အခုလိုအစစအရာရာဈေးကြီးနေတဲ့ကာလကြီးမှာ 100000 ဖိုးဝယ်ရင် +50% နဲ့ 150000 ပြန်ရမယ့် promotion လေးတစ်ခုတွေ့လို့ dan" လက်တို့ပါဦးမယ်။
လိုတိုရှင်းပြောပြရရင်သူက gift card ကိုမှ +20% နဲ့ +50% အပိုပေးတယ်လို့ပြောလို့ရတယ်။ဒီ card ကိုဝယ်ပြီးတစ်လကျော်ပြီဆိုစသုံးရင်ဝယ်ထားတဲ့ amount ရဲ့ 20% အပိုရမယ်။ 6လကျော်မှသုံးရင် 50% အပိုရမယ်ဆိုတဲ့သဘောလေး။
ပြောရရင်ဒီအစီိအစဉ်က skincare ကိုအမြဲဝယ်ဖြစ်တဲ့သူတွေအတွက်ဆိုအရမ်းကိုတန်တယ်လို့ dan" တော့မြင်ပါတယ်။ skincare ဆိုတာလပဲခြားတယ်အမြဲဝယ်နေရတာဆိုတော့ +20% ပဲရမယ်ဆိုရင်တောင်တွက်ချေအတော်ကိုက်တာပါ။ +50% ဆိုရင်တော့အတိုင်းထက်အလွန်ပဲ။
ဒီ gift card ကိုကမွေးနေ့လက်ဆောင်ဖြစ်ဖြစ် anni လက်ဆောင်ဖြစ်ဖြစ်ကြိုက်ရာကိုယ်တိုင်ရွေးဝယ်ဖို့ပေးရင်အရမ်းအဆင်ပြေသလို, skincare junkies မလို့ကိုယ်တိုင်သက်သက်သာသာနဲ့တအိအိဝယ်ချင်တဲ့သူတွေဆိုဝယ်ထားသင့်တယ်လို့မြင်တယ်။ထူးခြားတာကတော့ဒါမျိုးကဘယ်ဆိုင်မှာမှဒါမျိုးလုပ်တာမရှိဘူးဆိုတော့လေ။
downside ရယ်တော့မဟုတ်ပေမယ့်ဝယ်ထားတဲ့ amount ရဲ့ 20% အပိုရဖို့ဆို တစ်လနဲ့ 50% အပိုရဖို့ဆို 6လတော့ထားထားဖို့လိုပါတယ်။ဒါကလဲပြန်တွက်ကြည့်ရင်တန်နေတုန်းပါပဲ။ reliable ဖြစ်တဲ့ investment လေးတစ်ခုပေါ့လေ။အတိုးရသလိုပေါ့ xD
ဒီဟာက dan" နဲ့ခင်တဲ့ The Inkey List Myanmar - Skinic Shop ကလုပ်တာမလို့စိတ်ဝင်စားရင်သူတို့ page ထဲဝင်ကြည့်ကြည့်နော်။ R & R တွေလဲအသေးစိတ်တင်ထားတယ်။သူတို့ဆိုင်ကပစ္စည်းတွေလဲအတော်စုံပြီး up to date ဖြစ်တာမလို့ +50% အပိုနဲ့ဝယ်လို့အတော်ပြေမှာပါ။ dan" တော့ 3 သိန်းတန်ကဒ်ကိုနောက်ခြောက်လနေမှ +50% နဲ့ 4သိန်းခွဲဖိုးသွားဝယ်ပါမယ်မဟုတ်လဲလိုတာရှိရင်ကြားထဲ +20% အပိုနဲ့ဝယ်မယ်🤪

Comments
Post a Comment