trend နေတယ်ဆိုတိုင်းမလိုအပ်ပဲနန့်နန့်ထိုးဇွတ်ကောင်းတာတို့, good taste မရှိ cosmetology wise မရှိပဲ ဝူးရှူးဝါးရှားလုပ်တာတို့က dan's diary မှာမရှိပါဘူး။


ခုပဲထွက်ခုပဲကောင်းတာမျိုး, ခုပဲသုံးခုပဲအရမ်းကြိုက်တာမျိုးတွေမလုပ်တတ်လို့ဒါလေးကောင်းလားဆိုပြီးတစ်ခုခုလာမေးရင်မသုံးဖူးသေးလို့, dan" ဝယ်ထားပေမယ့်မဖောက်ရသေးလို့ဆိုတာမျိုးကိုပဲအမြဲဖြေပါတယ်။


trend wave တွေကအခုရောနောက်ရောအများကြီးလာဦးမှာမလို့ trend ဖြစ်တိုင်းမှာအကုန်လုံးကိုတော့အချိန်နဲ့တပြေးညီ info တွေပေးတာမျိုး dan" မလုပ်ပေးနိုင်လို့ပါ။ပြောရရင် dan" ကဘာနေနေအချိန်ယူလေ့လာသုံးတာဖြစ်လို့ trend တွေမမှီဘူးအမြဲနောက်ကျတာများပါတယ်။ဒါကလဲသိကြမှာပါဝယ်တာပဲပြပြီးပြန်မပေါ်လာတာများလို့။


ပြောပြချင်ကတော့ trend wave တွေကနောက်ဆိုပိုများလာမှာဖြစ်လို့မလိုအပ်ရင် dan" လိုက်မပြောတော့ပါဘူး။အဲအစား dan's diary က dan" တင်ရင်စိတ်ချရတယ်ကောင်းတယ်ယုံရတယ်ဆိုတဲ့စိတ်လုံခြုံမှုကိုပဲပေးမြဲပေးရင်းကိုယ့်ငါးချဉ်ကိုယ်ပဲချဉ်လိုက်ပြီးကိုယ့်လူတွေကိုပဲရှေ့လျှောက်ဆက် cover လုပ်ပါမယ်။အကုန်လိုက်ပြောရင်နက်ဂတစ်ဖြစ်တယ်ဆိုပြီးအသံတွေထွက်လို့လေ။


တစ်ခုကောင်းတာကတော့ trend ဖြစ်တယ်ဆိုတဲ့ wave တစ်ခုစီတိုင်းမှာဘယ်သူကတော့ဦးနှောက်ရှိတယ်မရှိဘူး, ဘယ်ဆိုင်ကတော့ပိုက်ဆံမမက်ပဲ consumer ကိုအလေးထားတယ်မထားဘူးဆိုတဲ့အရာကိုစစ်ထုတ်ပြီးသားဖြစ်တယ်။ဒါကတော့တကယ့်ကောင်းကွက်အကြီးစားပဲ။နောက်ဆို quality တွေပဲကျန်မယ်။ 

Comments

Popular posts from this blog

dan's reject products