jee herb : bergamot butterfly pea shampoo {detailed review}


ရိုးရှင်းတဲ့ deep cleansing shampoo ပါ။ ဒီထဲမှာပါတဲ့ zinc pyrithone နဲ့ lactic acid (AHA) ကအဆီပြန်သက်သာဖို့နဲ့ဗောက်ထသက်သာဖို့အတွက်အတော်လေးအထောက်အကူပြုတာမလို့ oily scalp lovely ဖြစ်တဲ့ shampoo အမျိုးအစားပါ။


scalp ဦးစားပေး deep cleansing shampoo အမျိုးအစားဖြစ်တာကြောင့်သဘောသဘာဝအရလျှော်ပြီးသွားရင်ဆံသားကကြမ်းသွားတာမလို့နောက်ကနေ hair conditioner, hair mask နဲ့ hair serum, hair coat, hair oil လိုက်ပေးဖို့တော့လိုပါတယ်။


ဒီ shampoo ရဲ့အဓိက target ကအဆီပြန်ချွေးထွက်လွယ်စေးကပ်လွယ်ဗောက်ထလွယ်တဲ့ oily scalp တွေအတွက်ဖြစ်လို့ oily scalp တွေအကြိုက်တွေ့မယ့် shampoo မျိုးဖြစ်မှာပါ။အနံ့ကလည်းရိုးရိုး floral scent လေးနဲ့ပဲဖြစ်ပြီးအနံ့တော့မစွဲပါဘူး။


ဆံပင်ကျွတ်သက်သာတယ်လို့ပြောကြပေမယ့် cleansing မနိုင်တဲ့အကြောင်းအရင်းကြောင့်ဆံပင်ကျွတ်တာမျိုးမဟုတ်ဘူးဆိုဆံပင်ကျွတ်သက်သာမှာမဟုတ်ပါဘူး။ hair id post မှာပြောခဲ့သလိုပါပဲဆံပင်ကျွတ်တာကအကြောင်းအရင်းအများကြီးရှိတာကြောင့်ပါ။


deep cleansing shampoo ဖြစ်တာကြောင့် high porosity သမားတွေအနေနဲ့ scalp concern မရှိရင် after care မလိုက်နိုင်ရင်ဒီ shampoo ကိုမရွေးပါနဲ့။ဆံသားပိုပြီးကြမ်းခြောက်တာမျိုးဖြစ်နိုင်ပါတယ်။ဒီ shampoo မှာ dan" မကြိုက်တဲ့တစ်ချက်ရှိတယ်။ဘာလဲဆိုဘူးကစာသားတွေပျက်တာပါ။


ဆိုတော့အချုပ်ပြောရရင် oily scalp lovely ဖြစ်တဲ့ deep cleansing shampoo အမျိုးအစားဖြစ်လို့လာမယ့်နွေမှာအဆီပိုပြန်ချွေးပိုထွက်ဖုန်ပိုကပ်လို့ဦးရေပြားယားတာနဲ့ဆံပင်ကျွတ်တာတွေကိုသက်သာဖို့အထောက်အကူဖြစ်မယ့် shampoo ပါ။


နောက်ပြီးဒီ shampoo ထဲမှာက menthol လည်းမပါလို့ menthol နဲ့အဆင်မပြေတဲ့သူတွေပါအသုံးပြုနိုင်ပါတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 : floral | gel

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐩𝐨𝐫𝐨𝐬𝐢𝐭𝐲 :  low > medium > high

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐝𝐞𝐧𝐬𝐢𝐭𝐲 : low > medium > high

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐡𝐢𝐜𝐤𝐧𝐞𝐬𝐬 : low > medium > high

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐞𝐱𝐭𝐮𝐫𝐞 :  low > medium > high

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 𝐭𝐲𝐩𝐞𝐬 :  normal > oily > combination

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 | 𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 12M | 300ml | 29.5k

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 & 𝐡𝐚𝐢𝐫 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : deep cleansing > dandruff > hair loss + shiny hair


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : zinc pyrithone, lactic acid, bergamot, butterfly pea 


သတိပေးအကြံပြုချက် ။  ။ hair care product များသည်ကိုယ့်ရဲ့ hair id ကိုသေချာသိသာမှသာကိုက်ညီတဲ့ပစ္စည်းတွေကိုရွေးနိုင်မှာဖြစ်တာကြောင့်ကိုယ့်ရဲ့ hair id ကိုသေချာ analyze လုပ်ပြီးမှ detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှသာကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။ 


hair care တွေသည် genetic, ingredient နှင့် brand formulation တွေအပေါ်မူတည်၍အာနိသင်ကွဲလွဲတွေရှိနိုင်သောကြောင့်မည်သည့် hair care product မဆိုအသုံးပြုနေစဉ်ကာလအတွင်းဆံပင်သိသိသာသာပိုကျွတ်လာခြင်းနဲ့ဦးရေပြားမူမမှန်ခြင်းတို့ဖြစ်ပေါ်လာပါကချက်ချင်းအသုံးပြုမှုကိုရပ်တန့်သင့်ပါသည်။


#danshairnscalpcare #dansshampoo #dans_jeeherb_bergamot_butterflypea_shampoo_review

Comments

Popular posts from this blog

dan's reject products