krown : smooth & repair protein conditioner {detailed review}
ဆံသားကို coating ကောင်းကောင်းလုပ်ပေးပြီးပြန်ပြီးကောင်းမွန်လာဖို့အတွက်အဓိကအထောက်အကူပြုတဲ့ conditioner ပါ။
သူက conditioner type ဖြစ်တာမလို့ hair mask တွေလောက်တော့ nourishing မကောင်းပေမယ့်သာမာန်ဆံသားဖွာတယ်ခြောက်တယ်ကြမ်းတယ် chemical damage အနည်းငယ်ပဲဖြစ်ထားတဲ့သူတွေအတွက်လုံလောက်တဲ့အနေအထားမှာရှိတယ်။
သူ့ကိုအကြိုက်ဆုံးအချက်ကတော့အနံ့စွဲတာပဲ။သူကအနံ့တော်တော်စွဲတဲ့အထဲပါပါတယ်။ dan" 3မိနစ်လောက်ပဲထားပြီးရေဆေးချရင်တောင်အနံ့ကဆံသားမှာစွဲတယ်။နောက်ပြီးရေဆေးချရတာလဲအရမ်းလွယ်တာကလဲအတော်ကိုအဆင်ပြေတယ်။
dan" အတွက်တော့ဒီဟာကိုသုံးရတာက nourishing အပြည့်အဝဖြစ်တာမျိုးတော့မခံစားရဘူး။ အတော်ကိုကလိထားတာရော, ဆံလုံးကြီးတာရော, porosity က high လောက်သွားနေတာရော, သူက conditioner type ဖြစ်နေတာရောကြောင့်ပါ။သို့ပေမယ့်သူ့ကိုသုံးပြီးနောက်က leave-on တစ်ခုခုလိမ်းလိုက်ရင်ဆံသားကသိသိသာသာပိုပြီးအိပြီးနူးညံ့ပျော့ပြောင်းတာကိုခံစားရတာမလို့ dan" ကြိုက်တာပါ။
ချုံပြောရရင်တော့ price to performance အတော်ကောင်းတဲ့ conditioner ပါပဲ။သုံးရတဲ့ feeling, net content, product ရဲ့ target အားလုံးကအဆင်ပြေပြေပါ။
စာကြွင်း - ကိုယ်ကဗောက်အရမ်းထပြီး dandruff-prone ဖြစ်နေတဲ့အချိန်ဆိုရင်ဒါမျိုး nourishing conditioner တွေမသုံးသင့်သေးပါ။ဗောက်ပိုထတတ်ပါသည်။
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 : sweet | creamy
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐩𝐨𝐫𝐨𝐬𝐢𝐭𝐲 : low > medium
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐝𝐞𝐧𝐬𝐢𝐭𝐲 : all
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐡𝐢𝐜𝐤𝐧𝐞𝐬𝐬 : all
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐞𝐱𝐭𝐮𝐫𝐞 : all
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 𝐭𝐲𝐩𝐞𝐬 : all
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 | 𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 12M | 400ml | 29k
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 & 𝐡𝐚𝐢𝐫 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : nourishing > repairing > frizzy > breakage > dryness > dullness > chemical damage > heat damage
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : milk protein, aloe juice powder, hydrolyzed karatin, argan oil, colourants, fragrance
သတိပေးအကြံပြုချက် ။ ။ hair care product များသည်ကိုယ့်ရဲ့ hair id ကိုသေချာသိသာမှသာကိုက်ညီတဲ့ပစ္စည်းတွေကိုရွေးနိုင်မှာဖြစ်တာကြောင့်ကိုယ့်ရဲ့ hair id ကိုသေချာ analyze လုပ်ပြီးမှ detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှသာကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
hair care တွေသည် genetic, ingredient နှင့် brand formulation တွေအပေါ်မူတည်၍အာနိသင်ကွဲလွဲတွေရှိနိုင်သောကြောင့်မည်သည့် hair care product မဆိုအသုံးပြုနေစဉ်ကာလအတွင်းဆံပင်သိသိသာသာပိုကျွတ်လာခြင်းနဲ့ဦးရေပြားမူမမှန်ခြင်းတို့ဖြစ်ပေါ်လာပါကချက်ချင်းအသုံးပြုမှုကိုရပ်တန့်သင့်ပါသည်။
#danshairnscalpcare #danshairconditioner #dans_krown_smooth_and_repair_protein_conditioner_review

Comments
Post a Comment