ilso : super melting sebum softner {detailed review}
ဆားဝက်ခြံတွေအဆီမျှင်တွေကိုခုသုံးခုသက်သာစေတာရဲ့အဓိက main character ကဒီကောင်ပါ။
double cleansing လုပ်သူကို cotton pad ထဲထည့်ပြီးကိုယ်သုံးချင်တဲ့နေရာ နှာခေါင်း သို့မဟုတ် မေးစေ့ကို 15မိနစ်လောက်ကပ်ထားလိုက်တာနဲ့ချွေးပေါက်ထဲကဆားဝက်ခြံနဲ့အဆီမျှက်လေးတွေကပျော့ပြီးအပြင်ကိုထွက်လာတာမျိုးပါ။
ဒီလိုပျော့ပြီးထွက်လာတာကဘာကြောင့်လဲဆိုရင်တော့ sebum ရဲ့ acidic level ကို alkaline pH level ရောက်အောင်လုပ်ပြီး enzymatic action နဲ့တွဲပြီး chemically ရော enzymatically ပါ breakdown လုပ်တဲ့ method ကိုသုံးပြီး sebum တွေရဲ့ bonds တွေ chains တွေကို breakdown လုပ်လိုက်တာကြောင့်ဆားဝက်ခြံနဲ့အဆီမျှင်လေးတွေကမာမာအခဲပုံစံတွေကနေအရည်ပုံစံဖြစ်သွားတာကြောင့်ညှင်ညှင်သာသာလေးနဲ့ဖယ်ထုတ်လို့ရသွားတာပါ။
သူကတခြားသောခုသုံးခုသက်သာသယောင်ရှိတဲ့ peel off mask တွေ, physical exfoliator တွေလိုအသားအရေကိုထိခိုက်မှုလုံးဝမရှိတာကြောင့်အမြဲတမ်းသုံးဖို့အတွက်ပါအဆင်ပြေပါတယ်။ after care တော့သုံးပြီးတိုင်းသေချာလိုက်ရပါမယ်။
ပြောရရင်သူက result ကို instant မြင်ရတဲ့ exfoliator တစ်မျိုးပါပဲ။ဒါကြောင့်သူ့ကိုသုံးပြီးချွေးပေါက်ထဲမှာရှိနေတဲ့ blackhead နဲ့ sebaceous filaments လေးတွေထွက်သွားပြီဆိုနောက်ကနေ treatment step နဲ့ moisturizer လေးတွေသေချာလိုက်လူးပြီးပွင့်ကျန်နေခဲ့တဲ့ချွေးပေါက်လေးတွေကိုသေချာပြန်ဂရုစိုက်ပေးဖို့လိုပါတယ်။
ဒါမှာသာချွေးပေါက်လေးတွေကတဖြည်းဖြည်းပြန်ကျဉ်းသွားမှာပါ။ blackhead နဲ့ sebaceous filaments တွေကြောင့်ချွေးပေါက်ကျယ်နေသူတွေဆိုသူက pore care အတွက်ပါအတော်ကိုအထောက်အကူဖြစ်တဲ့ကောင်လို့ပြောလို့ရတယ်။
သူ့ကိုကနှစ်ရက်ခြားတစ်ကြိမ်ကနေလိုသလိုရက်ခြားသုံးလို့ရပါတယ်။တစ်ခါသုံးမှနည်းနည်းပဲသုံးရတာဖြစ်လို့တစ်ဗူးဆို 6လ ကနေ 1နှစ်ဝန်းကျင်လောက်အထိကိုခံမှာပါ။တစ်ခုရှိတာကတော့သုံးတဲ့နေရာမှာသူ့ cotton pad နဲ့သုံးတာကအကောင်းဆုံးပါ။
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 150g | 52k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : rosemary | water | clean & fresh
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : instant
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, no, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + blackhead > sebaceous filaments
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : lavender oil, salix alba, panthenol, squalene, chamomile, centella, papain, heartleaf
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #dansexfoliators #dans_ilso_super_melting_sebum_softner_review

Comments
Post a Comment