ilso : 1/3 saving cotton pad {detailed review}


ဒီ cotton pad ရဲ့ main target ကတော့ ilso ရဲ့ sebum softner နဲ့တွဲဖို့လို့ပြောရင်အမှန်ဆုံးဖြစ်လိမ့်မယ်။ ilso ရဲ့ sebum softner ကသာမာန် cotton pad တွေနဲ့သုံးတာထက်ဒီသူ့ရဲ့ cotton pad နဲ့သုံးတာကပိုပြီးထိရောက်ပါတယ်။


ဘာလို့ဆိုဒီ cotton pad ကပုံထဲမြင်ရတဲ့အတိုင်းဖော့ချပ်အပါးလေးလိုဖြစ်တာမလို့အရည်ကိုထည့်ပြီးကပ်တဲ့နေရာမှာပိုပြီး longer-lasting ဖြစ်စေတာကြောင့်မျက်နှာပေါ်မှာသေချာအလုပ်လုပ်ဖို့အချိန်ပိုရပါတယ်။ဒါကြောင့်ပဲ sebum softner ကို 15 မိနစ်ကပ်ထားတဲ့အချိန်မှာသူ့ကိုသုံးရင်အရည်ကခြောက်သွားတာမျိုးမရှိပါဘူး။


သူ့ကိုက sebum softner နဲ့ပဲသုံးလို့ရမှာလားဆိုရင်တော့မဟုတ်ပါဘူး။ dan" ပြောသလိုပဲသူကအရည်ကို hold လုပ်ပေးနိုင်တာကအတော်ကောင်းတာဖြစ်လို့ soothing ဖြစ်ချင်တဲ့နေရာကို soothing toner တစ်ခုခုထည့်ကပ်တာမျိုး, မျက်လုံးအောက်ကိုအသေးလေးညှပ်ပြီး HA ထည့်ကပ်တာမျိုးတွေကအစကိုယ်သုံးတတ်ရင်သုံးတတ်သလိုသုံးလို့ရပါသေးတယ်။


ပြောရရင်အခု 40 ပဲပါတယ်ဆိုပေမယ့်အတော်လေးအသုံးခံပြီးထင်ထားတာထက်ပိုအသုံးဝင်တာပဲ။ softner ဝယ်မယ်ဆိုရင်ဒါလေးကတော့တွဲဝယ်ကိုဝယ်သင့်တဲ့ကောင်ပါ။


#danscottonpad #dans_ilso_13_saving_cotton_pad_review


 

Comments

Popular posts from this blog

dan's reject products