scinic : hyaluronic acid cream {detailed review}


အရမ်းကိုလိမ်းရကောင်းတဲ့ texture နဲ့ဘာနဲ့တွဲတွဲ routine တိုင်းမှာအဆင်ပြေလို့ကခဏခဏလမ်းလှမ်းမိတဲ့ catchy အတော်ဖြစ်တဲ့ moisturizer ပါ။ dan" သူ့ကိုတော်တော်ကိုကြိုက်ပါတယ်။


watery cream texture အနေအထားမှာ texture က အတော် blend ရကောင်းလူးရကောင်းတယ်။ moisturizing level ကလည်း over မဖြစ်ပဲ balanced ဖြစ်ပြီးညအတွက်လုံလောက်တဲ့ကွက်တိမက်စိအနေအထားကိုပေးတယ်။


ဘာလို့ညလို့ထည့်ပြောတာလဲဆိုရင်တော့ dan" မနက်ဆိုအဆီပြန်တတ်တာမလို့ခပ်ပါးပါး moisturizer ထည့်တာနဲ့ moisturizer ကျော်ပြီး sunscreen ပဲလူးတာမျိုးလုပ်ဖြစ်တာများလို့ပါ။ညဘက်မှသာ AC ကအရမ်းအေးလို့ dry တာကြောင့် layering များများလိုက်တာနဲ့ moisturizing level မြင့်တာတွေကိုထည့်သုံးဖြစ်တာကြောင့်ပါ။


ဆက်ပြီးအမွှန်းတင်ရရင်သူကကတော်တော်ကိုလိမ်းကောင်းတဲ့ moisturizer ပါ။ 35000 ဝန်းကျင်မှာပြိုင်စံရှားလိမ်းကောင်းတယ်လို့ကိုပြောလို့ရတယ်။ moisturizing level ကမနိမ့်ပဲအလယ်အလတ်ဖြစ်တာမလို့ super oily နဲ့ oily skin တွေတော့မနက်ခင်းလိမ်းတဲ့အခါပိုပြီး dewy ဖြစ်တာကိုတော့ခံစားရနိုင်တယ်။


dan" လိုညဘက်အသားခြောက်တတ်တဲ့သူတို့, နဂိုထဲက combination လောက်ရှိတဲ့သူတွေအတွက်ဆိုဒီကောင်က holy grail ပဲ။ hydrator + moisturizer ဖြစ်လို့တစ်ဗူးထဲနဲ့တင် dehydrated ဖြစ်တာတို့ dry & tight ဖြစ်နေတာတို့အတွက်အတော်ကိုအဆင်ပြေမှာပါ။


routine တိုင်းမှာထည့်သုံးလို့ရတဲ့အပြင် balanced moisturizing နဲ့ hydration ကောင်းမွန်တာမလို့ရိုးရိုးရှင်းရှင်းနဲ့ skin ကိုပိုပြီးစိုပြေဖို့နဲ့ barrier ပိုကောင်းဖို့အထောက်အကူဖြစ်တာမလို့ရိုးရိုးရှင်းရှင်းနဲ့ကောင်းတဲ့ moisturizer ရှာနေရင်ဒါကိုထည့်ကိုစဉ်းစားသင့်ပါတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 80ml | 36k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | watery cream | moisturized & smooth

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, no, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > sensitive & reactive > combination to oily > oily > combination to dry > slightly dry + hydration > barrier care


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : 5-HA, centella, panthenol


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansmoisturizer #dans_scinic_hyaluronic_acid_cream_review

Comments

Popular posts from this blog

dan's reject products