ဝက်ခြံထွက်ပြီးကျန်ခဲ့တဲ့အနီကွက် (PIE) အမဲကွက် (PIH) သက်သာချင်တဲ့သူတွေ၊ ဝက်ခြံထွက်လွယ်တဲ့သူတွေ၊ချွေးပေါက်လေးတွေကျဉ်းချင်တဲ့သူတွေ၊ skin ကို clear & bright ဖြစ်ချင်တဲ့သူတွေအတွက်ဒီ multifunction serum ကို 100% recommend ပါ။
နောက်တစ်မျိုးပြောရရင် the ordinary ရဲ့ nia + zinc အာနိသင်ကိုအမှီလိုက်နိုင်ပြီးသက်သာတဲ့ဈေးနှုန်းထဲကအစားထိုးဖို့ကောင်းတာရှာနေရင်ဒီ yoon skin ကဟာကို dan" ရွေးစေချင်ပါတယ်။ဘာလို့ရွေးစေချင်တာလဲဆိုတာ point လေးတွေနဲ့ပြောပြထားလို့ဖတ်ကြည့်လိုက်ရင်
သိသွားကြမှာပါ။
to ရဲ့ များစွာသော serum တွေထဲ legendary တစ်ခုဖြစ်တဲ့ nia 10% + zinc 1% concept ကိုက brand တော်တော်များများကလိုက်ထုတ်ကြတယ်။ဒါပေမယ့်ဘယ်သူမှခြေဖျားကိုမှီအောင်တောင်မထုတ်နိုင်ကြပါဘူး။
ဒီ yoon skin ရဲ့ဟာကတော့ korea ရဲ့နာမည်ကြီး manufacture ဖြစ်တဲ့ kolmar ကထုတ်ပေးထားတာဖြစ်လို့အတော်ကြီးကိုပွဲတိုးပါတယ်။ kolmar ဆိုတာဘာလဲဆိုအခု boj တို့ skin 1004 တို့ round lab တို့ကနာမည်ကြီးနေတဲ့ sunscreen တွေလို hit product တွေကိုထုတ်ပေးတဲ့ထုတ်လုပ်သူပါ။
ပေါပေါပဲပဲကောက်ထည့် formula နဲ့ပြောသမျှလက်ခံထုတ်ပေးတဲ့ထုတ်လုပ်သူမဟုတ်ပဲ branding နဲ့ quality ကိုပဲအဓိကဦးစားပေးတဲ့စက်ရုံကထုတ်လုပ်တာဖြစ်လို့ result ကတကယ်ကောင်းတာကိုငြင်းမရပါဘူး။ကောင်းတဲ့နေရာကလာတိုင်း hit ဖြစ်တာပေမယ့်ဒါကတော့ hit ပါ။
ဆိုတော့ဒီ ys ရဲ့ nia+zinc ကလည်းမူလပထမမူရင်းဖြစ်တဲ့ to ရဲ့ concept ကိုပဲမှီထားတာဖြစ်တာကြောင့် to နဲ့ယှဉ်ပြီး point လေးတွေ dan" ပြောပြပါမယ်။စာတော့နည်းနည်းရှည်မယ်နော်။
ပထမဆုံးက အဆီထိန်းအား : အဆီထိန်းအားက to ကတည့်တိုးရှင်းရှင်းလင်းလင်း formula နဲ့ဖြစ်လို့အဆီအရမ်းထိန်းပါတယ်။ဒါကကောင်းလည်းကောင်းသလိုမကောင်းလည်းမကောင်းပါဘူး။ moisturizer သေချာမလိုက်ရင် dehydrated ဖြစ်တာမျိုးဖြစ်တယ်ပေါ့။
ys ကတော့ hydration formula နဲ့သွားလို့ခြောက်ပြီးအဆီထိန်းတဲ့ type မဟုတ်ဘူး။အလည်ကျတဲ့အဆီပိုမပြန်စေတဲ့ type ပါ။ hydration သင့်တာမလို့ dry skin တွေကအစလူးလို့ရမယ့်အနေအထားပါ။
ဒုတိယက breakout controls : breakout ကိုထိန်းတဲ့နေရာမှာနှစ်ခုလုံးကတူတူလောက်သွားပါတယ်။ to ကပိုပြီး potent ဖြစ်လို့ပိုမြန်တယ်။ ys က gentle yet effective concept မလို့နည်းနည်းနှေးပါတယ်။
တတိယက texture နဲ့ scent : texture ကနှစ်ခုစလုံးက dropper ကညှစ်ချလိုက်ရင်နည်းနည်းပျစ်ချွဲချွဲပုံစံရှိကြတာချင်းတူပါတယ်။အဆီထိန်းနှုန်းမှာပြောခဲ့သလိုပဲ to ကလိမ်းပြီးရင်ပျောက်ပြီးအဆီထိန်းတဲ့ type ဖြစ်ပြီး ys ကတော့အဆီပိုမထွက်ထိန်းပြီး hydration ချန်တဲ့ type ပါ။အနံ့အနေနဲ့နှစ်ခုစလုံးမှာ artifical fragrance မပါလို့ ingredient ကရတဲ့အနံ့အနေနဲ့ဆို to ကနည်းနည်းအနံ့ပျော့ပျော့လေးပဲရှိပြီး ys ကပိုအနံ့ကင်းပါတယ်။
