ဝက်ခြံထွက်တတ်ရင် spot patch ကရှိကိုရှိသင့်တဲ့ပစ္စည်းထဲကတစ်ခုပါ။
spot patch ကပ်ရင်ဘာကောင်းသလဲဆိုအဖုကိုပိုးထပ်မဝင်စေဘူး, ပြည်စုပ်ပေးတယ်, skin ကို damage အရမ်းမဖြစ်စေဘူး, အမာရွတ်ကြီးကြီးကျန်နိုင်ချေနည်းတယ်, ဖုန်နဲ့ပိုးမွှားတွေရန်ကကာကွယ်ပေးတယ်, အဖုကိုမြန်မြန်သက်သာစေတယ်, colour cosmetic တွေကြောင့်အဖုပိုဆိုးမှာစိတ်ပူစရာမလိုဘူး စတဲ့ကောင်းကျိုးတွေအများကြီးကိုရှိပါတယ်။
တော်တော်များများကဝက်ခြံထွက်ရင် spot treatment တိို့ရမှန်းသိကြပေမယ့် spot patch ကပ်ရမှန်းသိပ်မသိကြသေးဘူး။အဖုထွက်ရင်တစ်ထုပ်လောက်တော့ဆောင်ထားပြီးကပ်ကြည့်နော်။အဖုတွေဆိုတာ spot treatment နဲ့ spot patch ပေါင်းကုရင်ခဏလေးနဲ့ကိုပျောက်ပါတယ်။
တစ်ခါထဲဝယ်ရလွယ်ပြီးဈေးသက်သာတဲ့ spot patch လေးကိုပါပြောပြချင်ပါတယ်။ပုံထဲက yoon care က spot patch ပါ။သူက 8000 နဲ့ 33ခု တောင်ပါတဲ့အပြင်အလုပ်ကောင်းကောင်းလုပ်လို့အတော်ကိုအဆင်ပြေပြေပါ။ 8mm 12ခုနဲ့ 10mm 21 ခု, ပေါင်း 33 ခုပါလို့ကပ်ပါလိမ့်ပဲ။ပြည်လည်းတကယ်စုပ်သလိုကပ်အားလဲကောင်းတယ်။
တစ်ခုရှိတာကသူရေးထားသလို ultra-thin တော့မဟုတ်ဘူး။နည်းနည်းထူပါတယ်။ပြောရရင် medium လောက်ပါ။ကျန်တာကတော့ပြောစရာမလိုအောင်ကိုအဆင်ပြေလွန်းပါတယ်။ packaging ကအစသပ်ရပ်လွန်းသလိုဈေးလည်းသက်သာတာမလို့လူတိုင်းနဲ့အဆင်ပြေမယ့်ကောင်ပါ။
အသုံးပြုပုံ : မျက်နှာသစ်ရေခြောက်အောင်သုတ်ပြီးနောက် patch အားအနားများမတွန့်မခေါက်အောင်ခွာကာအဖုပေါ်ဖိကပ်ပြီးကျန်သော skincare step များအားစိတ်ကြိုက်ဆက်လူးနိုင်ပါပြီ။မနက်ရောညရောကပ်လို့ရပါတယ်။
🛒 : yoon skin
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : none
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 33pcs | 8k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | medium | skin-fit
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-6hrs
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + acne-prone > whitehead > pustules > papule > nodules
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : centella
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #dansspotpatch #dans_yooncare_centella_clear_spot_patch_review

Comments
Post a Comment