မြန်မာနိုင်ငံမှာဝယ်လို့ရတဲ့အထဲအကောင်းဆုံး no.1 cleansing water / miceller water ဆို bioderma ရဲ့ sensibio ပါပဲ။
အကောင်းဆိုတဲ့အတိုင်းဈေးကလဲ market ထဲမှာအမြင့်ဆုံးပါ။သို့ပေမယ့်သူကမြန်မာနိုင်ငံတင်မကပဲ globally အရမ်းရောင်းရတဲ့ကောင်ပါ။ bioderma ရဲ့ star product လို့ကိုပြောလို့ရပါတယ်။
သူ့ရဲ့ unique ဖြစ်တဲ့ miceller technology နဲ့နူးညံ့တဲ့အထိအတွေ့ကြောင့် middle childhood အရွယ်ကနေစသုံးလို့ရတဲ့အပြင် super super sensitive skin တွေအထိသုံးလို့ရတာမလို့ 100 မှာ 99 ယောက်လောက်နဲ့တည့်နိုင်တဲ့ 1st cleanser အမျိုးအစားပါ။
ရိုးရှင်းလွန်းတဲ့ inci နဲ့ cleaning power လည်းကောင်းတဲ့အပြင်သုံးတဲ့အခါ moisture stripping ဖြစ်တာနဲ့ eye sting ဖြစ်တာမျိုးလုံးဝမရှိလို့ gentle and mild ဖြစ်တာကိုအသားပေါ်တင်သုံးလိုက်တာနဲ့တန်းသိနိုင်တဲ့ပစ္စည်းအမျိုးအစားဖြစ်လို့ dan" အထွေအထူးဘာမှမရေးတော့ပါဘူး။
အကောင်းဆုံးဆိုတာကိုပုံထဲကသုံးထားတဲ့ဗူးတွေကြိုဝယ်ထားတဲ့အသစ်ဗူးတွေကြည့်ရင်ကိုသိမှာပါ။အသစ်စမ်းရတာကြိုက်သူမလို့တော်ရုံဆိုဒုတိယတစ်ဗူးထပ်ဝယ်ဖို့နဲ့တတိယတစ်ဗူးအထိထပ်သုံးဖို့ဆိုတာအရမ်းကိုမလွယ်တာမလို့ဒါကို dan" total ဗူးကြီး 8ဗူး လောက်ထိသုံးတာမလို့ပြိုင်ဘက်ကင်းအကောင်းဆုံးဆိုတာထွေထွေထူးထူးပြောပြဖို့လိုမယ်ကိုမထင်ပါဘူး။
တစ်ခုရှိတာကနောက်ဆုံးဈေးက 60k ဝန်းကျင်ပါ။အခု pump packaging အသစ်ပြောင်းလို့သုံးရတာပိုဆန်းသွားလို့သဘောကျပေမယ့်ဈေးက 70k ဖြစ်သွားပါတယ်။ဆိုတော့အဲဈေးနဲ့သာဆိုရင်တော့ dan" အခုအသစ်ကြိုဝယ်ထားတဲ့ 5ဗူးကုန်ရင်ထပ်မဝယ်ပါဘူး။ abcderm 1 liter 60k ကိုပဲဝယ်သုံးပါတော့မယ်။ 1st cleanser အတွက် သူ့ inci အနေအထားနဲ့ကအတွက်ကအဲလောက်အထိပေးသုံးဖို့တော့တစ်စက်မှမတန်လို့ပါ။
ပစ္စည်းအားစတင်အသုံးပြုသောကာလ : 2022
{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
--------------------
•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 : 12M
•𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 500ml | 60k
•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : yes | yes
•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 | 𝐟𝐢𝐧𝐢𝐬𝐡 : none | water | clean & fresh
•𝐚𝐩𝐩𝐫𝐨𝐱𝐢𝐦𝐢𝐚𝐭𝐞 𝐭𝐢𝐦𝐞 𝐟𝐨𝐫 𝐯𝐢𝐬𝐢𝐛𝐥𝐞 𝐫𝐞𝐬𝐮𝐥𝐭𝐬 : instant
•𝐟𝐫𝐞𝐞 𝐟𝐫𝐨𝐦 𝐚𝐥𝐜𝐨𝐡𝐨𝐥, 𝐞𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐨𝐢𝐥, 𝐬𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐟𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐜𝐨𝐥𝐮𝐫𝐚𝐧𝐭𝐬 ? : yes, yes, yes, yes, yes
•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐤𝐢𝐧 𝐭𝐲𝐩𝐞𝐬 & 𝐬𝐤𝐢𝐧 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all skin types + cleansing
🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : cucumber, xylitol
သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။
#dansdiary #danscleansers #danscleansingwater #dans_bioderma_sensibio_h2o_miceller_water_makeup_remover_review

Comments
Post a Comment