စတုတ္ထကတော့ post-acne marks clearing နဲ့ pore tightening : ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ post-acne marks လေးတွေဖြစ်တဲ့ PIE PIH ကိုနှစ်မျိုးစလုံးကသိသိသာသာသက်သာပါတယ်။ဒါပေမယ့် ys က hydration formula နဲ့သွားတာကြောင့် healing process ကိုပိုမြန်စေလို့သက်သာတာပိုမြန်ပါတယ်။ချွေးပေါက်ကိုကျဉ်းသယောင်ဖြစ်တယ်ခံစားရတာကလည်း hydration formula နဲ့သွားတဲ့ ys ကပိုသိသာပါတယ်။ to လည်းသိသာပေမယ့်သူက oil control formula နဲ့အဓိကသွားတာမလို့ဒီအပိုင်းကျနည်းနည်းလျော့တယ်။
ပဉ္စမကတော့ clean beauty : to ရော ys ရောနှစ်ခုစလုံးရဲ့ formula က clean beauty formula နဲ့ဖြစ်တာမလို့ zinc နဲ့တည့်ပြ်ိး nia 10% ကိုသာလက်ခံနိုင်ရင်စိတ်ပူစရာမလိုသလောက်ပါ။ ys ကတော့ပိုပျော့ပြီး dry skin / dry acne-prone နဲ့ sensitive တွေပါသုံးလို့ရတာကတော့သူ့အားသာချက်နောက်တစ်ခုလို့ဆိုရမှာပါ။
အားသာချက် vs အားနည်းချက် : to ရဲ့အားသာချက်က result မြန်တယ်၊အဆီအရမ်းထိန်းတယ်၊ multifunction ကောင်းကောင်းသွားနိုင်တယ်။အားနည်းချက်က potency မြင့်လို့တချို့သူတွေနဲ့မတည့်တာစပ်တာ၊ dry skin / dry acne-prone friendly မဖြစ်တာ၊ pilling ဖြစ်တတ်တာ၊ gel နဲ့တွဲလိုက်ရင်အရည်ပျော်တာ၊budget friendly မဖြစ်တော့တာတွေပါ။
ys ရဲ့အားသာချက်ကတော့ result က ဈေးသက်သာတယ်၊အဆီအသင့်အတင့်ထိန်းတယ်၊ moisturzing သင့်တယ်၊ multifunction ကောင်းကောင်းသွားနိုင်တယ်၊ pilling မဖြစ်ဘူး၊ gel နဲ့တွဲရင်အရည်ပျော်မကျဘူး။အားနည်းချက်တွေကတော့ to ထက် result နည်းနည်း result ပိုနှေးတယ်၊ hydration formula ကြောင့်နွေပူလာရင်ညပဲလိမ်းလို့ပိုပြေမယ် သို့ ပမာဏလျှော့လူးရနိုင်တာတွေပါ။
ချုံပြောရရင်နှစ်ခုစလုံးကကောင်းတယ်။သို့ပေမယ့်အခုလိုငွေဈေးတတ်နေတဲ့အချိန်မှာဈေးပိုသက်သာပြီး result သိပ်မကွာတဲ့ထဲကရွေးမယ်ဆို ys ပါပဲ။ to ထက်ပိုပြီး gentle ဖြစ်လို့ all skin types နဲ့တည့်နိုင်ချေပိုများပြီး balanced ပိုဖြစ်လို့အများစုနဲ့ပိုအဆင်ပြေမှာသေချာပါတယ်။
🛒 : yoon skin
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 30ml | 29.5k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | no
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | slimy | hydrated
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 2-4weeks
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : oily > combination > normal > dry + acne-prone > breakout controls > brightening > pore care > post-acne marks > PIE > PIH
𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬 : niacinamide 10%, zinc 1%, centella, ceramide np, tocopherol,
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #danseas #dans_yoonskin_niacinamide_10_percent_plus_zinc_1_percent_serum_review

Comments
Post a Comment