drugstore brand တွေထဲ moisturizer ကောင်းကောင်းရှာနေရင်ဒီ IBR DORMIN 2% နဲ့ IBR-TCLC 2% ပါတဲ့ clinical formula နဲ့ဒီ moisturizer ကရွေးချယ်ဖို့ရာအတော်ကိုထင်းထွက်ပါတယ်။


ဒီမှာအဓိကပါတဲ့ IBR ကပိုင်တဲ့ innovative ဖြစ်ပြီး natural-derived patented ingredient နှစ်ခုဖြစ်တဲ့ IBR DORMIN ဆိုတဲ့ narcissus tazetta bulb extract နဲ့ IBR TCLC ဆိုတဲ့ jojoba oil + squalene + carotenoids တို့ကို infused လုပ်ထားတဲ့ဒီ key ingredient နှစ်ခုကအတော်လေးကို unique ဖြစ်ပါတယ်။


IBR DORMIN ရော TCLC နှစ်ခုစလုံးက barrier strengthening နဲ့ repair အတွက်, slow aging အတွက်, skin tone brightening အတွက်, oil & acne control အတွက်နဲ့ inflammation တို့အတွက်ထူးထူးခြားခြားကောင်းလို့မူပိုင်ခွင့်ပါတင်ထားတဲ့ patented ingredient နှစ်ခုပါ။


ဒီလို patented ingredient နှစ်ခုပါတဲ့ moisturizer ရဲ့ result ကဘယ်လိုရှိသလဲဆိုရင်တော့လိမ်းရင်းလိမ်းရင်း skin ကို inner ရော outer ပါပိုပြီး health ဖြစ်ပြီးကျန်းမာတယ်, အသားကြည်ကြည်လင်လင်လေးဖြစ်နေတာကိုခံစားရတယ်။ treatment step တွေလိုထင်းထင်းရှင်းရှင်း result မဟုတ်ပေမယ့် moisturizer တစ်ခုအနေနဲ့ hydration / moisturizing function ထက်ပိုပေးနိုင်လို့ drugstore အနေနဲ့အတော်ကိုကောင်းတယ်ပြောရမှာပါ​။


hyaluronic acid based moisturizer ဖြစ်ပြီး texture ကလဲ lightweight gel cream ကျဲကျဲလေးမလို့လူးရတာအတော်ကိုပေါ့ပါးသလိုအပြာရောင်လေးမလို့အတော်လဲလှတဲ့အရောင်အဆင်းရှိတယ်။ inci ကလဲရိုးရှင်းတိုတုတ်တယ်။ packaging ကလဲ zero-waste packaging ဖြစ်တဲ့ဖိမှထွက်တဲ့ pump ဗူးဝိုင်းလေးနဲ့မလို့ hygienic လဲဖြစ်တယ်။ good points တွေတော့များတယ်။


သို့ပေမယ့်သူက 100% ကြီးပြည့်စုံနေတာတော့မဟုတ်ဘူး။ downside ကတော့သူ့မှာပါတဲ့ fragrance က strong ဖြစ်တယ်။တော်တော်လေးသိသာတယ်။ဆိုတော့အနံ့ sensitive ဖြစ်ရင်ရွေးလို့မရနိုင်ဘူး။နောက်ပြီးအရောင်ကလဲအပြာလေးမလို့လှပေမယ့်နည်းနည်းပါတာများနေတာကိုသိက်သဘောမကျဘူး။ပြောရရင်အနံ့မပါတဲ့အပြင်အရောင်ကလဲတစ်ဝက်လောက်လျှော့လိုက်ပြီး labelling လဲ upgrade လုပ်လိုက်ရင်အတော်ပြည့်စုံသွားမှာ။


အချုပ်ပြောရရင်တော့ drugstore brand တွေထဲဒီလို patented ingredient နဲ့ထုတ်တဲ့ moisturizer ကရှားရှားပါးပါးမလို့အပေါ်ကပြောခဲ့တဲ့အားနည်းချက်နှစ်ချက်ကသာကိုယ့်အတွက်ဘာမှမဖြစ်ဘူးဆိုဒါလေးကအတော်ကိုအဆင်ပြေတဲ့ moisturizer ထဲပါတဲ့အပြင် steroid ထိတာတို့ barrier ပျက်ဆီးတာတို့အတွက်ကအစအဆင်ပြေတဲ့ moisturizer အမျိုးအစားဖြစ်လို့အရွေးမမှားနိုင်ပါဘူး။


🛒 : လိုင်းပေါ်ကနေဆို nada skincare ကနေဝယ်လို့ရမှာပါ။အပြင်ကနေဆိုရင်တော့ orange တို့ clover တို့မှာရတယ်။နောက်ပြီးသူက 10g sachet အထုပ်လေးလဲရတာမလို့စမ်းပြီးမှအကြီးဝယ်ဖို့ရာအဆင်ပြေတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 50ml | 49.5k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : strong | light gel cream | hydrates and soothe

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 :  4-8 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, no

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combiantion to oily > oily > super oily + barrier care > skin tone brightening > hydration > slow aging 


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : fragrance, colourant, 


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansmoisturizer #dans_nada_preskin_cream_review


Comments

Popular posts from this blog

dan's reject products