scinic : hyal spicule 150 shot booster serum {detailed review}
သူက 2024 ရဲ့ viral concept ဖြစ်တဲ့အပ်ပုံစံနဲ့တူတဲ့ hydrolyzed sponge (spicules) လေးတွေကိုသုံးပြီးထုတ်ကြတဲ့ micro needling therapy in bottle ဆိုတဲ့ category အောက်ကကောင်ပါပဲ။
လိုတိုရှင်းပြောရရင်အဓိကကတော့ controlled micro injuries လေးတွေပေးပြီး product absorption rate ကို boost လုပ်ပေးတယ်, micro injuries လေးတွေကြောင့် collagen နဲ့ elastin တွေပိုထွက်လာလို့အသားအရေကပိုတင်းရင်းပြီး firming ဖြစ်လာတယ်, အသားအရေကပိုပြီး smooth & youthful ဖြစ်လာစေတာမျိုးပါ။
သူ့ရဲ့ shot က 150 ပဲပါတာမလို့အရမ်းကြီးမစူးဘူး။ beginner ဆိုရင်တော့နည်းနည်းလေး tingling sensation ပိုရနိုင်တယ်။ dan" ကအရှေ့မှာ 300 လောက်ထိလိမ်းဖူးတာမလို့ dan" အတွက်တော့သူကသိပ်မစူးဘူး။
နောက်ပြီးသူ့ကို booster လိုအနောက်က skincare product တွေရဲ့အာနိသင်ကို enhance လုပ်မယ်ဆိုသူ့ကိုအရင်လူးရပါတယ်။ကျဲရာကနေပျစ်ရာကလူးတယ်ဆိုတဲ့ rule ကိုပြောင်းရတယ်။
အဓိကကအားသာချက်ကတော့ဈေးအရမ်းသက်သာတဲ့ shot လို့ပြောရမှာပါ။ packaging ပိုင်းလျှော့ထားလို့ actual price ကအတော်လေးကိုတန်ပြီး performance နဲ့ကိုက်တယ်။ texture ကလဲ gel-like texture ဖြစ်တာကြောင့်လိမ်းရတာစိတ်မအိုက်ဘူး။ hydration လေးလည်းသင့်တယ်။
အကယ်၍ကိုယ်က shot concept ကိုစိတ်ဝင်စားလို့စစမ်းဖို့ပဲဖြစ်ဖြစ်, ကိုယ်လိမ်းနေတဲ့ skincare တွေရဲ့အာနိသင်ကိုပိုပြီးသိသာချင်လို့ဖြစ်ဖြစ်, skincare game ကိုပိုပြီး upgrade လုပ်ချင်လို့ဖြစ်ဖြစ်စိတ်ကူးနေရင်ဒီကောင်လေးကို routine ထဲထည့်သုံးကြည့်ကြည့်ပါ။ပြောင်းလဲမှူကိုပိုမြင်ရပါလိမ့်မယ်။
အသိပေးချက်နှင့်အသုံးပြုပုံ : shot ဖြစ်သောကြောင့်တခြား shot အားလုံးနှင့်နီးတူ beginner များအနေဖြင့်စလူးတဲ့အခါခပ်စူးစူးခံစားချက်ကိုရနိုင်ပြီးအဲတာဟာပုံမှန်ပါ။လိမ်းပြီးနီတာရဲစပ်ဖျဉ်းဖျဉ်းဖြစ်တာအရေပြားလေးတွေလဲတာသည်အစပိုင်းအတွက်ပုံမှန်ဖြစ်ပါတယ်။ shot ကို homecare device တွေ, retinol နဲ့ exfoliators တွေနဲ့တွဲမသုံးရပါ။ shot အနောက်မှ moisturizer ထူထူလိမ်းဖို့လိုပြီးနောက်ရက်မနက်တွင် alcohol-free ဖြစ်တဲ့ sunscreen ကိုသေချာလိမ်းပေးဖို့လိုပါသည်။စစသုံးမယ့်သူတွေအနေနဲ့ကညဘက် 3ရက်ခြားတစ်ကြိမ်ကနေ နှစ်ရက်ခြား တစ်ရက်ခြား ညတိုင်း အဲလိုတိုးတိုးပြီးသုံးသွားတာကပိုအဆင်ပြေပါတယ်။
ပစ္စည်းအားစတင်အသုံးပြုသောကာလ : 25 | 3 | 2025
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 50ml | 39.5k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | gel-like | hydrates
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4-8 weeka
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + pore care > slow aging > firming > brightening > boost skincare effects
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : spicules, apple, chestnut, hyaluronic acid, centella
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#danseas #dans_scinic_hyal_spicule_150_shot_booster_serum_review

Comments
Post a Comment