jee herb : anti hair loss hair tonic {detailed review}


ဒါလေးကမြင်နေကျ hair tonic လိုမျိုးမဟုတ်ပဲ hair growth booster လို့ပြောလို့ရပါတယ်။သူ့ရဲ့ target က scalp ကိုပိုကျန်းမာစေပြီးဆံပင်ထွက်နှုန်းကိုတိုးစေတာပါ။ 


tonic လို့ဆိုပေမယ့်သူက alcohol based + menthol concept နဲ့မဟုတ်ပဲ အဆီထိန်းပြီးဦးရေပြားကိုပိုပြီးကျန်းမာအောင်လုပ်ပြီးဆံသားထွက်နှုန်းကိုတိုးစေတာမျိုးပါ။


ဒီ tonic ရဲ့ star ingredient နှစ်ခုက scalp barrier ကိုပိုပြီးကျန်းမာစေတဲ့ panthenol နဲ့ အဆီထိန်းပေးပြီးဗောက်ထတာနဲ့ယားယံတာတွေကိုသက်သာတဲ့ zinc pca ပါ။


oily scalp ကိုမှ scalp barrier မကောင်းလို့ဆံပင်တွေကျွတ်နေတယ်၊အဆီအရမ်းပြန်ပြီးဗောက်ထနေတဲ့သူတွေအတွက်အထူးသင့်တော်တယ်လို့ပြောလို့ရပါတယ်။


ဒီဟာက dan" သုံးနေတာသုံးဗူးမြောက်ဖြစ်တဲ့အလျှောက် hair growth ဖြစ်တဲ့နှုန်းကသာမာန်ထက် တစ်ဆလောက်ပိုမြန်လာတာကိုသိသိသာသာခံစားရတယ်။ dan" ပြောလို့လိုက်သုံးတဲ့သူငယ်ချင်းလည်းဆံပင်တွေပိုထွက်တယ်လို့ပြောတာမလို့ result ကသိသာတယ်လို့ပြောရမှာပါ။


ပထမတစ်ဗူးတုန်းကသိပ်ပြီးမခံစားမိပေမယ့်ဒုတိယတစ်ဗူးမှာစပြီးဆံပင်ပိုထွက်တယ်ဆိုတာနဲ့အဆီသိပ်မပြန်တော့တာဗောက်မထတော့ကိုပိုခံစားမိတယ်။ဆံပင်ကခါတိုင်းဆိုနှစ်လတစ်ခါညှပ်ပေမယ့်ဒါသုံးတဲ့လေးလအတွင်းမှာတစ်လတစ်ခါလောက်သွားညှပ်ရတာမလို့ dan" အတွက်တော့ result ကအတော်မြင်သာတဲ့အထဲပါတယ်။


သူက spray head နဲ့လို waste မဖြစ်ပဲ dropper နဲ့ scalp ပေါ်တိုက်ရိုက်သုံးရတာမလို့အတော်လေးကုန်တာနှေးသလိုပိုလည်းထိရောက်တယ်။ dan" dropper နဲ့ scalp treatment ကိုအခုမှသုံးဖူးလို့လားတော့မသိဘူးဒီ dropper နဲ့ concept ကိုအတော်သဘောကျမိတယ်။


ဆိုတော့ကိုယ်ကအဆီအရမ်းပြန်ပြီးဗောက်ထလွယ်နေတယ် scalp မလည်းမကျန်းမာဘူးလို့ခံစားရရင်ဒါလေးကိုစမ်းကြည့်စေချင်ပါတယ်။တစ်ဘူးကိုတစ်လကျော်လောက်ခံတာမလို့ဈေးနှုန်းနဲ့ကအတော်လေးသုံးပျော်ပါတယ်။


{𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}

--------------------

•𝐬𝐜𝐞𝐧𝐭 | 𝐭𝐞𝐱𝐭𝐮𝐫𝐞 : mild herbal | water

•𝐟𝐮𝐧𝐠𝐚𝐥 𝐚𝐜𝐧𝐞 𝐬𝐚𝐟𝐞 | 𝐩𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐬𝐚𝐟𝐞 : no | yes

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐩𝐨𝐫𝐨𝐬𝐢𝐭𝐲 : all

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐝𝐞𝐧𝐬𝐢𝐭𝐲 : all

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐡𝐢𝐜𝐤𝐧𝐞𝐬𝐬 : all

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐡𝐚𝐢𝐫 𝐭𝐞𝐱𝐭𝐮𝐫𝐞 :  all

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 𝐭𝐲𝐩𝐞𝐬 :  normal > oily > combination

•𝐩𝐞𝐫𝐢𝐨𝐝 𝐚𝐟𝐭𝐞𝐫 𝐨𝐩𝐞𝐧𝐢𝐧𝐠 | 𝐧𝐞𝐭 𝐜𝐨𝐧𝐭𝐞𝐧𝐭 | 𝐩𝐫𝐢𝐜𝐞 : 12M | 30ml | 22.5k

•𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐬𝐜𝐚𝐥𝐩 & 𝐡𝐚𝐢𝐫 𝐜𝐨𝐧𝐜𝐞𝐫𝐧𝐬 : oily scalp > hair loss > dandruff > scalp barrier strengthening


🚨𝐢𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭 𝐚𝐥𝐞𝐫𝐭𝐬🚨 : zinc pyrithone, 


သတိပေးအကြံပြုချက် ။  ။ hair care product များသည်ကိုယ့်ရဲ့ hair id ကိုသေချာသိသာမှသာကိုက်ညီတဲ့ပစ္စည်းတွေကိုရွေးနိုင်မှာဖြစ်တာကြောင့်ကိုယ့်ရဲ့ hair id ကိုသေချာ analyze လုပ်ပြီးမှ detailed review နှင့် ပါဝင်ပစ္စည်းများအားသေသေချာချာဖတ်ရှုလေ့လာပြီးမှသာကိုယ်တိုင်ဆုံးဖြတ်ကာဝယ်ယူသုံးစွဲပါရန်နှင့်ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။ 


hair care တွေသည် genetic, ingredient နှင့် brand formulation တွေအပေါ်မူတည်၍အာနိသင်ကွဲလွဲတွေရှိနိုင်သောကြောင့်မည်သည့် hair care product မဆိုအသုံးပြုနေစဉ်ကာလအတွင်းဆံပင်သိသိသာသာပိုကျွတ်လာခြင်းနဲ့ဦးရေပြားမူမမှန်ခြင်းတို့ဖြစ်ပေါ်လာပါကချက်ချင်းအသုံးပြုမှုကိုရပ်တန့်သင့်ပါသည်။


#danshairnscalpcare #dansscalptreatment #dans_jeeherb_hairloss_hair_tonic_review

Comments

Popular posts from this blog

dan's reject products