အထုပ်သေးဝယ်ပြီးဖောက်စမ်းပြီးတာနဲ့ဗူးကြီးတန်းဝယ်ဖြစ်သွားတဲ့ dan" ရဲ့ပထမဦးဆုံးသော foundation ပါ😆


colour cosmetic ကအရမ်းစိတ်မဝင်စားလို့အရမ်းလည်းမကျွမ်းကျင်တာတစ်ကြောင်း, ဝက်ခြံထွက်လွယ်လို့ထူထူပိတ်ပိတ်ကြီးတွေလည်းမလူးချင်တာကတစ်ကြောင်းမလို့ foundation ဆိုဘာမှကိုမဝယ်ဖြစ်မလူးဖြစ်ပေမယ့်ဒီ maybelline : super stay lumi-matte foundation ကတော့ဓာတ်ကျလို့စမ်းကြည့်လိုက်တာအတော်ကိုပေါ့ပါးပြီးလိမ်းရလွယ်လို့တော်တော်ကြိုက်ပြီးဗူးကြီးတန်းဝယ်ချလိုက်တာ။


coverage ကတော့ medium လောက်ပဲမလို့ပါးပါးကြည်ကြည်လေးပဲ။ pigment တွေအရမ်းမဖုံးပေးနိုင်ပေမယ့်ပါးပါးလေးနဲ့ကိုသူကအတော်လှတယ်။လိမ်းတဲ့နေရာမှာလဲ puff လေးနဲ့ပုတ်လိုက်ရင်ကိုအိုကေလို့လိမ်းရတာလည်းအရမ်းလွယ်ပဲ။ dan" တို့လိုမကျွမ်းကျင်သူတွေနဲ့အံကိုက်။


အောက်ခံ skin ကောင်းရင်သူကပိုလှတယ်လို့ပြောရမယ်ထင်တယ်။ကြာလေလှလေပဲ။နောက်ပြီးလိမ်းပြီးညိုမဲကျသွားတာတို့, အဆီအရမ်းပြန်လာတာတို့, ကွက်တာတို့, အရည်ပျော်ကျတာတို့, အဖုထွက်တာတို့တော့ dan" သုံးတဲ့ဆယ်ကြိမ်အထက်မှာမဖြစ်ဘူး။


အဓိကပြောရရင်တော့အဆီပြန်ပြီးအဖုလည်းထွက်တတ်တယ်, သိပ်လည်းများများစားစားမလိမ်းတတ်ဘူးဆိုတဲ့သူတွေနဲ့အရမ်းကိုက်တဲ့ unisex foundation မျိုးဖြစ်လို့တော်တော်အဆင်ပြေပြေပါ။သူက matte type ဖက်သွားတာဖြစ်လို့ dry to very dry skin တွေနဲ့တော့မပြေနိုင်ဘူး။


dan" ကတော့ skin ကဖြူပေမယ့် undertone ကျ N မလို့ N နဲ့ C ကြားရောက်တာလေးတွေနဲ့ပိုလိုက်လို့ 110 နဲ့အတော်ပြေပါတယ်။ shape ကတော့ dan" လဲမရွေးပေးတတ်လို့ဝယ်ချင်တယ်ဆိုပိုပြီး colour cosmetic ပိုင်းမှာကျွမ်းကျင်တဲ့သူတွေကိုမေးကြည့်နော်။


dan" ဝယ်တုန်းကတော့ဗူးကြီးကို your little eggy ကနေ 55000 နဲ့ဝယ်ထားတာပါ။ sale ရှိတဲ့အချိန်ဝယ်ထားတာနဲ့တိုးသွားတာမလို့ 55k နဲ့ရလိုက်တယ်လို့ပြောရမယ်။ပုံမှန်တို 70k လောက်ရှိတာထင်တယ်။နောက်ပြီးသူကအထုပ်လေးတွေလဲလာလို့အရင်စမ်းကြည့်ပေါ့နော်။အထုပ်ကတော့ dan" ဝယ်တာ 6.7k ပါ။


#dansdiary #danscolourcosmetics #dansfoundation #dans_maybelline_super_stay_lumimatte_foundation_review

Comments

Popular posts from this blog

dan's reject products