ဒုတိယကတော့ product detailed review ရေးတဲ့ post တစ်ခုချင်းစီတိုင်းရဲ့စာပိုဒ်အဆုံးမှာ product summary အမြဲပါပါတယ်။
product summary မှာဆိုရင်မြင်ရတဲ့အတိုင်း
1• ဖွင့်ဖောက်ပြီးခံတဲ့ကာလ (PAO)
2• ဈေးနှုန်းနဲ့ပါဝင်နဲ့ပမာဏ။
3• မှိုဝက်ခြံ နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် safe ဖြစ်မဖြစ်။
4•အနံ့, texture နဲ့ finish တွေဘယ်လိုရှိတယ်။
5• ခန့်မှန်းချေဘယ်လောက်အကြာမှာ result သိသာနိုင်တယ်။
6• 50-50 ingredient တွေပါမပါ။
7• ဘယ်လို skin type နဲ့ skin concern တွေအတွက်အသုံးပြုလို့ရတယ်ဆိုတဲ့ key point 7 ချက်ကို skincare နဲ့ bodycare အတွက်သုံးပြီး haircare ဆို 9 ချက် summary format တစ်မျိုးစီနဲ့အမြဲထည့်ရေးပါတယ်။
🛒 ရံဖန်ရံခါကျထိပ်ကဈေးခြင်းပုံ emoji လေးပါတတ်ပါတယ်။သူကတော့ပစ္စည်းဝယ်လို့ရတဲ့နေရာကိုတစ်ခါတစ်လေကြထည့်ရေးတာလေးပါ။
ပြီးရင်မတည့်တတ်ကြတဲ့ ingredient တွေရှိရင်ရှောင်လို့ရတဲ့ 🚨ingredient alert🚨 ကိုပါ dan" ထည့်ရေးပါတယ်။ဒါကများသောအားဖြင့်ပါကြတဲ့ Ingredient တွေကိုအဓိကထည့်ရေးပါတယ်။အရမ်းများတဲ့ inci တွေနဲ့ပါခဲတဲ့ extract တွေဆိုရင်တော့ dan" ထည့်မရေးပါဘူး။ဒါမျိုးဆိုရင်တော့ "inci ကရှည်လွန်းသောကြောင့်ကိုယ်တိုင်လေ့လာဖို့အကြံပြုပါသည်" ဟုထည့်ရေးမှာပါ။
နောက်ပြီးအဆုံးသတ်အနေနဲ့တော့ potential risk တွေနည်းသထက်နည်းရလေအောင်စာသေချာဖတ်ပြီးလေ့လာဖို့အတွက်သတိပေး reminder စာပိုဒ်လေးပါအမြဲထည့်ရေးပါတယ်။ဒါဆိုရင်တော့ dan" ရဲ့ detailed product review blog တစ်ခုမှာပါဝင်တဲ့အချက်အလက်လေးတွေကုန်ပါပြီ။
review ရဲ့ body အပိုဒ်မှာကတော့ product ရဲ့အလုပ်လုပ်ပုံ, အာနိသင်, အားသာချက်အားနည်းချက်နဲ့ကျန်သောသိသင့်တာလေးတွေကိုထည့်ရေးပြီးသားဖြစ်လို့အပေါ်ကပြောခဲ့တဲ့ format နဲ့ပေါင်းလိုက်တဲ့အခါ solid ဖြစ်တဲ့ detailed product review တစ်ခုအနေနဲ့ဖြစ်စေတာကြောင့် danies တွေအနေနဲ့ဖတ်ရတာအတော်ကိုအဆင်ပြေကြမှာပါ။


Comments
Post a Comment