အမြဲလိိုလိုပူပြင်းနေတဲ့မြန်မာနိုင်ငံရာသီဥတုနဲ့ကိုက်ညီလွန်းပြီး sunscreen လိမ်းထားတယ်လို့မခံစားရတဲ့ matte finish နဲ့ ဖြူခြင်းပြာခြင်းထူခြင်းပူခြင်းအိုက်ခြင်းမရှိပဲအဆီပါထိန်းပေးတဲ့တစ်ခုတည်းထဲသော chemical type sunscreen🏆


မြန်မာနိုင်ငံကသူတွေနဲ့အကိုက်ညီဆုံး sunscreen (သို့) အဆီပြန်သမားတွေအကြိုက်ဆုံးဖြစ်မယ့် sunscreen လို့ကို dan" ကဒါကိုပြောချင်ပါတယ်။


neogen ရဲ့ဒီ day-light protection airy sunscreen ကလိမ်းလိုက်မှန်းကိုမသိသာတဲ့ feeling နဲ့အဆီပြန်တာမျိုးမဖြစ်တဲ့ matte finish ကြောင့်လူးမဝ chemical sunscreen ပါ။ moisturizer ခံလူးရင်တောင် semi-matte finish ကိုသူကပေးပါတယ်။


chemical sunscreen တွေကြားမှာသူ့လို finish မျိုးပေးနိုင်တဲ့ sunscreen မျိုး dan" နဲ့ထိတွေ့ဖူးတဲ့အမျိုးအစား 100 ကျော်အတွင်းမှာအခုချိန်ထိ dan" မမြင်ဖူးသေးပါဘူး။အရမ်းကို unique ဖြစ်ပါတယ်။


chemical sunscreen လိမ်းရတာစိုတယ်အဆီပြန်သလိုဖြစ်တယ်အိုက်တယ်ဆိုတဲ့ chemical sunscreen မှာရှိတတ်တဲ့သဘောသဘာဝတွေကိုလုံးဝပြောင်းပြန်လှန်ပစ်ပြီး အဆီပါထိန်းတဲ့ chemical sunscreen ပါပဲ။ 


normal > combination > oily > super oily တို့လုံးဝကိုအကြိုက်တွေ့မယ် sunscreen မျိုးဖြစ်ပြီးပေါ့ပါးတဲ့ lightweight lotion texture, လိမ်းရလွယ်ကူပြီးအေးမြတဲ့ texture, အဆီထိန်းတဲ့ matte finish တို့ကြောင့်အပူပိုင်းဒေသများပြီးအဆီပြန်တဲ့သူများတဲ့မြန်မာနိုင်ငံနဲ့ကွက်တိကျတဲ့ hidden gem လေးပါ။


alcohol နဲ့ artificial fragrance တို့လည်းမပါဝင်တဲ့အပြင် sunscreen တွေအများစုကမပေးနိုင်တဲ့ fungal acne safe ဆိုတဲ့အချက်ကိုလည်းသူကပေးပါတယ်။ acne-prone skin တွေလည်းကြိုက်နှစ်သက်မယ့် sunscreen ပါ။


ရှာကြံပြောရရင်အားနည်းချက်အနေနဲ့ orange နဲ့ lime essential oil တို့အနည်းငယ်ပါတာပါ။ဆိုတော့သူ့ကိုလိမ်းရင်ရတဲ့အနံ့က refreshing  ဖြစ်တဲ့ citrus scent ပါ။ citrus note မကြိုက်တဲ့သူတွေသတိထားလို့ရအောင်ပါ။ဒီနေရာမှာ oil ဆိုပြီးပါနေပေမယ့်ပါဝင်တဲ့ပမာဏတာနည်းလွန်းတာကြောင့် texture မှာပြောင်တာစိုတာမျိုးလုံးဝကိုမဖြစ်ပါဘူး။


ကျန်တာကတော့အကုန် perfect ပါ။ k beauty မှာ branding မြင့်တဲ့ neogen ကဖြစ်လို့ spf grading အတွက်လည်းစိတ်ချရသလို dan" လူးတဲ့တစ်လျှောက် eye sting ဖြစ်တာမျိုးလည်းမဖြစ်လို့အတော်ကိုလူးကောင်းလွန်းတဲ့ sunscreen ပါ။ gel cream moisturizer တစ်ခုလိမ်းတာထက်ပိုပေါ့ပါးတယ်လို့ကိုဆိုလို့ရပါတယ်။


ဈေးနှုန်းအားဖြင့် 50ml ကို 72k မလို့ဈေးများတယ်လို့ထင်ရပေမယ့်သူ့ရဲ့ branding နဲ့ပေးတဲ့သူမတူ unique ဖြစ်လွန်းတဲ့ finish ကြောင့်တကယ်ကို worthy ဖြစ်တဲ့ sunscreen ပါ။


နွေကစပြီးပူလာပြီဖြစ်လို့အခုလိုလိမ်းထားမှန်းကိုမခံစားရတဲ့ weightless chemical sunscreen လေးကတော်တော်များများနဲ့အံကိုက်ဖြစ်ပြီး dan" လိုပဲအရမ်းကိုကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။


🛒 : official ဖြစ်တဲ့ neogen myanmar နဲ့ mi mi korean cosmetics တို့မှာဝယ်လို့ရပါလိမ့်မယ်။ဒီနေ့ဆို 10% off ရှိတာမြင်မိလို့အခုဝယ်ရင်ပိုတန်ပါတယ်။


always trust the process ; clean and healthy skin will be yours.


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 50ml | 72k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | no

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : citrus | lightweight lotion | matte

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : after applying 30mins

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, no, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily + uv protection > oil control 


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : orange essential oils, lime essential oils, lavender essential oil, tea tree oil, aloe, rose, mugwort


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansuvprotection #danssunscreen #dans_neogen_daylight_protection_airy_sunscreen_review


 

Comments

Popular posts from this blog

dan's reject products