ဒီအနီလေးကတော့အဆီမှာပျော်ဝင်နိုင်တဲ့ salicylic acid အဓိကပါတဲ့ cleanser ဖြစ်လို့ oily acne-prone skin တွေ blackhead , whitehead, sebaceous filaments သမားတွေနဲ့အဖုမျိုးစုံထွက်တတ်တဲ့သူတွေအတွက်ပါ။


ဒီ cleanser မှာက SA က % တစ်ခုနဲ့မဖော်ပြထားလို့ဘယ်လောက်ပါသလဲဆိုတာတော့ dan" တို့မသိရပါဘူး။ခန့်မှန်းချေတော့အနည်းဆုံး 0.3-0.5% လောက်တော့အနည်းဆုံးပါမယ်လို့ထင်ရပါတယ်။


ဆက်ရရင်သူက cleansing power အတော်ကောင်းပါတယ်။ night cleanser အနေနဲ့အတော်လေးသစ်ဖို့အဆင်ပြေတယ်။မနက်ရောသစ်လို့မရဘူးလားဆိုရပါတယ် စက္ကန့်သုံးဆယ်လောက်ပဲသစ်ပါ။ညကတော့ပုံသေ 1မိနစ်ခွဲကနေ2မိနစ်သစ်ပါ။


သစ်ပြီးရင်လုံးဝပြောင်ပြီးသန့်သွားတယ်ဆိုတဲ့ခံစားချက်ရသလို SA based cleanser ဖြစ်တဲ့အလျှောက်သစ်ပြီးရင်တော့အသားနည်းနည်းခြောက်ပါတယ်။အရမ်းတော့မဟုတ်ပါဘူး။


ဆိုတော့သေချာပေါက် moisturizing ကောင်းတဲ့ moisturizer လိုက်လူးဖို့လိုကိုလိုပါတယ်။မနက်ဆိုရင်လည်း sunscreen ပမာဏပြည့်ပြည့်သေချာလူးဖို့လိုပါမယ်။သူ့ရဲ့ main task ဖြစ်တဲ့ cleansing အပိုင်းကိုသေချာတာဝန်ယူနိုင်လို့ဘာမှပြောစရာသိပ်မရှိပါဘူး။


နောက်ပြီး SA ရဲ့အာနိသင်ကိုသိသိသာသာခံစားရလားဆိုအများကြီးတော့မခံစားပါဘူး။ဒါပေမယ့် cleansing power ကောင်းတာမလို့ cleansing မနိုင်ရင်ထွက်တတ်တဲ့အဆီဖုတွေအဆီခဲမာမာတွေဝက်ခြံတွေတော့မထွက်လို့ dan" တော့ကြိုက်ပါတယ်။


ပြီးတဲ့အခါကျ essential oil free လည်းဖြစ်တာမလို့ essential oil တဲ့ oily acne-prone တွေလည်းမတည့်မှာပူစရာမလိုပါဘူး။​သူ့မှာ artificial fragrance တော့ပါပေမယ့် herb အနံ့ပျော့ပျော့လေးပဲပါပါတယ်။ 


foam texture ကလည်း dense foam type ဖြစ်လို့သစ်ရတာအတော်ကောင်းတယ်။ dan" က foam ဆို dense foam type နဲ့ creamy foam type တွေပဲကြိုက်ပါတယ်။ပွစိစိ texture တွေဆိုရင်တော့နည်းနည်းလက်ခံသစ်လို့ရပေမယ့်ပြဲစိစိ texture တွေဆိုရင်တော့လုံးဝမသစ်ဘူး။အရမ်းဂျေးထူပဲ။အဲလိုနဲ့ dan" စီမှာဖောက်ပြီး foam texture မကြိုက်လို့မသုံးတဲ့မျက်နှာသစ်ဆေးတွေဆိုအောတိုက်ပဲ။


product အကြောင်းပြန်ဆက်ရရင်ဒီ cleanser ကမြန်မာနိုင်ငံနဲ့အတော်ကိုက်တဲ့အပြင် acne-prone skin တို့အကြိုက်တွေ့မယ့် cleanser မလို့ price to performance ညီတဲ့ deep cleansing foam ရှာနေရင်ဒါလေးကထည့်စဉ်းစားသင့်တဲ့မျက်နှာသစ်ဆေးပါပဲ။


🛒 :  dr+banggiwon myanmar


always trust the process ; clean and healthy skin will be yours.


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 200ml | 22k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | no

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : mild herbal | dense foam | clean & fresh

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : oily > combination > normal + acne-prone > blackhead > whitehead > sebaceous filaments 


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : salicylic acid, guava, eggplant, aloe, jojoba oil, basil, turmeric


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။


#danscleanser #dansfacialfoam

#dans_drbanggiwon_acne_care_foaming_cleanser_review

Comments

Popular posts from this blog

dan's reject products