lotion တွေထဲအနံ့အရမ်းစွဲတဲ့အပြင်စိုအိပြီး skin ကို moisturizing ကောင်းကောင်းပေးပြီး baby skin လေးလို smooth ဖြစ်စေတဲ့ lotion ဆိုဒီ soap & glory က lotion တွေပဲဖြစ်မယ်။


အနည်းငယ်ထူထဲပြီး moisturizing ကောင်းတဲ့ texture ရှိတာမလို့ညဘက်ပိုင်းလူးလို့အရမ်းကိုကောင်းတယ်။ aircon အရမ်းအေးလို့အသားခြောက်တာမျိုးဖြစ်ဖြစ်, after exfoliate မှာလိမ်းဖို့ဖြစ်ဖြစ်, ရေမွှေးမလိုတဲ့အနဲ့စွဲတဲ့ lotion တစ်ခုလိုလိမ်းဖို့ဖြစ်ဖြစ်တော်တော်ကိုအဆင်ပြေတယ်။


အားလုံးက moisturizing အသားပေးတွေပဲဖြစ်ပြီး texture အနည်းငယ်ပဲကွာကြတယ်။ဒီ soap & glory က lotion တွေရဲ့အားသာချက်ကတော့အနံ့ပဲ။အနံ့တအားကိုစွဲပြီး perfume lotion တွေလိုကိုအနံ့ကခံတယ်။


ဒီ lotion တွေကိုဝယ်မယ်ဆိုသတိထားရမှာကတော့သူတို့ကအရမ်းမွှေးတာကြောင့်အနံ့ကိုအရင်ရွေးချယ်သင့်တဲ့ lotion တွေထဲပါတာမလို့ကိုယ်မကြိုက်တဲ့အနံ့မျိုးနဲ့တိုးရင်အန်ချင်မှာပါ။ texture ကလဲသာမာန် serum lotion တို့ဘာတို့လိုမဟုတ်တာဖြစ်လို့နည်းနည်းထူပြီးစိုအိတာကိုလဲကြိုက်မှရပါမယ်။နောက်ပြီးအရမ်းရမ်းကိုအသားခြောက်တတ်ရင်တော့ဒီ soap & glory က body butter တွေကပိုအဆင်ပြေမှာပါ။


ပုံထဲကငါးမျိုးထဲတော့ dan" ကအီစိမ့်မူးမေ့တဲ့အနံ့မျိုး​တွေအရမ်းကြိုက်တာဖြစ်လို့ smoothie star > call of fruity > magnifi coco > the righteous butter > great barrier leaf ဆိုပြီးကြိုက်ပါတယ်။


soap & glory မှာကနောက်ထပ်အနံ့တွေလဲအများကြီးရှိသေးပေမယ့်ဒီမှာကငါးမျိုးခြောက်မျိုးလောက်ပဲဝယ်လို့ရသေးလို့ bkk ထိ sale ရှိတဲ့အချိန်လှမ်းမှာဖို့စဉ်းစားနေရပြီ။ဘာလို့ sale ရှိတဲ့အချိန်လဲဆို sale မရှိရင်ဒီ lotion တွေကဈေးကြီးလို့ပါ။ sale ရှိမှပဲ 35k ဝန်းကျင်လောက်နဲ့ရတယ်။


#dansbodylotion #dansbodycare #dans_soap_n_glory_body_lotion_review 

Comments

Popular posts from this blog

dan's reject products