skincare နဲ့ cosmetic လောကကြီးမှာတော်ရုံလူတွေမသိတဲ့ black marketing ကပ်တိုးအကွက်တွေမှအများကြီးကိုရှိပါတယ်။


1• product တွေကိုရာချီထောင်ချီသွင်းထားပြီးပစ္စည်းဝင်ခါနီးပြီဆိုရင်ချိန်ကိုက် beauty group တွေမှာဘယ်ကမှန်းမသိတဲ့ရေလုံပြုတ် honest review ဆိုတာတွေပလူပျံပေါ်လာတတ်တယ်။ဒါက black marketing တစ်မျိုး။


2• ဒီပစ္စည်းလေးအရမ်းသိသာတာပဲဆိုပြီး brand ကသူ့ဝန်ထမ်းတွေကိုဇွတ်ကောင်းနေရာတိုင်းမှာ review ရေးခိုင်းတာမျိုးတွေရှိတယ်။ပြီးရင်ပြန် share ပြန်တင်တယ်။ဒါကနောက်ထပ် black marketing တစ်မျိုး။


3• ပစ္စည်းတွေရောင်းရလာပြီဆိုအတုရှိသလိုလိုနဲ့အတုထုတ်ပြီးအစစ်ရဲ့ဟာကွက်တွေကိုဖုံးတာမျိုးလုပ်တတ်ကြသေးတယ်။ဒါကနောက်ထပ် black marketing တစ်မျိုး။


4• ခုမှထွက်တယ်သေချာတောင်မသုံးရသေးဘူးအရမ်းကောင်းနေပြီဆိုတာတွေကကြိုပြီးပိုက်ဆံနဲ့ offer လာတာကိုကြိုလမ်းခင်းထားတာမျိုးရှိလို့ teaser တွေဇွတ်လာတာရှိတယ်။ဒါကလဲနောက်ထပ် black marketing တစ်မျိုး။


5• clinic တွေချောင်းပေါက်အောင်သွားပြီး skincare ကြောင့်ပြောင်တင်းစိုလင်းနေသလိုမျက်နှာကိုအနီးကပ်ကြီးတွေရိုက်ပြတာမျိုးရှိတယ်။ဒါကလဲနောက်ထပ် black marketing တစ်မျိုး။


6• blogger / vlogger ဆိုပြီး skincare ညွှန်းပေးရင်ဘယ်လောက်ရမယ်ဆိုပြီးတချို့ brand တွေနဲ့ချိတ်ထားပြီးဘယ်သူလာလာအဲ brand ကဟာတွေပဲတမင်ပြောပြပြီးလုပ်စားတာမျိုးလဲရှိတယ်။ဒါကလဲ black marketing တစ်မျိုး။


7• အရမ်းတွေ viral ဖြစ် reach များ engagement ကောင်းနေတယ်ဆိုပြီးအထင်မှားအောင် like တွေ view တွေ cmt တွေဝယ်ပြီး boost ပြီးလုပ်တာမျိုးတွေရှိတယ်။ဒါကလဲ black marketing နောက်တစ်မျိုး။


8• ပိုက်ဆံရရင်ပြီးရော engagement ကောင်းရင်ပြီးရောဆိုပြီး quality မပြည့်မှီတဲ့ sunscreen တွေတခြား skincare step တွေကိုတင်ပြီး os role model wannabe တွေလဲရှိတယ်။ဒါကလဲနောက်တစ်မျိုး။


9• blog ရေးတယ် vlog ရိုက်တယ်ဆိုပေမယ့်ကိုယ့်ပစ္စည်းမဟုတ်ပဲသူများပစ္စည်းကိုတစ်ခါနှစ်ခါလောက်ယူသုံးပုံရိုက်ပြီး pr ရအောင် collab ရအောင် review ရေးတာတွေလဲရှိတယ်။ဒါကလဲနောက်တစ်မျိုး။


10•တကယ့် information မဟုတ်ပဲ script တွေချပေးထားတဲ့အတိုင်း review လိုလိုဘာလိုလိုတင်နေကြတာတွေလဲအများကြီးရှိတယ်။ဒါကလဲ black marketing နောက်တစ်မျိုး။


11• ဘာနေနေကိုယ်ရောင်းကိုယ်ကောင်းကိုယ်လုပ်ကိုယ်ကောင်းလိုတာထက်ပိုပြီး cross marketing လုပ်တာတွေလဲအများကြီးရှိတယ်။ဒါကလဲ နောက်ထပ်တစ်မျိုး။


12•ပစ္စည်းကတကယ်ကောင်းတာဆိုရင်လဲပြိုင်ဖက်မလို့ သို့် personal hate ရှိရင်အဲတာကိုမကျကျသွားအောင် group အလိုက်အချိန်နဲ့တပြေးညီ anonymous တွေနဲ့ bad review သီးသန့်တမင်တင်တာမျိုးကလဲရှိသေးတယ်။


13•အစစ်ပဲရောင်းတာပါဆိုပြီးအတုတွေကိုမသိသလိုသိသလိုနဲ့ရောရောင်းပြီးမိရင် supplier ဖက်ကဖြစ်သလိုလိုမုန်လာဥလုပ်တာ, exp date ကုန်တာကို pao ကျန်တယ်ဆိုပြီးလိမ်ရောင်းတာ, ဖောက်စမ်းပြီးမှရောင်းတာတွေလဲရှိတယ်။ဒါကလဲတစ်မျိုး။


ပြောရင်ကုန်မှာကိုမဟုတ်ဘူးအများကြီးမှအများကြီးကိုရှိသေးတယ်။ပြောရမှာပျင်းလို့ဝင်မပြောတာမသိတာမဟုတ်ဘူး။ skincare, haircare, body care, selfcare နဲ့ lifestyle development အကြောင်းပဲနောကြေတာမဟုတ်ဘူးနော် skincare နဲ့ cosmetic လောကအကြောင်းကိုပါထုံးလိုမွှေရေလိုနှောက်အောင်စုံစီနဖာသိတဲ့ dan" ပါ😆


#dansdiary #dansknowledgentips

Comments

Popular posts from this blog

dan's reject products