krown : smooth & repair protein shampoo {detailed review}
အရမ်းလဲမထူသလိုအရမ်းလဲမပါးတဲ့ nourishing shampoo ရှာနေရင်ဒီ krown က shampoo လေးကအတော်သင့်တော်တယ်။
surfactant ကိုက SLES သုံးထားပြီး finish အရမ်းကြီးချွဲအိပြီးနေရခက်တာမျိုးမဟုတ်ပဲဆေးချရလွယ်သလို cleansing power လေးကလဲသင့်တယ်။လျှော်ပြီးတဲ့အချိန် finish ကလဲညိုတာထွေးတာမျိုးမဖြစ်ဘူး။
အရမ်းကြီးမစိုတဲ့ shampoo အမျိုးအစားဖြစ်လို့ low porosity ကနေ high porosity သမားတွေအထိသုံးလို့ရနိုင်တဲ့ shampoo မျိုးထဲသူကပါပါတယ်။အရမ်းကို moisturizing လိုနေတဲ့ high porosity ဆံသားတွေမှသာအဆင်မပြေမှာပါ။
အရမ်းကောင်းတဲ့အချက်ကတော့အနံ့အရမ်းကောင်းပါတယ်။ချစ်စရာကောင်းပြီးသိမ်မွေ့တဲ့ vibe လေးကိုအပြည့်ရတယ်။ပြောရရင်ချစ်ဖို့ကောင်းပြီးယဉ်ယဉ်သင်းသင်းအီအီအနံ့ကြိုက်တဲ့သူတွေဆိုသူ့အနံ့ကိုအတော်ကိုသဘောကျကျမှာပါ။
nourishing shampoo တွေအများစုရဲ့ concept အတိုင်းပဲသူ့မှာလဲ keratin, milk protein, silk နဲ့ argan oil တို့ပါပါတယ်။ဒါပေမယ့် dan" အနေနဲ့ဒါကို point out ဆွဲမလုပ်တော့ပါဘူး။အဓိကဖြစ်တဲ့ nourishing shampoo တစ်ခုအနေနဲ့အတော်လေးအဆင်ပြေပြေလို့မြင်ပါတယ်။
နောက်ပြီးဒီ shampoo က nourishing shampoo ဖြစ်လို့ဆံသားကို moisturizing နဲ့ repairing function တွေကိုပဲအဓိကလုပ်မှာဖြစ်လို့ဗောက်ထသက်သာတဲ့ target မဟုတ်သလိုဆံပင်ကျွတ်လဲသက်သာတဲ့ target လဲမဟုတ်ပါဘူး။
စာကြွင်း - ကိုယ်ကဗောက်အရမ်းထပြီး dandruff-prone ဖြစ်နေတဲ့အချိန်ဆိုရင်ဒါမျိုး nourishing shampoo တွေမသုံးသင့်သေးပါ။ဗောက်ပိုထတတ်ပါသည်။
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 : sweet | creamy
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐩𝐨𝐫𝐨𝐬𝐢𝐭𝐲 : low > medium
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐝𝐞𝐧𝐬𝐢𝐭𝐲 : all
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐡𝐢𝐜𝐤𝐧𝐞𝐬𝐬 : all
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐞𝐱𝐭𝐮𝐫𝐞 : all
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 𝐭𝐲𝐩𝐞𝐬 : all
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 | 𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 12M | 400ml | 28k
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 & 𝐡𝐚𝐢𝐫 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : dry & flaky scalp + nourishing > repairing > frizzy > breakage > heat damage > chemical damage > dryness > dullness
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : milk protein, aloe juice powder, hydrolyzed karatin, argan oil, colourants, fragrance
သတိပေးအကြံပြုချက် ။ ။ hair care product များသည်ကိုယ့်ရဲ့ hair id ကိုသေချာသိသာမှသာကိုက်ညီတဲ့ပစ္စည်းတွေကိုရွေးနိုင်မှာဖြစ်တာကြောင့်ကိုယ့်ရဲ့ hair id ကိုသေချာ analyze လုပ်ပြီးမှ detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှသာကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
hair care တွေသည် genetic, ingredient နှင့် brand formulation တွေအပေါ်မူတည်၍အာနိသင်ကွဲလွဲတွေရှိနိုင်သောကြောင့်မည်သည့် hair care product မဆိုအသုံးပြုနေစဉ်ကာလအတွင်းဆံပင်သိသိသာသာပိုကျွတ်လာခြင်းနဲ့ဦးရေပြားမူမမှန်ခြင်းတို့ဖြစ်ပေါ်လာပါကချက်ချင်းအသုံးပြုမှုကိုရပ်တန့်သင့်ပါသည်။
#danshairnscalpcare #dansshampoo #dans_krown_smooth_and_repair_protein_shampoo_review

Comments
Post a Comment