ရိုးရိုးရှင်းရှင်းလေးနဲ့ထိထိမိမိကောင်းတဲ့ toner ဆို equualberry ရဲ့ swimming pool toner ပဲ။


eqqualberry ကိုက k beauty junkies တိုင်းသိကြမယ်ထင်ပါတယ်။အထူးသဖြင့်ဆိုသူ့ရဲ့ဒီ toner က global hit ပါ။ဘာလို့ hit ဖြစ်ရသလဲဆိုရိုးရှင်းပေမယ့်သာမန် concept တွေကကွဲထွက်တဲ့ formulation နဲ့သိသာတဲ့ result ကြောင့်လို့ပြောရမှာပါ။


skincare game ရဲ့ key point နှစ်ခုဖြစ်တဲ့ hydration + super gentle exfoliation concept နဲ့သွားတာဖြစ်လို့ multitasking ကောင်းကောင်းလုပ်ပေးနိုင်တဲ့ toner ပါ။


ဒီ toner မှာအဓိကထူးခြားတဲ့တစ်ချက်က exfoliation လို့ဆိုတဲ့နေရာမှာသာမာန် AHA နဲ့ BHA တွေကိုမသုံးပဲ protease ဆိုတဲ့ natural enzyme exfoliant ကိုသုံးထားတာဖြစ်လို့ super gentle ဖြစ်ပြီး super duper sensitive skin တွေကအစစိတ်ပူစရာမလိုပဲ daily သုံးနိုင်တာပါပဲ။


protease ကဘယ်လိုအလုပ်လုပ်သလဲဆို dead skin cells တွေရဲ့ protein bonds တွေကို break down လုပ်ကာ digesting method နဲ့အလုပ်လုပ်တာဖြစ်လို့အတော်လေးကို gentle ဖြစ်ပါတယ်။သာမာန် chemical exfoliant တွေဆို cellular bonds တွေထဲကို chemically dissolving method နဲ့အလုပ်လုပ်တာဖြစ်လို့တချို့အသားအရေတွေနဲ့ဆို irritation ရတာမျိုးရှိတတ်ပါတယ်။ but ဒီ protease exfoliant ကတော့လုံးဝမဖြစ်ပါဘူး။ super super sensitive skin အထိ safe to use daily ပါ။


8types of hyaluronic acid + daily super gentle exfoliation ကိုတွဲထားတာဖြစ်လို့သူတစ်မျိုးထဲနဲ့တင်ကို skincare game က perfect ဖြစ်နေပါပြီ။ texture ကလဲ watery ​texture လောက်ရှိပြီးလိမ်းလိုက်ရင်စိုစိုအိအိလေးဖြစ်သွားတယ်။ texture consistency ကလုံးဝမထူမပျစ်လို့လူးရတာသက်တောင့်သက်သာရှိတယ်။အနံ့အရောင်ဘာမှမပါပါဘူး။


သူ့ကိုလူးတဲ့နေရာမှာက dan" ကတော့လက်နဲ့ပဲမြန်မာလိုလူးပါတယ်။ cotton pad နဲ့ဆိုသူ့ရဲ့ watery texture  ကစိမ့်ဝင်ဖို့နည်းနည်းကြာပြီးဗြိစိစိဖြစ်လို့ပါ။ဒါပေမယ့် cotton pad ထဲရွှဲရွှဲလေးထည့်ပြီး toner pad mask လိုကပ်ရင်တော့ကောင်းပါတယ်။ လက်ထဲပဲထည့်လူးရတာဖြစ်လို့သူက treatment step တွေထဲကတစ်ခုဖြစ်တဲ့ essence လိုဖြစ်နေလို့အတော်ကိုအသုံးခံပါတယ်။ 


ဒါကိုသုံးရတာဘာတွေသိသိသာသာမြင်ရသလဲဆိုရင် အသားအရေကပိုပြီးစိုပြေတင်းရင်းလာတယ်, daily gentle exfoliate လုပ်ပေးနေတာကြောင့်ချွေးပေါက်ပိတ်တာတို့အဆီဖုဝက်ခြံထွက်တာတို့သိသိသာသာလျော့ကျတယ်, skin texture ကိုပိုပြီး smooth & bouncy ဖြစ်တယ်, pore care အတွက်ပါကောင်းလို့ချွေးပေါက်လေးတွေပိုစေ့လာတာခံစားရတယ် စတဲ့စတဲ့ skincare game ရဲ့ powerhouse action နှစ်ခုကပေးတဲ့အာနိသင်တွေအများကြီးကိုတစ်ဗူးထဲကနေရတာဖြစ်လို့ထိရောက်တဲ့ multifaceted toner ပါ။ဒါကြောင့်လဲ global hit ဖြစ်နေတာပါပဲ။


ချုံပြောရရင် skincare routine တစ်ခုမှာလိုအပ်တဲ့ hydration နဲ့ exfoliation ကိုတစ်ဗူးထဲကနေ dual action နဲ့အလုပ်လုပ်ပေးတဲ့နေ့တိုင်းသုံးလို့ရတဲ့ hydrator + super gentle exfoliator toner ဖြစ်လို့သူတစ်မျိုးထဲနဲ့တင်အတော်ကိုပြည့်စုံနေပါပြီ။ pH balanced & fungal acne ပါ safe ဖြစ်သေးလို့အတော်ကိုပြည့်စုံကောင်းမွန်တဲ့ toner ပါ။ size ကလဲ 155ml နဲ့ 300ml နှစ်မျိုးဖြစ်လို့အသေးကစစမ်းလို့ပါရပြန်ပါတယ်။


စာကြွင်း : chemical exfoliants များနှင့် retinoids များမှလွဲပြီးကျန်သော ingredient များအားလုံးနှင့်တွဲသုံး၍ရပါသည်။


ပစ္စည်းအားစတင်အသုံးပြုသောကာလ : 7 | 4 | 2025


🛒 : beautyholics


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 155ml & 300ml | 45.5k & 68k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | watery | hydrates & smooth

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + hydration > acne-prone > super gentle daily exfoliation > dull and rought skin texture > brightening


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : hyaluronic acid, portease, panthenol, 5-berry complex, betain, allantoin, beta-glucan


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #danstoner #dans_eqqualberry_swimming_pool_toner_review


 

Comments

Popular posts from this blog

dan's reject products