ဒီနှစ်ခုက market ထဲမှာလူရွေးအများဆုံးပေါ့ပေါ့ပါးပါး daily wear ကြတဲ့ lip balm မကျ lipstick မကျလေးတွေလို့ပြောရမယ်။ 

ဒီနှစ်ခုကနှစ်မျိုးစလုံးတစ်မျိုးစီဆိုးရအဆင်ပြေပေမယ့် pros & cons လေးတွေတော့ရှိတယ်။ဒါကိုနည်းနည်းလေး dan" ရွေးလို့ရအောင်ပြောပြပါမယ်။


နှစ်ခုမှာတူတဲ့အချက်ကတော့နှစ်ခုစလုံးက colour cosmetic ဖက်ကိုပိုနွယ်တယ်။ lip balm လိုမျိုးအလုပ်သိပ်မလုပ်ဘူး။နောက်ပြီးအရောင်စွဲကြတယ်။နှစ်ခုစလုံးက unisex ရတယ်။နှုတ်ခမ်းမဲတာမျိုးလဲမဖြစ်ကြဘူး။ပြောကြသလိုနဂို lip tone ကိုပြောင်းပေးတာမျိူးမဟုတ်ပဲဆိုးထားတုံးပဲပန်းရောင်သမ်းစေတာချင်းလဲတူတယ်။


နှစ်ခုကိုနည်းနည်းယှဉ်ပြောရရင် healthy shop ကဆိုးလိုက်ရင်စိုစိုမဖြစ်ဘူး။အရောင်စွဲတယ်။ပါးပါးပဲဆိုးရင်ကိုရတယ်။အနံ့မပြင်းဘူး။ အားနည်းချက်ကတော့ဈေးအရမ်းတတ်လာပြီးအဆိုးသိပ်မခံဘူး။ portable သိပ်မဖြစ်ဘူးအပူချိန်ကိုသတိထားရတယ်။ packing ကသရုပ်ပျက်လွယ်တယ်။


elle ကကတော့ဆိုးလိုက်ရင် gloss လိုစိုစိုပြောင်ပြောင်လေးဖြစ်တယ်။အရောင်စွဲတယ်။အရမ်းကိုအဆိုးခံတယ်။ portable ဖြစ်တယ်။အားနည်းချက်တွေကတော့အရမ်းမွှေးလွန်းတယ်။ gel လို texture ဆိုတော့ tube ကနေညှစ်ဆိုးရင်အရမ်းသတိထားရတယ်။


ချုံပြောရရင်တော့ daily wear ကိုပါးပါးလေး unisex ဆိုးလို့ရတာအနေနဲ့နှစ်ခုစလုံးကအဆင်ပြေတယ်။နှစ်ခုစလုံးလဲကြိုက်တယ်။ဒါပေမယ့်ပြန်ပြီးချိန်ဆလိုက်ရင် budget အရ elle ကပိုတန်ပြီးအဆင်ပြေတယ်။တစ်ချောင်းဆိုမကုန်နိုင်ဘူး။ အဓိကအားသာချက်ကတော့အပူချိန်ကိုသတိထားစရာမလိုတာပဲ။ 


#dansdiary #danslipstick #danscomparison 

Comments

Popular posts from this blog

dan's reject products