမှန်အားဖြင့်တော့ကန်ထွက်စရာအခြေအနေကအတော်ကိုနည်းပါတယ်။ကန်ထွက်ကိုထွက်ပြီးမှသက်သာမယ့်ဝက်ခြံအမျိုးအစားတွေရှိတဲ့သူတွေမှကလွဲရင်တစ်ပတ်လောက်သစ်လို့အသစ်အကြီးကြီတွေအများကြီးထွက်လာရင်မတည့်တာပါ။


နောက်ပြီးမျက်နှာသစ်ဆေးဖြစ်တာမလို့မျက်နှာသစ်ဆေးအများစုနည်းတူအားလုံးကိုအကုန်မျက်လှည့်ပြသလိုသက်သာတဲ့ပုံစံနဲ့တော့အလုပ်မလုပ်ပါဘူး။သူ့ရဲ့ cleansing အလုပ်ကိုပဲအဓိကသေချာလုပ်ပြီးကျန်တာတွေကိုကအထောက်အကူဖြစ်တာမျိုးပါ။


ဆိုတော့ချုံပြောရရင်တော့အထာသိရင်အတော်လေးသစ်ကောင်းတဲ့မျက်နှာသစ်ဆေးပါ။ dense foam type နဲ့သစ်ပြီးရင်သန့်သွားတာကိုသိသိသာသာခံစားရတာမျိုးမလို့သူ့ပုံစံကိုသေချာသိရင်သုံးရအဆင်ပြေတဲ့မျက်နှာသစ်ဆေးထဲပါတာဖြစ်တာမလို့ worth the hype ပါပဲ။


ဝယ်သုံးမယ်ဆိုရင်အတုအစစ်စိတ်ချရအောင် cosrx ကိုဟိုးပဝေသဏီထဲကသွင်းလာတဲ့ beauty & me နဲ့ distributor အသစ်ဖြစ်တဲ့ commalax (ijin) တို့စီကတစ်ဆင့်လာတာတွေကိုပဲဝယ်စေချင်ပါတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 120ml | 25k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : lemon | dense foam | clean & fresh

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, no, yes, no, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily > super oily + deep cleansing > acne-prone > blackheads > whiteheads


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : lemon oil, tea tree oil, salicylic acid


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #danscleanser #dansfacialfoam

#dans_cosrx_salicylic_acid_daily_gentle_cleanser_review

Comments

Popular posts from this blog

dan's reject products