pH balanced gel cleanser တွေထဲမှာဈေးအသက်သာဆုံးနဲ့ပေးရတဲ့ဈေးထက်ပိုတဲ့ performance ကိုပေးနိုင်တဲ့ cleanser ပါ။ 


gentle ဖြစ်သလို cleansing power လည်းမနည်းဘူး။ residue လည်းအများကြီးစိုအိချွဲနေအောင်မချန်တာမလို့ dry skin တွေအပြင် oily skin တွေပါ morning cleanser အနေနဲ့ပါသုံးဖို့အကြိုက်တွေ့မယ့်အနေအထားပါ။ super dry ဆိုရင်တော့ပိုစိုတာနဲ့မှပြေရင်တော့ဒါကိုမရွေးပါနဲ့။


သူ့ရဲ့ key ingredient က panthenol နဲ့ centella ဖြစ်တာမလို့အဆီဖုဝက်ခြံထွက်လွယ်တဲ့သူကနေ sensitive skin ပိုင်ရှင်တွေအထိပါသင့်တော်ပါတယ်။သို့သော် dan" တော့ cleansing နဲ့ pH balancing function အပြင် ingredient အာနိသင်ကိုတော့မခံစားမိပါဘူး။


သူ့မှာက pore clogged ဖြစ်တတ်ကြတဲ့ 50-50 ingredient တွေဖြစ်တဲ့ essential oil တို့ silicone တို့တွေလည်းမပါလို့ easily congested ဖြစ်တတ်တဲ့သူအများစုအတွက်လည်းအဆင်ပြေမှာပါ။


artificial fragrance တော့ပါပေမယ့် fruity အနံ့ပျော့ပျော့လေးမလို့အနှောက်အယှက်တော့မဖြစ်ပါဘူး။ dan" ပဲ fruity အနံ့ကြိုက်တာကြောင့်လည်းဖြစ်နိုင်တယ်။


ပြောရရင် gentle cleaner တစ်ခုကိုဈေးအရမ်းချိုချိုသာသာနဲ့ပမာဏများများရတာတကယ်ကိုကောင်းပါတယ်။အသားခြောက်တတ်သူပဲဖြစ်ဖြစ်၊ skin barrier ထိနေသူပဲဖြစ်ဖြစ်၊မနက်ခင်းမှာမျက်နှာသစ်ဆေးအပျော့လေးပဲသုံးချင်တဲ့သူဖြစ်ဖြစ် budget သက်သက်သာသာနဲ့ရွေးလို့ရသွားတယ်။


ညကလိမ်းထားတဲ့ skincare လောက်ပဲသန့်စင်ဖို့အတွက်နဲ့တစ်ညလုံး reset ကျနေတဲ့ skin ကို harsh ဖြစ်တဲ့ cleanser မျိုးတွေ deep cleaning foam တွေသုံးတာထက်ဒီလို pH-balanced gentle cleanser လေးတွေကိုသုံးတာက skin ကိုအတော်သက်ညှာပြီးဂရုစိုက်ရာကျပါတယ်။


ပြောရရင် pH-balanced cleanser တွေသဘောအရ deep cleansing foam တွေထက်ရေဆေးချရတာနည်းနည်းပိုကြာလို့လက်ဝင်ပေမယ့်လည်းကောင်းတော့အချိန်ပေးရကျိုးနပ်ပါတယ်။ dan" လည်းပျင်းပေမယ့်မနက်ဆို pH balanced cleanser တွေနဲ့ပဲအချိန်ပေးပြီးရအောင်သစ်ပါတယ်။


ဆိုတော့ကျန်တာကတော့သိပ်ပြောစရာကိုမရှိပါဘူး။သူ့ level တန်းမှာပေးရတာနဲ့တန်တာထက်ပိုတဲ့ performance ရှိတာမလို့ပေးရတာနဲ့မတန်မှာမျိုးမရှိလို့ဖတ်ပြီးဝယ်ရင်အရွေးမမှားနိုင်ပါဘူး။


🛒 : dr+banggiwon myanmar


always trust the process ; clean and healthy skin will be yours.


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M

•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 200ml | 22k

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : fruity | gel | soft & hydrated

•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 :  2-4 weeks

•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, no, no

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : dry > normal > combination > oily + pH balancing > dry & dehydrated > flaky > acne-prone > skin barrier repairing > dryness


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : centella, bifida, cypress


သတိပေးအကြံပြုချက် ။  ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။


#danscleanser #dansfacialfoam #dans_drbanggiwon_pH_balancing_cleansing_gel_review 

Comments

Popular posts from this blog

dan's reject products