82000 ပေးဝယ်ရပြီးဗြုတ်စိဗြုတ်စိအဆီဖုလေးတွေအများကြီးနဲ့မာမာခဲခဲဝက်ခြံကြီးတွေပါထွက်လာလို့သားသားမပျော်တော့ပါ🥹


ဒီ dr.althea ရဲ့ 345 relief cream texture ကတော့ dan" မှန်းထားတာထက်ပေါ့ပါးပြီးလိမ်းရကောင်းပါတယ်။မထူပဲ skin နဲ့အတော်လေးကို fit ဖြစ်တယ်။လိမ်းလိုက်ရင်ညက်ညောပြီးအသားမှာတစ်လွှာ seal လုပ်ပေးတယ်။ချွေးပေါက်လေးတွေကအစ blur ဖြစ်တယ်။လိုင်းပေါ်မှာလျှောက်ပြောသလို ointment လိုထူတယ်ဆိုတာမျိုးတော့မဟုတ်ပါဘူး။


သူ့ကို dan" အစကထင်တာက moisturizing ကောင်းပြီး barrier ကိုသေချာလေး nourishment ပေးပြီး repair လုပ်ပေးနိုင်မယ်လို့ထင်ပေမယ့်အဲလိုမဟုတ်ဘူး။တကယ်တော့သူက silicone based moisturizer ကိုမှ light cream ကျဲကျဲလောက်ပဲဖြစ်နေတယ်။


ပြသာနာကဘာလဲဆိုတော့သူကလူတော်တော်များများနဲ့အဆင်ပြေမယ့် moisturizer မျိုးမဟုတ်ဘူး။အဓိကကတော့အရမ်းချွေးပေါက်ပိတ်လွယ်တဲ့သူတွေ, barrier ထိတာမဟုတ်ပဲဒီတိုင်းသာမာန်အဆီဖုနဲ့ဝက်ခြံ breakout ဖြစ်တာမလို့ silicone film တစ်ထပ်နဲ့ seal လုပ်ပြီး repair လုပ်စရာမလိုတဲ့သူတွေဆိုလိမ်းရင်အဆီဖုနဲ့ဝက်ခြံအကြီးကြီးတွေပိုထနိုင်တယ်။အကြောင်းကတော့ချွေးပေါက်ပိတ်လွယ်တဲ့ moisturizer အထဲပါတယ်ပြောလို့ရတာပဲ။


သူ့ကိုကသာမာန်ချွေးပေါက်မပိတ်လွယ်တဲ့သူတို့, တချို့ barrier ထိသွားတဲ့သူတို့, တချို့ဘာလိမ်းလိမ်းပြေတဲ့ cowy skin တွေနဲ့, တချို့ skincare ကိုခုမှစလိမ်းဖူးတဲ့သူတွေလောက်ပဲပြေမယ်။


အာနိသင်အပိုင်းကိုပြောရရင်တော့လုံးဝအားမရပါဘူး။လိမ်းလို့ကောင်းတယ် ok တယ်ဆိုတဲ့အနေအထားပဲ။သူ့ရဲ့ key ingredient တွေက niacinamide နဲ့ panthenol ဖြစ်လို့ inci wise အရကြည့်မယ်ဆိုဘာမှတော့ဆန်းပြားဘူး။ over marketing ဖြစ်လွန်းတယ် လိမ်းကြည့်ပြီးတော့ပိုသိသာတယ်။


ကောင်းတာကတော့လိမ်းလို့ကောင်းတယ် concept လေးကမဆိုးဘူး။တစ်မျိုးထဲလိမ်းချင်တဲ့ breakout သမားတချို့နဲ့, barrier ထိထားတဲ့သူတချို့အတွက် acne care ရော post-acne marks တို့အတွက်ပါအဆင်ပြေကောင်းပြေနိုင်တယ်။တချို့ပဲနော်။


ချုံပြောရရင်လိမ်းရ ok တယ်ဆိုပေမယ့်သူ့ဈေးတန်းနံ့ကတစ်စက်မှတော့မတန်ပါဘူး။ပေးရတဲ့စျေးနဲ့မတန်တဲ့အပြင်တည့်ပါမတည့်လို့ပိုပြီးမနောပျက်။ဒီလိုရက်ပိုင်းနဲ့အဆီဖုတွေဝက်ခြံမာမာတွေထွက်တာ dan" တော်ရုံအတော်ကိုဖြစ်ခဲတယ်။ဒီ 345 cream ကတော်တော်ဆိုးတယ်လို့ကိုပြောလို့ရတဲ့အနေအထားပဲ။


ပြောရရင်သူ့ဈေးတန်းနိုင်တယ်ဆိုသူ့ကိုဝယ်မယ့်အစားဈေးတန်းတူပြီးပျံလန်နေအောင်ကောင်းတဲ့ klairs ရဲ့ old but gold ဖြစ်တဲ့ midnight blue calming cream ကိုပဲဝယ်တာကပိုပြီးအများကြီးထိုက်တန်တယ်လို့မြင်တယ်။လိမ်းရတဲ့ feeling နဲ့ result ကလုံးဝကို level မတူဘူး။ ml ပိုများတယ် အာနိသင်ပိုကောင်းတယ် ပိုသိသာတယ်။တကယ်တော့နှိုင်းယှဉ်စရာကိုမဟုတ်တာပါဈေးတန်းဆင်လို့သာ။

Comments

Popular posts from this blog

dan's reject products