4 လပိုင်းလောက်ထဲကနေခုထိအရမ်းဓာတ်ပိုကျလာတဲ့ ingredient ကတော့ hyaluronic acid (HA) ပဲ။ HA ကဘာ ingredient နဲ့တွဲတွဲသုံးသုံးအဆင်ပြေတဲ့ joker ingredient ဆိုတော့ routine ထဲအဆင်မပြေမှာစိတ်ပူစရာမလိုတဲ့အပြင်မနက်နိုးလာရင်အသားအရေကသာမာန်ထက်ပိုစိုအိတင်းပြီးချွေးပေါက်လေးတွေကိုဆွဲတင်းပေးတဲ့ result ကတော်တော်ကောင်းတယ်။

HA ကတကယ်တော့အရမ်းမထူးခြားဘူးဆိုပေမယ့်ဒါကိုပဲ brand တွေက concept လှည့်သုံးကြလိို့သိသိသာသာကြီးမကွဲပြားကြပေမယ့်လဲ molecule size နဲ့ formulation ပေါ်မူတည်ပြီးရတဲ့ result, လိမ်းရတဲ့ texture နဲ့ feeling ကတော့တစ်ခုနဲ့တစ်ခုကွာတယ်။နောက်ပြီး HA ဆိုပြီးတွေ့သမျှရွေးတာထက် skin type ပေါ်မူတည်ပြီး texture နဲ့ formulation ကိုချိန်ပြီးရွေးသုံးတာကပိုအဆင်ပြေတယ်။

ပြောရရင် HA ကအသက်အရွယ်မရွေးသုံးလို့ရတဲ့ ingredient ပဲ။ဟိုးငယ်ငယ် teenager အရွယ်ကနေ slow aging product တွေဖိသုံးရတဲ့အရွယ်ထိကိုအဆင်ပြေတဲ့အထိပဲ။ result ကတော့ရေရှည်မှာ barrier ပိုကောင်းပြီးတင်းတင်းရင်းရင်းစိုစိုပြေပြေနဲ့ healthy, bouncy & plumping ဖြစ်ပြီး youthful ဖြစ်တဲ့ skin complexion မျိုးကိုပေးနိုင်တယ်။

HA တွေရဲ့အာနိသင်ကို maximize ဖြစ်တဲ့အထိရနိုင်ဖို့အတွက်အကောင်းဆုံးလိမ်းတဲ့နည်းကတော့မျက်နှာသစ်ပြီးတန်းလိမ်းမယ်ဆိုမျက်နှာမှာရေမစိုမခြောက်ခင်အချိန်နဲ့တခြား step တွေမှာဆိုရင်လဲအရှေ့က step အရမ်းကြီးမစိမ့်ဝင်သွားခင်မှာလိမ်းတာကအကောင်းဆုံးပဲ။

ဒါမှသာ HA ရဲ့ mechanism ဖြစ်တဲ့ water magnet function အတိုင်းပတ်ဝန်းကျင်ကရေကိုသူ့ရဲ့ weight ထက်အဆတစ်ထောင်ဆွဲထိန်းပေးတာကအသားအရေပေါ်မှာအဆင်ပြေပြေအလုပ်လုပ်တယ်။မဟုတ်ရင် 24//7 AC အမြဲဖွင့်တဲ့ low-humidity environment လိုမျိုးမှာဆိုရင်အသားထဲကရေဓာတ်ကိုပြန်ဆွဲယူထုတ်တတ်လို့ skin က dehydrated ဖြစ်သွားတတ်တယ်။

HA တွေကိုသုံးရင်ကထွေထွေထူးထူးသတိထားစရာတော့မရှိပေမယ့်အပေါ်ကပြောခဲ့တဲ့တစ်ချက်ရယ်နောက်တစ်ခုကတော့ toner နဲ့ treatment step တွေမှာထည့်တယ်ဆိုရင်တော့အပေါ်ကအစိုဓာတ်ကိုသေချာ seal လုပ်ပေးနိုင်တဲ့ moisturizer ကောင်းကောင်းလိမ်းကိုလိမ်းပေးဖို့လိုတယ်။ဒါမှပဲ skin က healthy, bouncy & plumping skin complexion မျိုးကိုရပါတယ်။ဒီနှစ်ချက်ကိုမလိုက်နာရင် skin က dehydrate ဖြစ်ပြီးချွေးပေါက်တွေပိုမြင်သာထင်ရှားတာမျိုးတွေ skin ကမကျန်းမာတော့တာတွေဖြစ်တတ်တယ်။

စာကြွင်း : ပုံထဲကတော့ HA တွေသိသိသာသာပါတဲ့ product တွေဖြစ်ပြီးပုံထဲပါတဲ့ HA ပါ product တွေကိုက dan" အကုန်မဖောက်သုံးရသေးပါဘူး တစ်ဝက်လောက်ကအသစ်တွေပါ။

#dansdiary #dansknowledgentips

Comments

Popular posts from this blog

dan's reject products