ပျောက်ဖို့အရမ်းကိုခေါင်းမာနေတဲ့ ဆားဝက်ခြံ, အဆီဖု, အဆီခဲ, အဆီမျှင်, ဝက်ခြံမျိုးစုံ နဲ့ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ PIE PIH တွေကိုအမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် holy grail multifaceted exfoliator ပါ။  


ဒီ oxecure ရဲ့ exfoliating toner က teaser တင်ခဲ့တုန်းကပြောခဲ့တဲ့ concerns တွေကို stage 3 လောက်နီးနီးရောက်နေတဲ့သူတွေကိုကအစသိသိသာသာသက်သာစေနိုင်တဲ့ efficacy မြင့်မားတဲ့ exfoliating toner အမျိုးအစားပါ။


product ရဲ့ main target ကိုကဆားဝက်ခြံ, အဆီဖု နဲ့ acne-prone တို့အတွက်အသားပေးထုတ်ထားတာဖြစ်လို့အာနိသင်ကတခြားသာမာန် exfoliator တွေထက်ထူးခြားပါတယ်။


ဒီမှာပါတဲ့ key ingredient နှစ်ခုကတော့ချွေးပေါက်ထဲထိဝင်ပြီးအဆီပိုနဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပြီး antibacterial properties ရှိတဲ့ BHA (salicylic acid) 2% maximum ကိုမှထပ်တိုးအနေနဲ့ AHA ရဲ့ gentler alternative ဖြစ်တဲ့ PHA ကိုပါ 4% ထပ်ပါတဲ့ toner ဖြစ်ပါတယ်။


toner လို့ဆိုပေမယ့်တကယ်တော့တခြားသော leave-on exfoliator တွေနီးတူ treatment step လိုပါပဲ။စသုံးမယ်ဆို ညဘက်5ရက်တစ်ကြိမ်ကနေစသုံးပြီးအဆင်ပြေတယ်ဆို 3ရက်တစ်ကြိမ်, တစ်ရက်ခြားတစ်ကြိမ်ကနေညတိုင်းအထိတိုးပြီးသုံးနိုင်ပါတယ်။


skin နဲ့အသားကျသွားရင်တစ်ရက်ခြားပုံမှန်သုံးတာကပိုကောင်းတဲ့ result ရလို့ skin ကလက်ခံနိုင်ပြီဆိုရင်အဲလိုပဲသုံးစေချင်ပါတယ်။ဒီနည်းက stage 3 လောက်နီးနီးထိရှိနေတဲ့ concerns ပိုင်ရှင်တွေကိုပါအမြန်ဆုံးသက်သာစေပါလိမ့်မယ်။ဥပမာဆို ဆားဝက်ခြံအရမ်းဆိုးနေတာ၊အဆီဖုဝက်ခြံတွေအရမ်းထွက်ပြီးဆိုးနေတာမျိုးပါ။


PAO ကလဲ 12လပါလို့တစ်ဘူးဝယ်အကြာကြီးအသုံးလဲခံတဲ့အပြင်ပေးရတဲ့ဈေးနဲ့တန်လွန်းတဲ့ result ကိုအချိန်တိုတွင်းသိသိသာသာမြင်ရလို့စိတ်ကျေနပ်မှုအပြည့်ရမှာပါ။နောက်ပြီးသူက pump packaging နဲ့ဖြစ်ပြီးပုံမှန် cleansing water ကို pump နဲ့ဆိုသိပ်သဘောမကျပေမယ့်သူကတော့ pump နဲ့လိုက်ဖက်တာကြောင့် waste မဖြစ်တာကိုလည်းသဘောကျပါတယ်။တစ်ခါသုံး 3-4 pumps ဆိုအတော်ပဲ။


ဒီ exfoliator ရဲ့သိသိသာသာသက်သာတဲ့ result တွေကိုပြောရရင် ဆားဝက်ခြံသက်သာတယ်၊ မြုံခဲပြီးဖုစိစိဖြစ်နေတဲ့အဆီဖုဝက်ခြံတွေသက်သာတယ်၊အသားအရေမညီတာညစ်တာသက်သာတယ်၊အသားအရေကချောမွေ့မှုမရှိပဲကြမ်းကြမ်းကြီးဖြစ်နေတာသက်သာတယ်၊ ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ အနီကွက် PIE အမဲကွက် PIH လေးတွေတဖြေးဖြေးမှိန်ပြီးသက်သာတဲ့အပြင်အသားကြည်ပြီးလင်းပါတယ်။ result ကမြန်လို့မြန်မြန်သက်သာချင်တဲ့သူတွေဆိုဝယ်ကိုသုံးသင့်တဲ့ star product ပါ။


သုံးလေသုံးလေ skin condition, texture, tone အကုန်သိသိသာသာတိုးတက်လာတာကိုမြင်ရမှာပါ။တခြားသော skincare product တွေရဲ့absorption rate ကိုပါ boost လုပ်ပေးနိုင်လို့ skin improvement ကိုတအံ့တဩကိုမြင်ရမှာပါ။


အသုံးပြုပုံ : double cleansing လုပ်ပြီးနောက်ရေခြောက်အောင်သုတ်ကာ cotton pad ထဲသို့ 3-4 pumps လောက်ထည့်ပြီးမျက်နှာအနှံ့မျက်လုံးတစ်ဝှိုက်နှင့်နှုတ်ခမ်းပေါ်အားရှောင်ကာတစ်မိနစ်ခန့်ညှင်သာစွာပွတ်ပေးပါ။တစ်မိနစ်ကျော်ပြီးတဲ့နောက် skin ပေါ်မှာကျန်ခဲ့သော product ရဲ့ thin film လေးအားစိမ့်ဝင်အောင်ပွတ်လူးပြီး moisturizer ထူထူလေးလူးပါ။


သူ့ကိုသုံးတဲ့ညမှာဘာမှထွေထွေထူးထူး active ingredient တွေနဲ့တွဲမလိမ်းပါနဲ့။ double cleansing > သူ > moisturizer ထူထူ ဒီလို step by step အတိုင်းသုံးတာကပိုကောင်းပါတယ်။နောက်နေ့မှာ moisturizer နဲ့ sunscreen ကိုပမာဏပြည့်ပြည့်ဝဝလိမ်းပေးဖို့လည်းမမေ့ပါနဲ့။


စာကြွင်း : exfoliator တို့သဘောသဘာဝအတိုင်း open wound လေးတွေရှိနေရင်စပ်တတ်ပါတယ်။နောက်ပြီးမြုံနေတာလေးတွေရှိရင်လည်း purging ဖြစ်မှာပါ။ potency မြင့်တဲ့ leave-on exfoliator ဖြစ်သောကြောင့် skin barrier ပျက်ဆီးနေရင်မသုံးသင့်သေးပါ။ဥပမာ- steroid ထိထားတာမျိုး။


🛒 :  oxecure & snail white myanmar


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 150ml | 56k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | no

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : acidic | water-like | clean & fresh

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : 4weeks above

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : normal > combination > oily + acne-prone > blackhead > whitehead > sebaceous filaments > PIE > PIH > brightening > uneven tone > rough skin texture


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : salicylic acid, gluconolactone, aloe, witch hazel, tea tree


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။  


#dansdiary #dansexfoliators #dans_oxecure_blackhead_clearing_bha_pha_toner_review

Comments

Popular posts from this blog

dan's reject products