အဆီဖုနဲ့ pore clogged ဖြစ်ပြီးဖြစ်တဲ့ဝက်ခြံတွေတအားဆိုးနေရင်ဒီ spot treatment ကအမြန်ဆုံးသက်သာစေတဲ့ထဲကတစ်ခုပဲ။


BHA (salicylic acid) 2% ​ပါတာဖြစ်လို့ညှစ်ထုတ်မှရတဲ့အဆီဖုအဆီခဲမာမာတွေနဲ့ဝက်ခြံမာမာခဲခဲတွေကလွဲရင်တော်ရုံသာမန်အဆီဖုတို့ဝက်ခြံတို့ဆိုဒီနေ့ညတို့မနက်ဖြန်သက်သာတဲ့အထိကိုမြန်တယ်။


သူက 2 layer spot treatment ဖြစ်တာမလို့နားကြပ်တံဂွမ်းတံလေးနဲ့အောက်ခြေကအမှုန့်လေးကိုယူပြီးအမှုန့်နဲ့စိုသွားတဲ့အရည်လေးတွေကိုအဖုလေးတွေပေါ်တို့ရုံပဲ။ 2 layer ဖြစ်နေလို့ဆိုပြီး shake သုံးရတာမဟုတ်ဘူးနော်။မတော်တဆ 2 layer ကရောသွားရင်လဲခဏထောင်ထားရင်ပြန်လွှာစီပြန်ဖြစ်ပါတယ်။


ပြောရရင်အဆီဖုတို့ချွေးပေါက်ပိတ်ပြီးဖြစ်တဲ့ဝက်ခြံတို့ဖြစ်လွယ်ရင်ဒါလေးကတစ်ဗူးလောက်ရှိကိုရှိသင့်တဲ့ spot treatment ပဲ။ညဖက် moisturizer အပြီးမှာပဲအဖုပေါ်တို့ရတာမလို့တစ်ဗူးဆိုတော်တော်ကြာကြာလဲအသုံးခံ။


စာကြွင်း : open wound များပေါ်မတို့ရပါ။


ပစ္စည်းအားစတင်အသုံးပြုသောကာလ : 13 | 1 | 2025


🛒 : Snailwhite & Oxecure Myanmar မှာဝယ်လို့ရမှာဖြစ်ပြီး dan's diary page logo ပါတဲ့ပုံနဲ့ဝယ်ရင် 30% off ရမှာဖြစ်လို့ 20k ထဲနဲ့ရမှာပါ🫢


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 15ml | 29.5k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : alcohol | powdery | -

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 3-7 days

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : no, yes, no, yes, no

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + acne-prone > whitehead > pore clogged


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : alcohol, salicylic acid 2%, silica, niacinamide, zinc pca, green tea extract, shea butter, beeswax, kaolin


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansspottreatment #dans_oxecure_acne_clear_potion_review

Comments

Popular posts from this blog

dan's reject products