jee herb : essence hair oil serum {detailed review} 


ဒါလေးက dan" ရဲ့ 2024 favorite product of the year ထဲကကောင်လေးပါ။သူကသုံးပြီးရင်ဆံသားကိုအတော်လေးကိုအိပြီးသွက်တယ်။ 


dan" ကဆံလုံးကြီးပြီးဆံသားကဆေးခဏခဏဆိုးထားတဲ့အရှိန်နဲ့ chemical damage ဖြစ်ပြီးကြမ်းပြီးခြောက်နေတဲ့ဆံသားမျိုးဖြစ်လို့သူ့ကိုလိမ်းလိုက်ရင်ဆံသားကအတော်လေးကိုသွက်ပြီးအိသွားတယ်။


moisture ကိုကောင်းကောင်းလေး seal လုပ်ပေးနိုင်တဲ့ hair serum ပါ။ကိုယ်ကဆံသားကကြမ်းတယ်ဖွာတယ်ညိတယ်မသွက်ဘူးဆိုဒါလေးကအတော်အဆင်ပြေမယ်။


နည်းနည်းလေးလိမ်းရင်ကိုအဆင်ပြေလို့ dan" သုံးလသုံးတာတောင်တစ်ဝက်ပဲကုန်ပါသေးတယ်။ဆံပင်မညှပ်ခင်ဆို dan" 2pumps နှုန်းနဲ့ဆံပင်ညှပ်လို့တိုသွားရင် 1 pump သုံးတယ်။အနံ့ကတော့သာမာန်ပဲ မွှေးနေတာမျိုးမဟုတ်သလိုအနံ့လည်းမစွဲဘူး။


silicone based ဖြစ်တာမလို့ low density, thin hair နဲ့ low porosity သမားတွေတော့သုံးလို့သိပ်အဆင်သင့်မှာမဟုတ်ပါဘူး။ကျန်တဲ့သူတွေတော့အဆင်ပြေကြလိမ့်မယ်။ scalp မှာ buildup မဖြစ်ချင်တဲ့သူတွေနဲ့ nourishment ကောင်းကောင်းလိုချင်တဲ့သူတွေအနေနဲ့ဆို silicone-free ထဲကရွေးတာပိုအဆင်ပြေပါလိမ့်မယ်။


ဒီ hair serum မှာအားနည်းချက်ကြီးကြီးတစ်ခုရှိပါတယ်။ဘာလဲဆိုအပြင်ကဘူးမှာ hair ကို hiar ဆိုပြီးရေးထားတာပါ။ dan" ပဲကိုတိကျမလို့လားမသိ အဲတာကစိတ်အနှောင့်အယှက်တော့ဖြစ်တယ်။


ချုံပြောရရင်လိမ်းလိုက်ရင်အတော်လေးအိပြီးသွက်သွားတာမလို့ဆံသားညိတဲ့သူတွေဆံသားကြမ်းပြီးဖွာတဲ့သူတွေဆံသားခြောက်အနည်းငယ်ခြောက်တဲ့သူတွေအကြိုက်တွေ့ကြမယ့် hair serum ပါ။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 : mild citrus | watery

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐩𝐨𝐫𝐨𝐬𝐢𝐭𝐲 : high > medium

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐝𝐞𝐧𝐬𝐢𝐭𝐲 : high > medium

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐡𝐢𝐜𝐤𝐧𝐞𝐬𝐬 : thick > medium

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐞𝐱𝐭𝐮𝐫𝐞 : all

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 𝐭𝐲𝐩𝐞𝐬 : all

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 | 𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 12M | 50ml | 38.5k

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 & 𝐡𝐚𝐢𝐫 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : all scalp types + dryness > frizz > dullness > split ends > chemical damage > heat damage


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : silicones, jojoba oil


သတိပေးအကြံပြုချက် ။  ။ hair care product များသည်ကိုယ့်ရဲ့ hair id ကိုသေချာသိသာမှသာကိုက်ညီတဲ့ပစ္စည်းတွေကိုရွေးနိုင်မှာဖြစ်တာကြောင့်ကိုယ့်ရဲ့ hair id ကိုသေချာ analyze လုပ်ပြီးမှ detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှသာကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။ 


hair care တွေသည် genetic, ingredient နှင့် brand formulation တွေအပေါ်မူတည်၍အာနိသင်ကွဲလွဲတွေရှိနိုင်သောကြောင့်မည်သည့် hair care product မဆိုအသုံးပြုနေစဉ်ကာလအတွင်းဆံပင်သိသိသာသာပိုကျွတ်လာခြင်းနဲ့ဦးရေပြားမူမမှန်ခြင်းတို့ဖြစ်ပေါ်လာပါကချက်ချင်းအသုံးပြုမှုကိုရပ်တန့်သင့်ပါသည်။


#danshairnscalpcare #danshairocs

#dans_jeeherb_essence_hair_oil_serum_review

Comments

Popular posts from this blog

dan's reject products