one of the best acne cream for red, angry, swollen, painful acne & pimples.

ဒီ lion pair acne cream ကရိုးရိုးရှင်းရှင်းလေးနဲ့အတော်ထိရောက်ပါတယ်။အထူးသဖြင့်ဆိုယောင်ပြီးနာနေတယ်ရဲနေတယ်မြုံနေတယ်ဆိုတဲ့အဖုကြီးကြီးတွေအတွက်အတော်ကိုကောင်းပါတယ်။


သူ့မှာအဓိကပါတာက ibuprofen piconol ဆိုတဲ့ pain killer 3% ပါပါတယ်။သူကအဓိကကတော့ NSAID ဖြစ်တဲ့အလျောက်ယောင်ယမ်းနီရဲပြီး angry ဖြစ်နေတဲ့ acne & pimples တွေကိုငြိမ်ကျစေတာပါ။ပြောရရင်သူက class 2 otc drug ပါပဲ။


သူ့ကိုကအဖုတိုင်းအတွက်တော့သုံးလို့မရပါဘူး။သူ့မှာလည်းတခြား spot treatment တွေလိုပဲအနာနဲ့ဆေးတည့်ဖို့ရာ limit ရှိပါတယ်။အပေါ်မှာပြောခဲ့သလိုပဲသူက red, angry, swollen & painful ဖြစ်နေတဲ့အဖုသေးအဖုကြီးတွေ hormonal acne ဂျပ်ခဲကြီးတွေအတွက်ရွေးချယ်စရာပါ။ SA တို့ BP တို့ retinoid တို့လိုအလုပ်မလုပ်လို့အဆီဖုတို့ pore clogged ဖြစ်လို့ဖြစ်တဲ့အဖုတွေတော့မသက်သာပါဘူး။


သူ့ရဲ့အဓိကအားသာချက်ကတော့ SA တို့ BP တို့ retinoid တို့လိုမဟုတ်တာဖြစ်လို့အဖုတို့တဲ့နေရာမှာအသားခြောက်တာတို့, လောင်တာတို့, ရဲတာမဲတာတို့, ကွက်တာတို့မဖြစ်တာပါပဲ။မနက်ရောညရောတို့လို့ရတယ်။ texture က light cream texture လေးဖြစ်ပြီးတို့တာကြာသွားရင်အကြည်လေးပြောင်းသွားတယ်။ဘာအနံ့မှလဲမပါသလို inci ကလဲဘာမှသတိထားစရာကိုမပါပါဘူး။


သူ့မှာအားနည်းချက် (သို့) သတိထားစရာတစ်ခုတော့ရှိပါတယ်။ဘာလဲဆိုသူ့ရဲ့ aluminium foil soft tube ကအရမ်း fragile ဖြစ်ပါတယ်။နည်းနည်းလေးမတော်တဆဖိမိရင်တောင်အဖုံးဖွင့်လိုက်ရင်ဗျစ်ခနဲအများကြီးထွက်လာတတ်ပါတယ်။ဆိုတော့မဖိမိအောင်သတိထားပြီးသိမ်းဆည်းဖို့လိုပါမယ်။


24g ကို 33k လောက်ဆိုတော့ pricey ဖြစ်တဲ့ spot treatment ထဲလဲမပါလို့တော်တော်လေးသုံးပျော်ပါတယ်။ 14g လဲရှိလို့အသေးပဲအရင်စမ်းလည်းရတယ်။ကျန်တာကတော့စာထဲရေးထားတာပြည့်စုံပြီဖြစ်သလိုအဖုကြီးသက်သာကြောင်းပုံလဲထည့်ပေးထားတာဖြစ်လို့သူ့အတွက် review ကလုံလောက်ပြီလို့ထင်ပါတယ်။ 


စာကြွင်း : moisturizer မဟုတ်သောကြောင့်မလိုအပ်ရင်တစ်မျက်နှာလုံးလိမ်းရန်မလိုပါ။


အတုရှိမရှိတော့မသိပေမယ့်ဒါက j beauty တွေ k beuaty တွေအစုံရတဲ့အသိအမဆိုင်ဖြစ်တဲ့ ကသွင်းတာပါ။အမခိုင်စီအပြင်သူ့စီကတစ်ဆင့်ပြန်ရောင်းတဲ့သူတွေစီကပါရပါလိမ့်မယ်။


ပစ္စည်းအားစတင်အသုံးပြုသောကာလ : 20 | 5 | 2025


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : none

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 24g | around 30k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | light cream | transparent gel

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + acne-prone > red, swollen & painful angry acne & pimples > hormonal acne


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : ibuprofen pinocol 3%


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansspottreatment #dans_lion_pair_acne_cream_w_review

Comments

Popular posts from this blog

dan's reject products