scinic : the simple relief water cream  {detailed review}



ဒီကောင်လေးကိုက dan" ငါးမျိုးထဲမှာဒုတိယမြောက်အကြိုက်ဆုံးပဲ။သူ့ရဲ့ပါတဲ့ပမာဏ, packaging, စျေးနှုန်းနဲ့ကအရမ်းကိုသက်သာလွန်းလို့ budget moisturizer တစ်ခုအနေနဲ့ပြေးမလွတ်ကြိုက်ကြမှာပါ။


texture ကအရမ်းကိုပေါ့ပါးတဲ့ gel cream လိုကျဲကျဲအေးအေးလေးဖြစ်လို့တော်တော်များများနှစ်သစ်ကြမယ့် moisturizer ပါ။လိမ်းရတာအရမ်းကိုသွက်ပြီးစိမ့်ဝင်တာကလည်းအရမ်းကိုမြန်တဲ့အပြင်လူးရတာအရမ်း comfort ဖြစ်ပါတယ်။


net content ကလည်း 80ml တောင်ပါတာဖြစ်လို့အတော်ကိုအသုံးခံတဲ့ moisturizer ထဲပါပါတယ်။ pricing ကလည်း packaging, branding နဲ့တင်တန်နေတဲ့ rate ဖြစ်တဲ့အပြင်ဈေးကလည်း 30k တောင်မပြည့်ပါဘူး။


ဒီ series မှာဒီတစ်ခုကထူးထူးခြားခြားအနေနဲ့ aloe မပါပါဘူး။ဒါကြောင့် aloe နဲ့လုံးဝမတည့်ဘူးသေချာသိတဲ့သူတွေအနေနဲ့ဒါကိုမျက်စိမှိတ်ရွေးချယ်လို့ရမှာပါ။


budget လည်းသက်သာ, brand လည်းကောင်း, လိမ်းရတာပေါ့ပါးပြီး lightweight ဖြစ်တဲ့ hydration ကိုပေးစွမ်းနိုင်တဲ့ moisturizer ကျဲကျဲအေးအေးလေးကိုရှာနေရင်ဒါက add to cart ပါပဲ။နောက်ပြီးနွေစာလေးထဲကတစ်ခုဆိုလည်းမမှားပါဘူး။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 80ml | 29.5k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | lightweight gel cream | hydrates

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily + hydration > sensitive > acne-prone


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : lotus, centella, panthenol


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansmoisturizer

#dans_scinic_the_simple_relief_water_cream_review

Comments

Popular posts from this blog

dan's reject products